ဘန်ဝှိုက်ဟာ နိုင်ငံအသင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်တဲ့ ကြိုးစားမှုမရှိခဲ့ဘူးလို့ ဝေဖန်ခဲ့တဲ့ အဘွန်လဟော်

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဖြစ်သူ အဘွန်လဟော်ဟာ မကြာသေးမီက အင်္ဂလန်လက်ရွေးစင်အသင်းမှာ အာဆင်နယ်ခံစစ်မှူး ဘန်ဝှိုက်ရွေးချယ်ခံရခြင်းဟာ အကောင်းပြချက်ကောင်းတစ်ခုမရှိပဲ အသင်းကြီးတစ်သင်းမှာ ကစားနေတဲ့သူဖြစ်တာကြောင့် ‌ဆောက်ဂိတ်ရဲ့ အသင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဝေဖန်လာခဲ့ပါတယ်။ 

 ဘန်ဝှိုက်ဟာ ‌အက်စ်တွန်ဗီလာကစားသမား တိုင်ရွန်မင်းစ်ကို ကျော်ဖြတ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့လူစာရင်းကနေ ပြန်လည် နှုတ်ထွက်ခဲ့ရပါတယ်။ 

တိုင်ရွန်မင်းစ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးခံစစ်မှူးတွေထဲက တစ်ဦးလို့ ဆိုနိုင်သူဖြစ်ပြီး အက်စ်တွန်ဗီလာနဲ့အတူ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း မင်းစ်ဟာ နိုင်ငံလက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရပဲသူ့အစား ဘန်ဝှိုက်ကိုသာ အင်္ဂလန်အသင်း‌မန်နေဂျာ ဆောက်ဂိတ်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီဆုံးဖြတ်ချက်အပေါ် ဘ၀င်မကျ ဖြစ်ခဲ့သူက အဘွန်လဟော်ပဲ ဖြစ်ပါတယ်။ကစားသမားဘ၀တစ်လျှောက်လုံး အက်စ်တွန်ဗီလာ အသင်းမှာ ကစားခဲ့သူ အဘွန်လဟော်က football Insiderနဲ့ တွေ့ဆုံမှုမှာတော့ သူ့ရဲ့ မကျေနပ်ချက်ကို ခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ 

ဘန်ဝှိုက်ဟာ တိုင်ရွန်မင်းစ်ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရတာဟာ ကျွန်တော့်အတွက်တော့ တကယ်ဘ၀င်မကျစရာပါပဲ။” 

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းက တကယ်ကို ဆိုးရွားခဲ့တာပါ။သူ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတာဟာ သူ့ရဲ့ခြေစွမ်းကြောင်းမဟုတ်ပဲ အသင်းကြီးတစ်သင်းမှာ ကစားနေလို့ပါ” 

အသင်းကြီးက ကစားသမားတွေကို ဦးစားပေးတဲ့ စနစ်ကာတကယ်ကို ရှိနေသေးတာပါပဲ” 

အဘွန်လဟောဟာ သူရဲ့ အသင်းဟောင်းက ကစားသမားကို ဆောက်ဂိတ်ဟာ လျစ်လျူရှုပြီး ဘန်ဝှိုက်ကို ရွေးချယ်ခဲ့တဲ့ အပေါ် မကျေမနပ်ဖြစ်နေတာကြောင့် ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အဘွန်လဟောရဲ့ မှတ်ချက်ဟာ သိပ်တော့ မျှတမှု မရှိပါဘူး ။  ဘာလို့လဲဆိုတော့ ဘန်ဝှိုက်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့တာ မှန်ပေမယ့် အာဆင်နယ်နဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းကောင်း ပြသနိုင်ခဲ့တာကို အက်စ်တွန်ဗီလာတိုက်စစ်မှူးဟောင်းကြီးဟာ လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: