အီတလီမီဒီယာတွေရဲ့ ပုံဖော်မှုထဲက ဂါဘရီယယ်သတင်း

ဂျူဗင်တပ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဂါဘရီယယ်ကို ဒီနွေမှာ အာဆင်နယ်ဟာ ရောင်းချသွားဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂါဘရီယယ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က လိုင်လီကနေ အာဆင်နယ်ကို ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ အမ်းမရိတ်ကို စတင်ရောက်ရှိစဉ်ကတည်းက ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီမှာတော့ ဂါဘရီယယ်ဟာ အသင်းဖော် ဘန်ဝှိုက်နဲ့ တွဲဖက်ပြီး အာဆင်နယ်ရဲ့နောက်တန်းမှာ အတွဲညီညီ ခြေစွမ်းပြခဲ့သလို ၂၀၂၁-၂၂ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းယူမှုအများဆုံးပြုလုပ်ထားနိုင်တဲ့ ဗဟိုခံစစ်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်လည်း ရရှိခဲ့ပါတယ်။ 

ဂျူဗင်တပ်ဟာ ဂါဘရီယယ်ကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် ကစားသမားဘက်ကတော့ အီတလီထိပ်သီးကလပ်ကို စိတ်၀င်စားဟန်မရှိပဲ လန်ဒန်မှာပဲ ပျော်ရွှင်နေပုံပေါ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေကတော့ တကယ်ပဲ အမှန်ဆိုရင်တော့ အံ့ဩစရာပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဘာစီလိုနာနဲ့သတင်းထွက်စဥ်တုန်းက အာဆင်နယ်ဖက်က တိကျတဲ့ရပ်တည်မှုကို ပြသထားခဲ့ကြောင်း သတင်းတွေမှာဖတ်ရပါတယ်။ အီတလီမီဒီယာတွေဟာ သူတို့ဖြစ်စေချင်တဲ့အရာကို Portray လုပ်တတ်ကြသလား။

ဂျူဗင်တပ်ဟာ ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူကို ခေါ်ယူဖို့ အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်တဲ့ အာသာမယ်လိုနဲ့ အလိုက်ပေး သွားဖို့ စီစဉ်နေပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အာဆင်နယ်ဟာ အာသာမယ်လိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားအတွက် ဂျူဗင်တပ်တောင်းဆိုတဲ့ငွေကြေးပမာဏက များလွန်းနေတာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ 

အီတလီက လာတဲ့ သတင်းတွေအရ ဂျူဗင်တပ်ဟာ ဒီနွေမှာ ဗဟိုခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အာဆင်နယ်ဟာ သူတို့ရဲ့ နောက်ခံလူအတွက် ပြောင်းရွှေ့ကြေးပမာဏအများအပြားတောင်းဆိုလာနိုင်တာကိုလည်း သတိပြုမိတယ်လို့ ဆိုပါတယ်။(ဂါဘရီယယ်ရဲ့ တန်ကြေးဟာ ပေါင်သန်း၃၀ကနေ ၄၀အထိ ရှိနိုင်ပါတယ်) 

ဒါပေမယ့်လည်း အီတလီဘက်က လာတဲ့ သတင်းတွေ ဖြစ်တာကြောင့် ဒီသတင်းဟာ ဖြစ်နိုင်ချေတော့ နည်းပါတယ်။ဂါဘရီယယ်အနေနဲ့ အာဆင်နယ်မှာ အခြေကျ ပျော်ရွှင်နေသလို အာဆင်နယ်အနေနဲ့လည်း အာသာမယ်လိုကို ရဖို့အတွက် ဂျူဗင်တပ်ဆီ ဂါဘရီယယ်ကို ပေးလိုက်ဖို့ ဆန္ဒမရှိနိုင်ဘူးလို့ ယူဆရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: