အာတီတာကို နည်းစနစ်ပိုင်းကောင်းတယ် ၊ မကောင်းဘူး ဆိုပြီး အငြင်းပွားကြတယ် ၊ သံသယတွေ ရှိကြပေမယ့် လူဝယ်ယူမှုအပိုင်းမှာတော့ အာတီတာဟာ အတော်လေးကို မှန်ကန်မှုရှိခဲ့သူလို့ ယေဘူယျအားဖြင့်ဆိုနိုင်ပါတယ်။ အခုချိန်ထိ ခေါ်ယူမှုတွေကို ကြည့်ခဲ့ရင် Average နဲ့ Above Average မှာရှိပါတယ်။ ဒါကြောင့် အချို့က နည်းပြရာထူးအစား အားကစား ဒါရိုက်တာ အနေနဲ့ လုပ်သင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေလဲရှိပါတယ်။
Head Coach တစ်ယောက်အနေနဲ့ အစမ်းသပ်ခံနေဆဲ အာတီတာဟာ ပက် ရဲ့လက်အောက်မှာနေရင်း အဆင့်အတန်းတစ်ခုကိုတော့ ပြသပြီးဖြစ်ပါတယ်။ စီးတီးမှာရှိစဉ်တုန်းက ဒီးယက်စ် ၊ ရိုဒရီတို့ကို အသင်းရဲ့ ခံစစ်ပိုင်းအတွက် အုတ်မြစ်ချပေးခဲ့ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဆာနေး ၊ စတာလင်းတို့ကိုလည်းပိုပြီး ပြီးပြည့်စုံတဲ့ကစားသမားတွေ ဖြစ်စေခဲ့ခြင်းမှာ အာတီတာရဲ့ လက်ရာတွေမကင်းဘူးဆိုတာကတော့ အသေချာပါပဲ။
လက်ရှိမှာလည်း အာတီတာရဲ့ အာဆင်နယ်အသင်းအတွက် လူခေါ်ယူမှုပိုင်းတွေဟာ % အတော်အများ မှန်ကန်တိကျမှု ရှိတာကို တွေ့ရမှာပါ ။
အာတီတာကို ယုံကြည်တယ်ဆိုတာ ယိုယွင်းနေတဲ့ အသင်းကို ပြန်လည်တည့်မတ်ဖို့ဆိုတာ သူနဲ့အသင့်တော်ဆုံးလို့ ဆိုလိုတာပါ။ ဒါဟာ အရည်အချင်းပိုင်းဆိုင်ရာဆိုတာထက် Settlement ကာလတစ်ခုအတွက် 2nd Rated Manager တစ်ယောက်က ပိုသင့်တော်တဲ့သဘောပါ။ အာတီတာဟာ တချိန်ချိန်မှာထိပ်တန်းဖြစ်လာမယ်ဆိုရင်တောင် လက်ရှိကာလမှာတော့ Promising Level သာရှိပါသေးတယ်။

သို့သော်လည်း အာတီတာရဲ့ ပြန်လည်တည်ဆောက်ရေးကာလဟာ အခုလာမဲ့ရာသီဆို ကုန်ဆုံးပါပြီ ။ ဖြတ်သန်းခဲ့သမျှက လုံလောက်ပြီဖြစ်ပါတယ်။
ဒီနှစ်ကစလို့ အာတီတာကို လူဝယ်မှန်တယ် မှားခြင်းများထပ် နည်းစနစ်ပိုင်းနှင့် အသင်းရလဒ် ၊ အသင်း ကျရှုံးမှုများအပေါ် တိုက်ရိုက်ဝေဖန်ရတော့မှာ ဖြစ်ပါတယ် ။
လက်ရှိရာသီသစ်အတွက် အာတီတာဟာ ဦးဆုံးအနေနဲ့ အန်ကတ်တီးယား ကိုသက်တမ်းတိုးထားပါတယ် ။
အက်ဒီ နဲ့ပတ်သက်ပြီး အာတီတာဟာ ဆန်းဒါးလန်းနဲ့ ကာရာဘောင်းဖလားပွဲအပြီးမှာ Hat trick ရခဲ့တဲ့ နောက်မှာ
“ ကျွန်တော်က အက်ဒီ ကို အမြဲတမ်းအသင်းမှာ ဆက်ရှိစေချင်ခဲ့တာပါ “ ဆိုပြီးပြောခဲ့ပါတယ် ။
ဒါ့အပြင် ချ်လ်ဆီးနဲ့ ကစားခဲ့တဲ့ အဝေးကွင်းနိုင်ပွဲမှာလည်း အာတီတာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အသာရမှုဆိုတာထက် အန်ကတ်တီယာရဲ့ လုပ်အားနှုန်းပိုင်းဆိုင်ရာကောင်းမွန်မှု ၊ ပြိုင်ဖက်နောက်တန်းအပေါ်အကောင်းဆုံး ဖိအားပေးနိုင်မှုတွေကြောင့် သွင်းဂိုး ၂ ဂိုးရရှိခဲ့တာပါ ။ ပထမဂိုးမှာ ခရစ္စတန်ဆင်ကို ဖိအား ကောင်းကောင်းပေးနိုင်ခဲ့တာ သိသာပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အန်ကတ်တီးယားဟာ ဇူးမားအပေါ် အသားစီရမှုတွေအကြိမ်ကြိမ်ဖြစ်ခဲ့ပြီး ဖေဘီယန်းစကီးရဲ့ နေရာယူကောင်းမွန်မှုတွေနဲ့ လက်စွမ်းပြနေမှုကြောင့်သာဂိုးမရရှိခဲ့တာဖြစ်ပါတယ် ။
သူဟာ Box ထဲမှာ Movement ကောင်းမွန်စွာ ရွေ့လျားနိုင်တဲ့ ပင်ကိုယ်ပါရမီပါတဲ့ တိုက်စစ်မှူးပါ ။
တဖက်မှာလည်း လိုအပ်ချက်တွေများစွာရှိပါသေးတယ် ။ အထူးသဖြင့်တော့ လူကောင်အရမ်းသေးလွန်းတာပါ ။
ဒီအတွက်လည်း အာတီတာတို့ အုပ်ချုပ်ရေးဖက်မှာ အစီအစဉ်တွေရှိနေပုံပါ ။
လက်ရှိမှာတော့ အာတီတာဟာ အန်ကတ်တီးယား ကို စာချုပ်သက်တမ်းတိုးထားပါတယ် ။ စိတ်ဓါတ်ပိုင်းရော ၊ ခံယူချက်ရောမြင့်မားပြီး ၊ ငယ်စဉ်ဘဝကတည်းက အာဆင်နယ်ပရိတ်သတ်ဖြစ်လာခဲ့တဲ့ သူ့ အတွက်ကတော့ အသင်းက သူ့အပေါ်အလေးထားမှုကို မျက်ကွယ်ပြုမယ်လို့ မထင်ပါဘူး။
သူပိုကြိုးစားပါလိမ့်မယ် ။ ဝါးတပင်ဟာ အပင်ပေါက်ဖြ်စလာဖို့ မြေကြီးထဲ ၅နှစ်လောက်နေရတယ် ‘ လို့ဆိုပါတယ်။
အန်ကန်တီးယားဟာ အသက် ၂၃ နှစ်ရှိပါပြီ ၊ ၁၈နှစ်သားကတည်းက အငယ်တန်းမှာ ဂိုးရာချီသွင်းခဲ့တဲ့ ကလေးလေး တစ်ယောက် အရွယ်ရောက်ချိန်တန်ပါပြီ ။ ပရိတ်သတ်တစ်ယောက်အနေနဲ့ သူ့ကို ခေတ်သစ် အီယန်ရိုက်အမြန်ဖြစ်စေချင်ပါပြီ ။
ဒါ့အပြင် ဒီဆောင်းပါးဟာ သူ့ရဲ့မွေးနေ့အတွက် ဆုတောင်းရင်း ကိုယ်တွေလို ပရိတ်သတ်တွေအတွက်ပါ ဆုတောင်းရခြင်းဖြစ်ပါတယ်။