နာဗက်စ်နဲ့ တိုင်လီမန်းစ် တို့အနက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာပြောပြလာတဲ့ ကမ်းဘဲလ် 

ဂန်းနား‌ ဟောင်းကြီးတစ်ဦးဖြစ်တဲ့ ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ ဝူဗာဟန်တန်ကွင်းလယ်လူ ရူဗင်နာဗက်စ်နဲ့ လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ် တို့နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူခွင့်ရမယ်ဆိုရင် အာဆင်နယ်ရဲ့ ဦးစားပေးကစားသမားဟာ တိုင်လ်မန်းဖြစ်လိမ့်မယ်လို့ ဆိုလာခဲ့ပါတယ်။ 

ကစားသမားနှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ သူတို့ရဲ့ သက်ဆိုင်ရာကလပ်တွေအတွက် အသီးသီးခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ 

အာတီတာဟာ အသင်းရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့အတွက် နောက်ရာသီစတင်မီမှာ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ရှ်နေပါတယ်။ကမ်းဘဲလ်ကတော့ သူ့အလိုအရဆိုရင် အသင်းရဲ့ နည်းပါးလှတဲ့ လူစာရင်းကြောင့် ကစားသမား နှစ်ဦးစလုံးကို ခေါ်ယူစေချင်တယ်လို့ ၀န်ခံခဲ့ပါတယ်။ 

ဒါပေမယ့် ကစားသမားနှစ်ဦးထဲက တစ်ဦးကိုသာ ခေါ်ယူခွင့်ရှိမယ်ဆိုရင် သူ့ရဲ့ ရွေးချယ်မှုက တိုင်လီမန်းစ်ပဲ ဖြစ်လိမ့်မယ်လို့ ကမ်းဘဲလ်က ဆိုပါတယ်။တိုင်လ်မန်းကို ဘာလို့ ရွေးချယ်ချင်တာလဲဆိုတာကိုလည်း ကမ်းဘဲလ်က ခုလိုမျိုး ရှင်းပြလာခဲ့တယ်။ 

ကျွန်တော်တို့ ကွင်းလယ်မှာ ပြိုင်ဆိုင်မှုတွေ ပိုလိုအပ်ပါတယ်၊ပြီးတော့ ကွင်းလယ်က သွင်းဂိုးတွေကို လိုအပ်ပါတယ်” 

တိုင်လီမန်းစ် က ဂိုးတွေ သွင်းယူနိုင်ပါတယ်။သူဟာ သွင်းဂိုးတွေ ဖန်တီးနိုင်စွမ်းရှိပြီး ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။သူဟာ ဂိုးဧရိယာအပြင်က ဖြစ်ဖြစ်၊၁၈ကိုက်စည်းထဲကနေပဲ ဖြစ်ဖြစ် ဂိုးသွင်းနိုင်ပြီး ပြိုင်ဘက်အတွက် အန္တရာယ်များတဲ့ ကစားသမားဖြစ်ပါတယ်” 

အာဆင်နယ်မှာ လိုအပ်နေတဲ့အရာတွေ အများကြီးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ သူတို့နှစ်ယောက်လုံး(ရူဗင်နာဗက်စ်နဲ့တိုင်လီမန်းစ်)ကို ကျွန်တော်လိုချင်ပါတယ်။ဒါပေမယ့် တစ်ယောက်ကိုပဲ ရွေးချယ်ရမယ်ဆိုရင် တိုင်လ်မန်းက အာဆင်နယ်ဦးစားပေးမယ်ကစားသမားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” 

ကွင်းလယ်က‌နေ ဂိုးတွေသွင်းယူနိုင်တာဟာ ကျွန်တော်တို့အတွက် အရမ်းကို ကြီးမားတဲ့ အထောက်အပံ့ဖြစ်မှာပါ။ ဒါဟာ သော့ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ သူသာ အာဆင်နယ်ကို ရောက်လာရင် ခုထက် ဂိုးနှစ်ဆလောက် ပိုသွင်းနိုင်မှာပါ။ တစ်ရာသီမှာ (ကွင်းလယ်ကနေ)သွင်းဂိုး၁၀ဂိုးလောက်အပိုရနိုင်ရင် အသင်းအတွက် ကြီးမားတဲ့ ခြားနားမှုတစ်ခုကို ပြုလုပ်နိုင်မှာပါ 

လောလောဆည်တော့ အာဆင်နယ်ဟာ တိုင်လီမန်းစ်ကို ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ရူဗင်နာဗက်စ်ကတော့ ဘာစီလိုနာနဲ့ သတင်းတွေထွက်နေပါတယ်။ 

အာဆင်နယ်ဟာ တိုင်လီမန်းစ်ကို အရင်ဆုံး ကမ်းလှမ်းမှု လုပ်ထားခဲ့တာကြောင့် လက်စတာကွင်းလယ်လူဟာ အာတီတာရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေသလားဆိုတာ တွေးစရာပါပဲ။ဘာပဲ ဖြစ်ဖြစ် အချိန်ကျလာမှသာ ဘယ်သယ တကယ်ရောက်လာမလဲ၊ဘယ်ကစားသမားက အာတီတာရဲ့ စိတ်ကြိုက်ကွင်းလယ်လူလဲဆိုတာ သိရမှာပါ။

Advertisement

Leave a Reply

%d bloggers like this: