အာတီတာ အလုပ်ကောင်းကောင်းလုပ်နေပါတယ် – မာ့ခ်လော်ရန်ဆန်

အရင်က လီဗာပူးလ်မှာ ကစားခဲ့ပြီး အခုအချိန်မှာတော့ ဘောလုံးဝေဖန်သုံးသပ်သူ လုပ်နေတဲ့ မာ့ခ်လောရင်ဆန် (လော်ရိုး) က နောက်ရာသီမှာ အာတီတာအနေနဲ့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အားကောင်းလာအောင် လုပ်ရမယ်လို့ ထောက်ပြခဲ့ပါတယ်။

 ”အာတီတာ လုပ်နေပါတယ်။ အူဘာမီယန်းကို ဘာစီလိုနာဆီ သွားခိုင်းလိုက်တာကိုပဲ ကြည့်ပါ။ အူဘာမီယန်းက ကစားသမားကောင်းပါ။ ဒါပေမယ့် အဝတ်လဲခန်းထဲမှာတော့ ကစားသမားကောင်းမဟုတ်ပါဘူး။ ခင်ဗျားမှာ အရည်အသွေးရှိတဲ့လူငယ်လေးတွေ ရှိနေရင် ဒီလိုကစားသမားမျိုးကို အဝတ်လဲခန်းထဲမှာ ဆက်မထားတာက ပိုကောင်းပါတယ်။ လီဗာပူးလ်ရဲ့ အဝတ်လဲခန်းကို ဂျိမ်းစ်မီလ်နာ၊ ဗန်ဒိုက်နဲ့ ဟန်ဒါဆန်တို့လို ကစားသမားတွေက Run နေတာပါ။ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ကွာခြားသွားတာ ဒါပါပဲ။

အာတေတာက လီဗာပူးလ်လိုမျိုးဖြစ်လာအောင် တဖြည်းဖြည်းချင်း ပြောင်းလဲနေပါတယ်။ ဒါကြောင့်လည်း ဘန်ဝိုက်၊ ရမ်စဒေး၊ အော်ဒီဂတ်တို့လို ကစားသမားတွေကို သန်း၁၄ဝလောက် သုံးပြီး ခေါ်ခဲ့တာပေါ့။ နောက်နှစ်မှာလည်း အာဆင်နယ်က ကစားသမားသစ်တွေကို အရည်အသွေးအပြင် ဒီလို စိတ်ဓာတ်ကောင်း ဦးဆောင်မှုကောင်းတဲ့ ကစားသမားတွေနဲ့ ဖြည့်ဆည်းရပါလိမ့်မယ် လို့ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

သူပြောသလိုပဲ အာတီတာကလည်း ဒီလိုကိစ္စရပ်တွေကို မတုန်လှုပ်ပဲကိုင်တွယ်နေကြောင်း အသင်းရဲ့ခေါင်းဆောင် အူဘာမီယန်းကို စာချုပ်ဖျက်သိမ်းပြီး အသင်းပြောင်းခွင့်ပြုလိုက်တာနဲ့တင် ပရိတ်သတ်တွေလည်း မြင်နိုင်ပါတယ်။ နောက်နှစ်မှာလည်း အဝတ်လဲခန်းထဲမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ကစားသမားတွေကိုဆက်ထိန်းသိမ်းထားမလားဆိုတာကိုတော့စောင့်ကြည့်ကြရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: