နောက်ဆုံးရအာဆင်နယ်သတင်းများ (2June)

နီတိုကို နယူးကာဆယ်နဲ့အပြိုင်  စောင့်ကြည့်နေဆဲ အာဆင်နယ်

Goal Brasil  ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ  သူတို့ရဲ့ပစ်မှတ်ဟောင်း  နီတိုကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့သိရပါတယ်။  အဆိုပါ ဂိုးသမားကို  ရမ်းစ်ဒေလ်းမတိုင်ခင်က ကြိုးစားခဲ့ဖူးတယ်လို့ သတင်းများအရသိရပါတယ်။ လက်ရှိအနေအထားမှာ  နီတိုကို  နယူးကာဆယ်အသင်းကလည်း ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုနဲ့အတူကြိုးစားဖွယ်ရှိတယ် လို့သိရပါတယ်။

တော်ရဲရားကို အီတလီဖက်မှာ နှစ်သက်သူများပြားနေ

အီတလီမီဒီယာတစ်ခုဖြစ်တဲ့ Calciomercato ရဲ့ဖော်ပြချက်အရ စပိန်ကလပ်ဗလင်စီယာနည်းပြဖြစ်လာဖို့ရှိတဲ့ ဂတ်တူဆို ဟာ  တော်ရဲရားကိုနှစ်သက်သူတစ်ဦးဖြစ်တယ်လို့သိရပြီး အကယ်၍ သူသာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတယ်ဆိုပါက  ဥရုဂွေးသားကို ခေါ်ယူဖို့ကြိုးစားဖွယ်ရှိကြောင်းရေးသားလာပါတယ်။ အဆိုပါ ကွင်းလယ်လူကို  ပေါင် ၁၂.၈ သန်းပေးချေဖို့အတွက်  ဖီအိုရင်တီးနားဖက်က အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။

အာရွန်ဟစ်ကီကို ခေါ်ယူဖို့နီးစပ်နေကြောင်း သတင်းတွေမှာဆက်တိုက်ဖော်ပြနေကြ

ဘိုလော့နာမြို့အခြေစိုက်  1000 Couri Rossoblu ရဲ့လွန်ခဲ့တဲ့ တစ်လက ဖော်ပြချက်အရ အာရွန်ဟစ်ကီ ကို ကြိုးပမ်းမှုမှာ  ဂန်းနားတို့ဦးဆောင်နေတယ်လို့ နားလည်ရပြီး ၊  ယခုရက်ပိုင်းမှာလည်း  Gazzetta dello Sports က ပေါင် ၂၁.၃ သန်းနဲ့ခေါ်ယူနိုင်တော့မယ်လို့  ထပ်မံဖော်ပြလာပါတယ်။  ဟစ်ကီဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ နှုတ်ဆက်ပွဲလုပ်ဖို့ရှိနေကြောင်း ၄င်းသတင်းစာမှာ ရေးသားထားတာဖြစ်ပါတယ်။

အသင်းကြီးတွေကြိုက်နေကြတဲ့ ဘိုရိုပလေယာများ

မစ်ဒယ်ဘရော့အသင်းရဲ့ ကစားသမားအများစုကို ပရီးမီးယားလိဂ်ဖက်က သဘောကျနေကြပြီး  အာဆင်နယ် နဲ့ စပါအပါအဝင် အသင်းကြီးတွေဟာ  ဘိုရိုကစားသမား  ၅ ဦးအထိအပြိုင်ပစ်မှတ်ထားနေကြတယ်လို့ HITC က ရေးသားလာပါတယ်။  အီလိုရှာဂျုံးစ် (ယခင်ကတည်းကနာမည်ထွက်ထား ) အပါအဝင် နောက်ခံလူ  ဒေးဖရိုင် ၊   တိုက်စစ်ကစားသမား မားကပ်စ် တာဗာနီယာ ၊    ကွင်းလယ်လူ  မက်ခရွတ်  နဲ့   ပက်ဒီမက်နေး  တို့ကို ကိုယ်စီစောင့်ကြည့်နေကြတာဖြစ်ပါတယ်။

အန်ကတ်တီးယားကို  တရားဝင်မကြေငြာသေးလို့  အချို့အသင်းတွေသံယောဇဥ်မပြတ်ကြသေး

အန်ကတ်တီးယားနဲ့ အာဆင်နယ်တို့ သဘောတူညီမှုရရှိထားပြီဆိုတဲ့သတင်းတွေထွက်နေပေမယ့်  အသင်းအချို့ဟာ မျှော်လင့်ချက်ထားစောင့်ကြည့်နေကြဆဲဖြစ်တယ်လို့  သတင်းသမားအချို့ကရေးသားနေကြပါတယ်။  လိဒ်စ်အပါအဝင်  ပဲလေ့စ်တို့ကအသဲအသန်ခေါ်ယူဖို့ အားထုတ်ခဲ့ကြတဲ့  အဂ်လန်သားကို  အာတီတာဟာ နောက်ဆုံးမှာစည်းရုံးနိုင်ခဲ့ပြီး ဂန္တဝင်နံပါတ်တစ်ခုခုကိုပေးဖို့ အစီအစဥ်ရှိကြောင်းလဲသိရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: