အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်နှစ်ဦး ထပ်ခေါ်သင့်သလား

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်ဟာ အူဘာမီယန်း၊ လာကာဇက်၊အန်ကက်တီးယားနဲ့ ဘာလိုဂန်ဆိုတဲ့ တိုက်စစ်မှူးလေးဦးနဲ့ ၂၀၂၁-၂၂ဘောလုံးရာသီကို ရင်ဆိုင်ခဲ့ကြပါတယ်။  

ပြီးခဲ့တဲ့ ဇန်နဝါရီမှာတော့ အူဘာမီယန်းက ဘာစီလိုနာကို ထွက်ခွာသွားခဲ့သလို ဘာလိုဂန်ကိုလည်း အာဆင်နယ်က အငှားချခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်ထိ ‌လာကာဇက်တီ၊အန်ကက်တီးယားဆိုတဲ့ တိုက်စစ်မှူးနှစ်ဦးတည်းနဲ့ အာဆင်နယ်ဟာ ရာသီကုန် ကန့်လန်ကာချချိန်ထိ နှစ်ပါးသွားခဲ့ရပါတယ်။ 

ဒီကစားသမားနှစ်ဦးစလုံးမှာ ဒီနွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး သူတို့ နှစ်ဦးစလုံး အသင်းကနေ သေချာပေါက်ထွက်ခွာတော့မယ်လို့ ယုံကြည်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အာတီတာဟာ အန်ကက်တီးယားကို အမ်းမရိတ်မှာ ဆက်နေဖို့ အံ့ဩဖွယ်  နားချနိုင်ခဲ့ပြီး စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လာကာဇက် တစ်ဦးတည်းကိုသာ ကျွန်တော်တို့ နှုတ်ဆက်ရဖို့ ရှိနေပါတယ်။ 

ဒါကြောင့် အာဆင်နယ်အနေနဲ့ အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူး  ဂျေးဆုကို ခေါ်ယူနိုင်ခဲရင် အသင်းမှာ ဆက်ရှိနေမယ့် အန်ကက်တီးယား ၊ အငှားထွက်ကစားရာကနေ ပြန်လာတဲ့  ဘာလိုဂန်နဲ့ဆို အထောင်တိုက်စစ်နေရာအတွက် တိုက်စစ်မှုးသုံးဦးအထိ ရှိနေပါပြီ။ ဒီလိုအခြေအနေမှာ အာဆင်နယ်အနေနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ဦး ထပ်ခေါ်သင့်ပါသေးလားဆိုတဲ့ မေးခွန်းတော့ ရှိနေပါတယ်။ 

အာဆင်နယ် expert ချားလ်ဝက်စ် ကတော့ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးအသစ်နှစ်ဦး သေချာပေါက်ခေါ်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။ 

အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်နှစ်ဦး ထပ်ခေါ်ယူတာဟာ အသင်းအတွက် အရမ်းကိုကောင်းတဲ့ အခွင့်အရေး တစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်။ဘာလို့လဲဆိုတော့ အသင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိလာပါလိမ့်မယ်။ ရာသီပြန်စတဲ့အခါ ယူရိုပါလိဂ် ပြိုင်ပွဲပါ ကစားရဖို့ ရှိနေတာကြောင့် လိုအပ်ချက်တွေ ပိုတောင်အများကြီး ရှိလာပါလိမ့်မယ်။ဒါကြောင့် တိုက်စစ်မှူးသစ်နှစ်ဦး ခေါ်ယူတာဟာ အသင်းအတွက် အရမ်းကို ကောင်းတဲ့ အခွင့်အရေး တစ်ခုဖြစ်လာမယ် လို့ ချားလ်ဝက်စ် က သူ့ရဲ့ ကိုယ်ပိုင် YouTube Channel မှာ ဆိုခဲ့ပါတယ်။ 

အာဆင်နယ်အနေနဲ့ ဂျေးဆုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အခြားတိုက်စစ်မှူး တစ်ဦး ထပ်ခေါ်မယ်ဆိုရင် ဘယ်သူဖြစ်မလဲဆိုတာ စိတ်၀င်စားစရာပါပဲ။ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ခဲ့တဲ့ တိုက်စစ်မှုးအိုစီမန်နဲ့ပတ်သတ်ပြီး နာမည်ကျော်သတင်းထောက် ဖေဘရီဇီယိုရိုမာနိုက အတိအလင်းငြင်းထားပေမယ့် ပါတေးတုန်းက သူ့ရဲ့ပြောဆိုချက်မှားခဲ့တာလည်းရှိပါတယ်။ သို့သော် သူ့ရဲ့အဆက်အသွယ်တွေက နေပယ်လ်ဖက်မှာတော့ အားကောင်းပါတယ်။

PSV တိုက်စစ်ကစားသမား ကိုဒီဂတ်ပိုဟာ အထောင်တိုက်စစ်အပြင် တောင်ပံမှာလည်း ကစားနိုင်တာကြောင့် ဂန်းနားတွေအတွက် အသုံး၀င်တဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို အာမ မခံပေးနိုင်ရင်တော့ PSVတိုက်စစ်မှူးကို အမ်းမရိတ်ဆီခေါ်ဆောင်ဖို့ ခက်ခဲမှာတော့ အသေအချာပါပဲ။

Advertisement

Leave a Reply

%d bloggers like this: