အာရွန်ဟစ်ကီကို ဘိုလော့နာဖက်က ရောင်းချလိုနေပြီး အာဆင်နယ်ဖက်က မကမ်းလှမ်းသေးဘူးလို့ဆို
အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီလို့ နာမည်ထွက်ထားခဲ့ပေမယ့် ဘိုလော့နာခံစစ်မှုး အာရွန်ဟစ်ကီအတွက် အာဆင်နယ်အသင်းဖက်ကကမ်းလှမ်းမှုတစုံတရာ မရှိသေးကြောင်း အီတလီသတင်းစာ Resto Del Carlino က ရေးသားဖော်ပြလာပါတယ်။ အီတလီကလပ် ဟာ နောက်ခံလူအတွက် သန်း ၂၀ ခန့်အလိုရှိနေပြီး ၊ အာဆင်နယ်အပြင် ဘရန်းဖို့ဒ်ကပါ ကြားဖြတ်ကြိုးစားလာကြောင်းရေးသားနေကြပါတယ်။
အာဆင်နယ်တိုးတက်လာနေတယ်လို့ ဆက်ဇနီပြော
အာဆင်နယ်အသင်းဟာ အာတီတာလက်အောက်မှာတိုးတက်လာနေကြောင်း ဂိုးသမားဟောင်း ဆက်ဇနီက အခုလိုပဲပြောကြားလာခဲ့ပါတယ်။
“ ဒီရာသီမှာ သူတို့ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်။ ဘယ်သူကမှ ထင်မှတ်မထားလောက်အောင်ကို ကောင်းခဲ့ကြတာပါ။ ရာသီကုန်ခါနီး ၂ ပွဲအထိ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆုံးသတ်ကတော့စိတ်ပျက်စရာဖြစ်ခဲ့တယ်။ အာတီတာရဲ့ အတွေးကို ကျွန်တော်မြင်ပါတယ်။ သူက လူငယ်အသင်းသစ်တစ်သင်းကိုတည်ဆောက်နေတာပါ “ ဆိုပြီး မှတ်ချက်ပြုလာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်မှာ အစီအစဥ်တစ်ခုခုရှိထားပြီးဖြစ်တယ်လို့ နာမည်ကျော်သတင်းစာရေးသားလာ
လာကာဇက်ရဲ့ တရားဝင်ထွက်ခွာသွားမှုကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဘုတ်အဖွဲ့ဟာ တစ်စုံတစ်ရာ အစီအစဥ်ဆွဲထားပြီးဖြစ်နိုင်ကြောင်း Express UK က ဖော်ပြလာပါတယ်။ လတ်တလောမှာ အဖြစ်နိုင်ဆုံးတိုက်စစ်မှုးဟာ ဂါဘရီယယ်ဂျေးဆူဖြစ်ပေမယ့် နာပိုလီရဲ့ အိုစီမန်ကိုလည်း ပစ်မှတ်ထားလာနိုင်ကြောင်း အဆိုပါသတင်းမှာ သုံးသပ်ထားပါတယ်။ သို့သော် ပေါင် ၅၅ သန်းဝန်းကျင်နဲ့သာ ကမ်းလှမ်းလိုနေတဲ့အတွက် အိုစီမန်အတွက်တော့ အလှမ်းဝေးတဲ့ပမာဏဖြစ်ပါတယ်။
အီဒူးကို နာမည်ထုတ်ဖော်ချီးကျူးလာတဲ့ ဆာအိုပေါ်လို အကြီးအကဲ
အာဆင်နယ်အသင်းရဲ့ လေးလေးစားစားလုပ်ဆောင်မှုအတွက် ကျေနပ်မိကြောင်း ဆာအိုပေါ်လို အသင်းရဲ့ ဥက္ကဌ ဘယ်မွန်တီက Gazeta Esportiva ကိုအခုလိုပဲပြောကြားလာခဲ့ပါတယ်။
“ ကျွန်တော်တို့နဲ့ အီဒူးကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေးတွေရှိပါတယ်။ သူက မာကွင်ဟို့စ်ကို အလွတ်နဲ့ခေါ်ယူဖို့နည်းလမ်းတွေကိုသိထားပြီးသားပါ။ ဒါပေမယ့် ငွေပေးချေပြီးခေါ်ယူခဲ့တယ်။ အကြောင်းကတော့ ဆာအိုပေါ်လိုနဲ့ကြားမှာ ဆက်ဆံရေးကောင်းတစ်ရပ်တည်ဆောက်ချင်တဲ့အတွက် ဖြစ်ပါတယ်။ ဒီလေးစားမှုမျိုးဟာ အေဂျက်အသင်းက လုပ်ဆောင်ခဲ့တဲ့ ပုံစံမျိုးလို့လဲပြောနိုင်ပါတယ် “ ဆိုပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။
စကာမန်ကာ ကိုကြိုးပမ်းမှု ပယ်ချခံရ
သတင်းထောက် အယ်ဖရီဒို ပီဒယ်လူ ရဲ့ ရေးသားတင်ပြချက်အရ အာဆင်နယ်အသင်းဟာ ဆက်ဆူအိုလိုတိုက်စစ်မှုး စကာမန်ကာကို ပေါင်သန်း ၄၀ နဲ့ ကြိုးစားခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ အရပ် ၆ပေ ၄ လက်မရှိတဲ့ အီတလီသားဟာ ပြည်တွင်းအသင်းကြီးတွေထံက ကမ်းလှမ်းမှုတွေကိုသာ စောင့်မျှော်နေတယ်လို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။
Thanks for reading our contents