နောက်ဆုံးရ အာဆင်နယ် သတင်းများ (3June)

အကောင်းဆုံးလူငယ်ကစားသမားစာရင်းထဲက အာဆင်နယ်လူငယ်များ

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆာကာနဲ့ စမစ်ရိုးတို့ နှစ်ဦးဟာ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံခဲ့ကြရပါတယ်။  ပြီးခဲ့တဲ့ဘောလုံးရာသီမှာ  သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ဟာ အလွန်မြင့်မားခဲ့ပြီး  လက်ရှိအသင်းရဲ့ ဒေါက်တိုင်တွေအဖြစ် သတ်မှတ်ခံထားကြရတာလဲဖြစ်ပါတယ်။ အဆိုပါလူငယ် ၂ ဦးဟာ အသင်းအတွက်   ၃၂ ဂိုး (ဆာကာ  ၁၉ ဂိုး ၊ စမစ်ရိုး  ၁၃ ဂိုး)  ထိရှိခဲ့ကြပြီး ၊ နှစ်ဦးစလုံးက ငယ်မွေးခြံပေါက်ကစားမားများဖြစ်ကြပါတယ်။

မာရီကို ကြိုက်ပေမယ့် ငွေမတတ်နိုင်တဲ့  အူဒီးနိစ်

အူဒီးနိစ်အသင်းဟာ  အာဆင်နယ်ကနေ အငှားနဲ့လာကစားနေတဲ့ မာရီကို ဆက်ခေါ်ထားချင်ပေမယ့်  အပြီးသတ်ခေါ်ယူဖို့ငွေကြေးမတတ်နိုင်တာကြောင့် အငှားနဲ့သာဆက်လက်ခေါ်ရဖွယ်ရှိကြောင်း  အီတလီသတင်းများကို ကိုးကားပြီး  Daily Cannon က ဖော်ပြလာပါတယ်။  အသက် ၂၈ နှစ်အရွယ်ဘရာဇီးသားဟာ  အူဒင်းမြို့မှာ   ၁၅ ပွဲကစား​၊  ၂ ဂိုးသွင်းတဲ့ ရလဒ်ကို ရရှိထားသူဖြစ်ပါတယ်။  အူဒီးနိစ်ဟာ မာရီအတွက် ပေါင်  ၄ သန်းခန့်သာသုံးနိုင်တယ်လို့  Il Gazzettino  က ဖော်ပြထားတာဖြစ်ပါတယ်။

ဂနာဘရီနဲ့ အာဆင်နယ်သတင်းကို ထပ်ပြောပြလာတဲ့ ခရစ်ရှန်ဖော့်

နာမည်ကျော် ဂျာမနီသတင်းထောက် ခရစ်ရှန်ဖော့် က အာဆင်နယ်တို့အနေနဲ့ ကစားသမားဟောင်း ဂနာဘရီကို  ဘိုင်ယန်မြုးနစ်ကနေ ခေါ်ယူနိုင်ဖွယ်ရှိပေမယ့် လာမယ့်ရာသီကုန်မှသာ ဖြစ်နိုင်ဖွယ်ရှိကြောင်းသိရပါတယ်။  သတင်းတွေရှိထားချိန်မှာ နာမည်ကျော် သတင်းထောက်တစ်ယောက်ရဲ့ မှတ်ချက်အဖြစ် ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ ဂနာဘရီဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုအသစ်ကို ယခုအချိန်ထိလက်မခံသေးပဲ အသင်းပြောင်းဖို့အလားအလာရှိနေတာဖြစ်ပြီး ၊  အာဆင်နယ်အပေါ်လဲ စိတ်မကုန်သေးကြောင်းရေးသားနေကြပါတယ်။

ပစ်မှတ်ကစားသမား ဇင်ချန်ကို ချီးကျူးမှုတွေဆက်တိုက်ရရှိနေ

Sky Sports ရဲ့တင်ဆက်သူတစ်ဦးဖြစ်တဲ့နည်းပြဟောင်း ဆောင်းနက်စ်ဟာ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ယူကရိန်းကစားသမား ဇင်ချန်ကို ကို ချီးကျူးလာပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းနဲ့ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းများအရ “ ပွဲကို အသက်သွင်းခဲ့တဲ့သူ “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ကွင်းလယ်လူအဖြစ် ညွန်းဆိုသွားခဲ့တာပါ။  ဇင်ချန်ကို  ကို အာတီတာက ပြန်လည်လက်တွဲနေတယ်ဆိုတဲ့သတင်းကိုတော့ပြီးခဲ့တဲ့အပတ်တုန်းက  Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဝင်းဂါးရုပ်ထု အမ်းမရိတ်မှာ ထားရှိမယ်

ဂန္တဝင်နည်းပြ အာဆင်ဝင်းဂါးရဲ့ ရုပ်တုကို  အမ်မရိတ်တွင်းရဲ့ ပြင်ပမှာ လေးခုမြောက်ရုပ်တု အဖြစ်ထားရှိသွားမှာဖြစ်တယ်လို့   Daily Mirror က ဖော်ပြလာပါတယ်။ လက်ရှိအချိန်မှာ  တိုနီအဒမ် ၊ အွန်နရီ နဲ့ ဘားကင့်တို့ရဲ့ ရုပ်တုတွေရှိနှင့်ထားပြီးဖြစ်ကာ  ဝင်းဂါးကိုပါ ဂုဏ်ပြုတဲ့အနေနဲ့ ယခုအစီအစဥ်ကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာအသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဝင်းဂါးဟာ   အာဆင်နယ်အသင်းနဲ့အတူ  ဆုတံဆိပ်ပေါင်း ၁၇ ခုအထိရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: