ကစားသမားသစ်ကြေငြာဖို့ အာဆင်နယ်ဘာတွေကြာနေသလဲ

အာဆင်နယ်ဟာ ဆော်ပိုလိုအသင်းရဲ့ တောင်ပံကစားသမား မာကွင်ဟိုကို အသင်းရဲ့ ကစားသမားသစ်အဖြစ် လာမယ့် ဆယ်ရက်အတွင်း ကြေညာဖို့ ရှိနေပါတယ်။ဒီအပြောင်းအရွှေ့အတွက် ကစားသမားနဲ့ရော ၊အသင်းနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီးပေမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်က ဇွန်လ ဆယ်ရက်နေ့မှာ စတင်မှာ ဖြစ်တာကြောင့် အပြီးသတ်စာချုပ် ချုပ်ဆိုဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

အပြောင်းအရွှေ့ကိစ္စအပြီးသတ်ပြီးချိန်မှာတော့ လာမယ့် ဆယ်ရက်အတွင်း အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားသစ်ကို ကြေညာဖို့ ရှိနေပါတယ် 

ဆော်ပေါ်လိုအနေနဲ့ မာကွင်ဟိုကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုပေမယ့် စာချုပ်ပါအချက်အလက်အမှားအယွင်းတစ်ခုကြောင့် ဒီနွေမှာ သူတို့ရဲ့ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ ရှိနေပါတယ်။ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဆော်‌ပိုလိုဟာ ခပ်မြန်မြန်ပဲ ခေါင်းညိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ 

မကြာသေးခင်က Globe Esports ဟာ မာကွင်ဟိုရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းအရာအပြည့်အစုံကို ရေးသားဖော်ပြလာခဲ့ပါတယ်။ 

ဆော်ပိုလိုဟာ သူတို့ရဲ့ ဘရာဇီးလူငယ်လေးကို စာချုပ်သက်တမ်းတိုးဖို့ အခါခါ ကြိုးစားခဲ့ပါတယ်။နောက်ဆုံးကြိုးစားခဲ့ချိန်က ပြီးခဲ့တဲ့မေလ သုံးရက်နေ့မှာဖြစ်ပါတယ်။ဆယ်ရက်အကြာမှာ‌တော့ အာဆင်နယ်ဟာ မာကွင်ဟိုကို ခေါ်ယူဖို့ ‌အကြိုသဘောတူညီမှု ရခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ 

အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ မပြုလုပ်သေးခင်မှာ မာကွင်ဟိုကို ဝူဗာဟန်တန်က ချဉ်းကပ်နေခဲ့တာ ဖြစ်ပြီး နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်အောင် ကစားသမားနဲ့ အကြိုသဘောတူညီမှုရယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ဒီအကြောင်းကို ဆော်ပိုလိုဆီ အာဆင်နယ်က အသိ‌ပေးခဲ့ပြီး မာကွင်ဟိုကို အခကြေးငွေနဲ့ ၀ယ်ယူမယ်ဆိုတဲ့ မက်လုံးနဲ့ ကစားသမားရဲ့ အသင်းကို ကမ်းလှမ်းခဲ့ပါတယ်။ 

အာဆင်နယ်အသင်းရဲ့ အကြောင်းကြားမှုကို ရခဲ့တဲ့ ဆော်ပိုလိုဟာ ကစားသမားကို စာချုပ်သက်တမ်းတိုးဖြို နောက်ဆုံးတစ်ခေါက်ထက်ကြိုးစားခဲ့သလို တစ်ဖက်မှာလည်း အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ 

အာဆင်နယ်အသင်းရဲ့ လုပ်ရပ်ကို ဝူဗာဟန်တန်က မကျေမနပ်ဖြစ်နေပြီး ဥပဒေအရ တိုင်ကြားနိုင်ဖို့ ကြိုးစားနေတယ်လို့ ဘရာဇီးလ်ဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အာဆင်နယ်အတွက်ကတော့ အလားအလာရှိတဲ့ လူငယ်ကစားသမားလေးကို ယူရို၃.၅သန်းနဲ့ရခဲ့တာဟာ တော်တော်လေးကို တန်တယ်လို့ ဆိုရမှာပါ။ဆော်ပိုလိုဘက်ကလည်း ရွေးချယ်စရာ မရှိတဲ့ အနေအထားဖြစ်တာကြောင့် ဒီဈေးနဲ့ ရောင်းချဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိခဲ့တာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: