နောက်ဆုံးရ အာဆင်နယ်သတင်းများ (30May)

စပိန်မီဒီယာတွေက  ဘယ်လာရင် စပိန်ပြန်အောင်တွန်းအားပေးနေတယ်လို့  ဗြိတိန်မီဒီယာရေးသား

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဘယ်လာရင်ဟာ ရီးရဲဘက်တစ်ဆီကိုသာပြန်သွားမှာဖြစ်ကြောင်း  စပိန်မီဒီယာတွေက ဇောင်းပေးရေးသားနေကြတယ်လို့  အဂ်လန်အခြေစိုက် Daily Cannon  က ဖော်ပြလာပါတယ်။  အဆိုပါကစားသမားဟာ လတ်တလောမှာ ဆုံးဖြတ်ဆဲအနေအထားဖြစ်ပြီး ၊ စာချုပ်အနေအထားအရတော့ အမ်းမရိတ်ကလပ်မှာပဲ ဆက်ရှိနေရမှာဖြစ်ပါတယ်။ သို့သော် ပြောင်းရွှေ့ကြေးညှိနှိုင်းနေတယ်ဆိုတဲ့အချက်ကိုလည်း  တွင်တွင်ကျယ်ကျယ်ရေးသားမှုတွေရှိနေတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် မဝင်ရင်လဲ အာတီတာကို ငွေထုတ်ပေးသွားမယ်

Give Me Sports ရဲ့ဖော်ပြချက်အရ  အာဆင်နယ်ပိုင်ရှင်များဟာ  အာတီတာကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး ၊​အပြောင်းအရွှေ့မှာ လှုပ်ရှားမှုအများဆုံးပြုလုပ်မယ့် အသင်းဖြစ်လာမှာ ဖြစ်ကြောင်းရေးသားလာခဲ့ပါတယ်။

“ အခြေအနေတွေကတော့  ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးထားပေမယ့်  ခရွန်ကီမိသားစုက ဆက်ပြီးပံ့ပိုးပေးနေဦးမှာပါ ..  ဝင်ငွေတော်တော်လေးလျော့သွားပေမယ့်   အာတီတာအနေနဲ့ အပြောင်းအရွှေ့မှာ ငွေသုံးနိုင်ပါလိမ့်မယ်.  ကျွန်တော့်အထင်တော့  အာဆင်နယ်တို့ ဟာ အသင်းကို အားဖြည့်ဖို့ တော်တော်လေးအလုပ်များကြမှာပါ “ ဆိုပြီးပြောဆိုလာခဲ့ပါတယ်။

နည်းပြလုပ်တော့မယ့်  ဆိုးကင်းဘဲလ်

အာဆင်နယ်​ဂန္တဝင်ကစားသမားဟောင်း ဆိုးလ်ကမ်းဘဲဟာ   လိဂ်တူး ကလပ် ဆွင်ဒန်တောင်းအသင်းကို နည်းပြအဖြစ်နဲ့ လုပ်ကိုင်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ကင်းဘဲဟာ  အဂ်လန်အနိမ့်တန်းတွေမှာ  နည်းပြအဖြစ် အတွေ့အကြုံအချို့ရှိထားသူဖြစ်ပြီး  ဆွင်ဒန်တောင်းကတော့ (အလုပ်လုပ်ဖြစ်ခဲ့ရင်) အဆင့်ပိုမြင့်တဲ့တာဝန်တစ်ရပ်ဖြစ်လာမှာပါ။  ဂန်းနားဟောင်းကြီးဟာ  ၂၀၁၁ ခုနှစ်မှာ ဘောလုံးလောက ကနေ အနားယူခဲ့ပါတယ်။

အာဆင်နယ်အသင်း ချန်ပီယံလိဂ်မဝင်လို့ စိတ်မကောင်းဟု  အူဘာမီယန်ပြော

အာဆင်နယ်တိုက်စစ်မှုးနဲ့အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းဟာ  အသင်းဟောင်းရဲ့ နောက်ဆုံးမိနစ် ခြေချော်မှုအပေါ် ဝမ်းနည်းကြောင်းပြောဆိုလာခဲ့ပါတယ်။  အူဘာမီယန်က   အာဆင်နယ်အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီဖြစ်ကြောင်း ၊   ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်လွဲခဲ့ရတဲ့အပေါ်မှာ ဝမ်းနည်းမိကြောင်း ၊​  ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်  ချန်ပီယံလိဂ်မှာ ပြန်ဆုံချင်ပေမယ့် မဖြစ်နိုင်တဲ့အပေါ်စိတ်မကောင်းဖြစ်မိကြောင်းထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။

ဂျေးဆူအကြောင်း မှတ်ချက်မပေးသေးတဲ့  နောက်ခံလူ ဂါဘရီယယ်

အာဆင်နယ်အသင်းနဲ့ နာမည်ထွက်နေတဲ့ ဂါဘရီယယ်ဂျေးဆူနဲ့ပတ်သတ်ပြီး  နောက်ခံလူ  မက်ဂါဟေးစ် (ဂါဘရီယယ်) ကို မေးမြန်းခဲ့ရာမှာ အခုလိုပဲဖြေကြားသွားခဲ့ပါတယ်။

“ ဒီအကြောင်းကို အဝတ်လဲခန်းမှာတော့ ဟာသလုပ်ပြီးပြောဆိုနေကျပါပဲ .. ဒါပေမယ့် တစုံတရာတော့ မထူးခြားသေးပါဘူး .. သူက အရည်အသွေးမြင့်ကစားသမားဖြစ်တာကြောင့် အသင်းကို ရောက်လာရင်တော့ အရမ်းပဲအကျိုးပြုပေးနိုင်မယ့်သဆိုတာ သေချာပါတယ် “  ဆိုပြီး  Football London ကို ပြောဆိုခဲ့ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: