လက်ရွေးစင်အသင်းရဲ့ ပထမဦးစားပေးနေရာအတွက် ရမ်ဒေးလ်ဟာ သူ့ကို ခြိမ်းခြောက်နေပြီလို့ ၀န်ခံခဲ့တဲ့ ပစ်ဖို့ဒ်

လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဦးစားပေးဂိုးသမားဖြစ်သာ ပစ်ဖို့ဒ်က ရမ်ဒေးလ်ဟာ သူရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို ခြိမ်းခြောက်နေပြီလို့ ၀န်ခံလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်မှာ တန်းမဆင်းရဖို့ အသည်းအသန်ရုန်းကန်ခဲ့ရပေမယ့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကတော့ ပုံစံကောင်းတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ဒါကြောင့် ပစ်ဖို့ဒ်ဟာ ဆောက်ဂိတ်ရဲ့ ဦးစားပေးဂိုးသမား ဖြစ်နေဆဲလို့ ဆိုနိုင်ပါတယ်။ 

လက်ရှိမှာ ပစ်ဖို့ဒ်ရဲ့ လက်ရွေးစင်အသင်း နံပါတ်တစ်ဂိုးသမားနေရာကို အဓိက ခြိမ်းခြောက်နေတဲ့သူတွေကတော့ ဘန်လေဂိုးသမား နစ်ပုတ်နဲ့ အာဆင်နယ် ဂိုးသမား ရမ်ဒေးလ်တို့ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီမှာ ရမ်ဒေးလ်ဟာ အမ်းမရိတ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် မကြာမီမှာပဲ ဂန်းနားတွေရဲ့ ဦးစားပေးဂိုးသမားနေရာကို လီနိုဆီကနေ လုယူနိုင်ခဲ့ပါတယ်။အသင်းဟာလည်း ရမ်ဒေးလ် ပါ၀င်ခဲ့ပြီးတဲ့နောက် ပိုကောင်းတဲ့ ပုံစံတစ်ခုကို ပြသနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ရမ်ဒေးလ်ဟာ ကမ္ဘာဖလားခြေစစ်ပွဲတွေမှာလည်း ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ 

နောက်ထပ် နိုင်ငံတကာ ပွဲစဉ်တွေမတိုင်မီ Daily Mailနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ ပစ်ဖို့ဒ်က ခုလို ဆိုလာခဲ့ပါတယ်။ 

ကိုယ့်ကို ပြိုင်ဆိုင်ပြီး ကိုယ့်ရဲ့ နေရာကို လုယူနိုင်မယ့် ကစားသမားတွေက အမြဲတမ်းရှိနေတတ်ပါတယ်။ဒါကြောင့် စည်းဘောင်တွေကို ကျော်ဖြတ်ပြီး ကြိုးစားနေဖို့၊ဆက်တိုးတက်နေဖို့ လိုအပ်ပါတယ်။” 

ရမ်ဒေးလ်ဟာ ခုလိုမျိုး တိုးတက်လာနေတာ ၊ကြိုးစားနေတာဟာ ကျွန်တော့်အတွက် ပိုကောင်းပါတယ်။ဘာလို့လဲဆိုတော့ သူပိုပြီး ကောင်းလာလေလေ၊ ကျွန်တော်ကလည်း သူ့ထက်ပိုပိုပြီး ကောင်းအောင် ကြိုးစားရမှာ ဖြစ်လို့ပါ” 

နစ်ပုတ်၊ဟန်ဒါဆန်၊ရမ်ဒေးလ်နဲ့ ဂျွန်စတုန်းတို့က ကျွန်တော့်ရဲ့နေရာ ကိုလုယူဖို့အတွက် ပိုပြီးကြိုးစားလာကြသလို အမြဲ ခံစားရပါတယ်” 

မန်နေဂျာရဲ့ သစ္စာရှိမှုကို ကျွန်တော်တကယ်ပဲ အသိအမှတ်ပြုပါတယ်။ယူ၂၁မှာကလည်း သူနဲ့ ကျွန်တော် သိကျွမ်းခဲ့တာ ဖြစ်ပြီး စီနီယာအသင်းကြီးမှာ သူအလုပ်ခဲ့တော့လည်း ကျွန်တော် အဲ့ဒီမှာ ရှိနေခဲ့ပါတယ်။ဒါကြောင့် သူဟာ ကျွန်တော့်ကို ခင်တွယ်နေတာပါ” 

ရမ်ဒေးလ်ဟာ သူ့ရဲ့ လက်စွမ်းကို ဒီထက်ပိုပြီး တိုးတက်အောင် ကြိုးစားလာနိုင်မယ်ဆိုရင် ပိုပြီး ပစ်ဖို့ဒ်ရဲ့ လက်ရွေးစင်အသင်း နံပါတ်တစ် ဂိုးသမားနေရာကို လုယူနိုင်မှာ အမှန်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: