နောက်ဆုံးရ အာဆင်နယ် သတင်းများ (28May)

ပြင်သစ်လိဂ်က လူငယ်ကွင်းလယ်လူကို အာဆင်နယ် စိတ်ဝင်စားနေ

အာဆင်နယ်အသင်းဟာ  ပြင်သစ်လိဂ်က လန်းစ်အသင်းရဲ့ မာလီကွင်းလယ်လူ  ချိခ် ဒူကူရေးကို စိတ်ဝင်စားနေတယ်လို့ The Mirror သတင်းဌာနကဖော်ပြလာပါတယ်။ အသက် ၂၂ ရှိတဲ့ ကစားသမားလေးဟာ စွမ်းဆောင်ရည်ညွန်းကိန်းများအရ ကောင်းမွန်လျှက်ရှိပြီး သောမတ်စ်ပါတေးနေရာကို ကောင်းကောင်းအစားထိုးနိုင်တယ်လို့လဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အလုပ်ထွက်တော့မယ့် နာမည်ကျော်သတင်းထောက် ဝီတလေ

Football London ရဲ့ Chief Arsenal Reporter  ဖြစ်သူ ခရစ္စဝီတလေ ဟာ ယခုလ ကုန် (မေလကုန်) မှာအလုပ်ထွက်တော့မှာဖြစ်ကြောင်း သူကိုယ်တိုင်ကြေငြာသွားခဲ့ပါတယ်။ ခရစ္စဟာ ငယ်စဥ်အရွယ်  ၂၀၀၇ ခုနှစ် ကတည်းက အာဆင်နယ်အသင်းအကြောင်းသီးသန့်တင်ဆက်တဲ့ Gooner Talk website ကိုတည်ထောင်ခဲ့သူဖြစ်ပြီး  ၊ Football London မှာတော့  ၂ နှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းတိုက်စစ်မှုး  ၂ ယောက်ခေါ်ယူမယ်ဆိုတဲ့သတင်းကလည်း  ခရစ္စရဲ့ လက်ရာဖြစ်ပါတယ်။

အင်တာလူငယ်ကို အာဆင်နယ်ကြိုက်ပေမယ့်  သတ်မှတ်ကြေးမပေးလို

The Sun သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ အင်တာမီလန်ရဲ့ လူငယ်နောက်ခံအစွန်လူ  ဖရက်ဒရစ်ကို ဒီမာကိုး  ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ၊  စီးရီးအေ ချန်ပီယံဟောင်းဖက်က လိုချင်နေတဲ့  ပေါင်သန်း ၂၀ ကိုတော့ ပေးဖို့အစီအစဥ်မရှိဘူးလို့ သိရပါတယ်။  တီယာနေးရဲ့ နေရာကို အရံသင့်ကစားသမားထားရှိဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ဟာ ရက်သတ္တပတ် တစ်ပတ်ထဲမှာပဲ​ကစားသမားများစွာကို ချိတ်ဆက်လျှက်ရှိပြီး ယခုအခါမှာတော့ အီတလီ U21  လက်ရွေးစင်နဲ့သတင်းထွက်လာခဲ့ပြန်တာဖြစ်ပါတယ်။

လူရဲရဲတင်းတင်းခေါ်ဖို့ ချားလ်စ်ဝက်ပြော

နာမည်ကျော် သတင်းထောက် ချားလ်စ်ဝက် ကတော့ အာဆင်နယ်အသင်းဟာ  ကစားသမားသစ်တွေကို ရဲရဲတင်းတင်းခေါ်ယူဖို့အတွက် အချိန်ကိုက်ပဲဖြစ်ကြောင်း သူ့ရဲ့ Youtube အစီအစဥ်ကတဆင့် ပြောကြားလာခဲ့ပါတယ်။

“ ကျွန်တော်ကတော့ အာဆင်နယ်တို့ တိုက်စစ်မှုးသစ်တွေခေါ်ယူဖို့ အခြေအနေအရမ်းကောင်းပါတယ်။  အသင်းမှာလဲ လိုအပ်ချက်တွေများနေတယ် …  ပွဲတွေလဲအများကြီးကစားရမယ် ။  ယူရိုပါလိဂ်လဲရှိတယ်။ ဒီတော့ တိုက်စစ်မှုး  ၂ ယောက်လောက်ခေါ်လိုက်တာ မမှားတဲ့လုပ်ရပ်ဖြစ်ပါတယ်  “ လို့ဆိုခဲ့တာပါ။  ပြောချင်တဲ့သဘောကတော့ စွန့်စားမှုတစ်ရပ်ကို ပြုလုပ်စေလိုနေပုံရပါတယ်။

ချဲလ်ဆီးလူငယ်ကို အာဆင်နယ် စောင့်ကြည့်နေ

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ လူငယ် လီဝီကော်ဝဲလ်ကို စိတ်ဝင်စားနေကြောင်း Goal သတင်းဌာနကဖော်ပြလာပါတယ်။ အဆိုပါ  လူငယ်နောက်ခံကစားသမားဟာ  ဟက်ဒါစဖီးလ်မှာ အငှားကစားနေတာဖြစ်ပြီး ပုံစံကောင်းတွေကို ပြသထားနိုင်တာလဲဖြစ်ပါတယ်။ လာမယ့် Play Off ပွဲစဥ်များမှာလည်း အဓိက ကျတဲ့ ကစားသမားတစ်ယောက်အဖြစ်ပါဝင်လာမှာဖြစ်တယ်လို့ ရေးသားနေကြပါတယ်။  ကော်ဝဲလ်ကိုစောင့်ကြည့်နေကြတာ အာဆင်နယ်တသင်းထဲ မဟုတ်ကြောင်းကိုလဲ အဆိုပါသတင်းမှာရေးသားထားပါတယ်။

Advertisement

Leave a Reply

%d bloggers like this: