အခုလူစာရင်းနဲ့ ချန်ပီယံလိဂ်သွားကန်ရင် ဘာဖြစ်နိုင်မလဲ

ဘောလုံးရာသီရဲ့ အချိန်အချို့မှာ အာဆင်နယ်အသင်းဟာ အံ့သြစရာကောင်းတဲ့ အစွမ်းတွေကို ပြသခဲ့ပါတယ်။ ထိုအချိန်တွေကို  ကျွန်တော်တို့တွေဟာ အတူတူဖြတ်သန်းခဲ့ကြပါတယ်။ အသင်းကလဲ တဖြေးဖြေးနဲ့ အရှိန်ရလာတာကနေ  ချန်ပီယံလိဂ်ဝင်တော့မယ့် ပုံပါပဲ။  ခန်မှန်းချက်တွေ ၊ မဖြစ်နိုင်ဘူးဆိုတဲ့မှတ်ချက်တွေ ..  အရာအားလုံးကို လှန်ချတော့မယ်ပေါ့။  ပွဲပြီးဖို့ကလဲ  ၃ ပွဲပဲကျန်တော့တယ်။   အခြေအနေက အရမ်းကောင်းနေပြီ။ အဲ့ဒီနောက်တော့ အာဆင်နယ်ဟာ သူ့နေရာသူပြန်ရောက်သွားခဲ့ပါတော့တယ်။

စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲဟာ ဒီရာသီအတွက်  အခန်းနားဆုံးပွဲပါပဲ။  မြို့ခံပြိုင်ဖက်နှစ်ယောက်က တူညီတဲ့ ဦးတည်ချက်နဲ့ကစားကြတယ်။ သူတို့ရဲ့အနီးဆုံးမှာကလည်း နောက်ထပ်လန်ဒန်တစ်သင်း။   ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတာ အသာထားဦး။ နိုင်ပွဲကတင် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။

ထားတော့ .. အသင်းရဲ့လူစာရင်းကို ပြန်ကြည့်ကြပါစို့။ သူတို့ဟာ ကောင်းအောင်ကစားနိုင်ခဲ့တယ်ဆိုရင်တောင် ၊ ဝင်ခွင့်ရခဲ့တယ်ဆိုရင်တောင်  ချန်ပီယံလိဂ်အဆင့်မှာရှီနေရဲ့လားဆိုတာပြန်ကြည့်ရအောင်။ ဥရောပဆိုတာ အဂ်လိပ်တွေနဲ့ ကစားရသလို မဟုတ်ပါဘူး။  ဒီလူငယ်တွေက တကယ်ပဲ အဆင်သင့်ဖြစ်နေကြပြီလား။

အကောင်းဆုံးအချိန်ဖြစ်တဲ့  The Invincibles တွေနဲ့တုန်းကတောင် အာဆင်နယ်ဟာ ဥရောပမှာ ဗိုလ်မစွဲနိုင်ခဲ့ပါဘူး။ လက်ရှိအသင်းဟာ သိသိသာသာပဲပြန်လည်တည်ဆောက်နေရဆဲဖြစ်ပါတယ်။  အာတီတာနဲ့အတူဆိုပါတော့ဗျာ။ ဒီတော့ လက်ရှိအသင်းနဲ့ ဥရောပအဆင့်ကို နှိုင်းယှဥ်ကြည့်ကြရအောင်ပါ။

အာဆင်နယ်ရဲ့နည်းစနစ်အဆင့်အတန်း

ပထမဆုံးတွေးရမယ့်အချက်က အာတီတာရဲ့နည်းစနစ်တွေဟာ ယှဥ်ပြိုင်နိုင်စွမ်းရှိသလားဆိုတာပါပဲ။  သူ့ကိုအသင်းမှာ အများကြီးမြင်ရဦးမှာလား .. ဒါမှမဟုတ် နည်းပြအသစ်ရှာရတော့မှာလား။ 

အာတီတာဟာ ပျက်စီးနေတဲ့နောက်တန်းကိုပြန်လည်ပြင်ဆင်ခဲ့ပြီးတဲ့နောက်မှာ အသင်းဟာ အတက်ဖက်ကိုရောက်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်မဝင်သေးတဲ့တိုင်အောင်  အနိုင်ရလိုစိတ်နဲ့အတူ သူ့သက်တမ်းမှာ ဖလားတစ်လုံးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။  Possession Based ကစားမယ်။  တန်ပြန်တိုက်စစ်ဆင်မယ်။  တဖက်အသင်းကို ဘောလုံးကိုင်ခွင့်မပေးတဲ့ Gengen-pressing ရဲ့ ဟန်နဲ့တော့ သူ့ကစားတဲ့ ပုံစံကတခြားစီပေါ့။  ဒီအချက်ဟာ ထင်သာမြင်သာရှိပြီး အာတီတာရဲ့ အရည်အသွေးကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။

လူငယ်တွေနဲ့ အနာဂတ်

လက်ရှိအသင်းဟာ ပရီးမီးယားလိဂ်မှာ အငယ်ဆုံးအသင်းဖြစ်ပါတယ်။ ကြိုက်ခြင်း မကြိုက်ခြင်းအမြင်တွေ ကွဲပြားနိုင်ပေမယ့် သူတို့တွေဟာ  အာဆင်နယ်  အကျီနဲ့ထိုက်တန်ခဲ့ကြပါတယ်။  အသင်းမှာ နိုင်ပွဲအတွက် အသဲအသန်ကစားတဲ့ ပလေယာတွေမရှိတာဘယ်လောက်ကြာပြီလဲ။ အခုတော့ ပိုင်ဆိုင်ထားခဲ့နိုင်တာ အဲ့လိုကစားသမားတွေ အများကြီး။  ဆာကာရဲ့ အသင်းကို ထမ်းပိုးထားပုံက စွဲမက်စရာပါ။ ဒါ့အပြင် အိုဒီဂတ် ၊ စမစ်ရိုး ၊  ဘန်ဝှိုက် ၊ တိုမီယာစု ၊  ရမ်းစ်ဒေလ်း .. ပြီးတော့ အန်ကတ်တီးယား    … သူတို့က လက်ရှိအာဆင်နယ်ရဲ့ တည်ဆောက်မှုတွေပါပဲ။

အသင်းရဲ့ လူအင်အား

ဆက်ပြီးသွားရအောင် … အသင်းမှာ ကစားသမားဘယ်နှဦးရှိသလဲ ၊  ပြိုင်ပွဲ ဘယ်နှပွဲစာလောက်ကို အသင့်ဖြစ်နေပြီလဲဆိုတာကလည်းအသင်းကြီးတစ်သင်းရဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ အသင်းကြီးတွေတိုင်းဟာ ကောင်းမွန်တဲ့ Squad Depth ရှိကြပါတယ်။ အာဆင်နယ် လက်ရှိ အခြေအနေနဲ့ ဆိုရင်တော့  ဥရောပအဆင့်ကိုသွားချင်ရင် ပြင်ဆင်စရာတွေများပါသေးတယ်။

အနှစ်ချုပ်ရရင်တော့ အာဆင်နယ်အသင်းက တိုးတက်တယ်ဆိုပေမယ့်   အောင်ပွဲအတွက် နှစ်အနဲငယ်တော့ ထပ်ပြီးစောင့်ရပါလိမ့်မယ်။ ချာတိတ်တွေဟာ  မန်ချက်စတာယူနိုက်တက်ရဲ့ Class of 92  ကိုအမှတ်ရစေပါတယ်။  အသင်းမှာလိုအပ်ချက်တွေရှိနေပါသေးတယ်။  သူတို့ပိုပြီးရင့်ကျက်လာရမယ် ..  ပြီးရင်ထိပ်တန်းကစားသမားတွေကို ဖြည့်ရမယ်။ ဥေရာပအဆင့်ကိုသွားချင်ရင်  အာဆင်နယ်မှာ ဒါတွေရှိမှရပါလိမ့်မယ်။

Original Content Here

Advertisement

Leave a Reply

%d bloggers like this: