နောက်ဆုံးရ အာဆင်နယ် သတင်းများ (27May)

ပါတေးကို  ခေါ်မသုံးဖို့   လက်ရွေးစင်အသင်းထံကို အာဆင်နယ် စာပို့တောင်းဆို

အာဆင်နယ်အသင်းဟာ  သူတို့ရဲ့ ကွင်းလယ်လူပါတေးကို  ဆက်လက်အနားပေးဖို့အတွက် ဂါနာဘောလုံးအဖွဲ့ချုပ်ထံသို့ တရားဝင်တောင်းဆိုခဲ့တယ်လို့ ဂါနာအခြေစိုက်  442gn  ကရေးသားလာခဲ့ပါတယ်။  ဂန်းနားတို့ဟာ   ၂၈ နှစ်သားအတွက် ဒဏ်ရာအကင်းသေတဲ့အထိ အနားယူစေချင်နေတာဖြစ်ပြီး   လက်ရွေးစင်အသင်းက အစောတလျင်ပြန်အသုံးပြုမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ လတ်တလောအနေအထားအရ ပါတေးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတော့ ပြန်ဆင်းနေပြီဖြစ်ပါတယ်။

မာကွင်ဟို့်စ်အတွက်  အာဆင်နယ် တရားရင်ဆိုင်ရဖို့ရှိနေ

အာဆင်နယ်အသင်းဟာ  ခေါ်ယူခဲ့တဲ့ ဆာအိုပေါ်လို လူငယ်ကစားသမား  မာကွင်ဟို့စ်နဲ့ပတ်သတ်ပြီး တရားရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားဟာ  ဝုဗ်ဗာဟက်တန် အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ ဆိုပြီး  အာဆင်နယ်က ကြားဖြတ်ခေါ်ယူခဲ့တာကြောင့်  EPL  ပြိုင်ဖက် ဝုဗ်တို့ဟာ မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  တရားဝင်မထုတ်ပြန်ရသေးပေမယ့်  အသက် ၁၉ နှစ်သား ဟာ ယခုနွေရာသီမှာ အမ်းမရိတ်ကို ရောက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မပြီးဆုံးသေးတဲ့ ဆာလီဘာ ကိစ္စများ

အာဆင်နယ်အသင်းထံကို ပြန်လာမှာဖြစ်တယ်လို့  နည်းပြဖက်ကထုတ်ဖော်ပြောကြားထားပေမယ့် ဆာလီဘာလုပွဲဟာ  မပြီးဆုံးသေးတဲ့အပြင် ပြည်တွင်းပြိုင်ဖက် နယူးကာဆယ်လဲ ပါဝင်လာပြီဖြစ်ကြောင်း သတင်းထောက် ဖာဘရစ်ဟောကင်းစ် က ပြောဆိုလာပါတယ်။ လက်ရှိအချိန်မှာ မာဆေးလ်အသင်းဖက်ကလဲ သံယောဇဥ်မပြတ်သေးသလို  ကစားသမားဖက်ကလဲ ပြင်သစ်မြေမှာဆက်နေလိုတဲ့ ဆန္ဒရှိနေချိန်မှာ အခုလို နယူးကာဆယ်တို့ကပါ  စိတ်ဝင်စားကြောင်းသတင်းထွက်လာခဲ့တာဖြစ်ပါတယ်။

ဇင်ချန်ကို  ကို အာတီတာ ကြိုးပမ်းလာ

နည်းပြ အာတီတာဟာ  မန်စီးတီးအသင်းက  ကွင်းလယ်လူ ဇင်ချန်ကို ကိုခေါ်ယူလိုနေပြီး  ၊ နောက်ခံလူ တီယာနေရဲ့ နေရာအတွက်ပါ  အရံသင့် အသုံးပြုနိုင်ဖို့ ကြံရွယ်နေကြောင်း Daily Mail အပါအဝင်  အဂ်လန်သတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ယူကရိန်းသားဟာ စီးတီးအသင်းရဲ့ နည်းစနစ်အပြောင်းအလဲတွေမှာ အဓိက ကျသူဖြစ်ပြီး ၊​ ပက်ပ် ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။  လက်ရှိသတင်းတွေအရ  စီးတီးတို့ဟာ  ဘရိုက်တန်ရဲ့  ကူကူရယ်လာကို ကြိုးပမ်းနေတာဖြစ်လို့ ဇင်ချန်ကို  ကို ပြန်လည်ရောင်းထုတ်တာမျိုးလဲ ဖြစ်နိုင်ခြေရှိပါတယ်။

တော်ရဲရားရဲ့ အပြောင်းအရွှေ့အတွက် စိတ်ပျက်လက်ပျက် ဖွင့်ဟခဲ့တဲ့ အေးဂျင့်

တော်ရဲရားတစ်ယောက် ဖီအိုရင်တီးနားကိုပြောင်းရွှေ့ရေးဟာ  အဆုံးမသတ်သေးပေမယ့် ဖြစ်နိုင်ခြေအလွန်နဲပါးနေခဲ့ပြီဖြစ်ကြောင်း  သူ့ရဲ့ အေးဂျင့် ဘန်တန်ကူ က ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

“ လက်ရှိအချိန်မှာတော့  ကစားသမားဟာ အခြားအသင်းတွေအကြောင်း စပြီးတွေးနေရပါပြီ.. သူက ဒီမှာ အရမ်းပျော်နေသလို ပရိတ်သတ်တွေနဲ့လည်း အဆင်ပြေပါတယ် .. ဒါပေမယ့်  စာချုပ်အချက်အလက်တွေညှိနှိုင်းရာမှာတော့  အခက်အခဲရှိနေပါတယ် .. ခံစားခွင့်နဲ့ပတ်သတ်တဲ့ကိစ္စကျတော့ ဘာမှဆက်ပြောလို့မရတဲ့အခြေအနေပါ  “  ဆိုပြီး Gazzetta.it  ကိုဖွင့်ဟလာခဲ့တာပါ။ တော်ရဲရားအတွက်  ဖီအိုတို့ဟာ ပြောင်းရွေ့ကြေးရော  လစာကိုပါလျှော့ချလိုနေတာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: