တိုင်လီမန်းစ်နေရာ  အတွက် လက်စတာတို့လူရှာနေပြီလား

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတွေမှာ အာဆင်နယ်နဲ့ ဟူဆန်အာဝါတို့ဟာ အမြဲ သတင်းတွေ ထွက်လေ့ရှိပြီး လိုင်ယွန်ကွင်းလယ်လူဟာ အာဆင်နယ်ရဲ့ နှစ်ရှည်ပစ်မှတ်ကစားသမားတစ်ယောက်လို့ဆိုရင် မမှားနိုင်ပါဘူး။ 

လက်ရှိမှာတော့ အာဆင်နယ်ဟာ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။တိုင်လီမန်းစ်ကလည်း လက်စတာနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပါပြီ။ ဒါကြောင့် လက်စတာဟာ တိုင်လီမန်းစ်နေရာအစားထိုးရမယ့် ကစားသမားအဖြစ် အာဆင်နယ်ရဲ့ နှစ်ရှည်ပစ်မှတ်ဖြစ်တဲ့ ဟူဆန်အာဝါကို ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ 

အသက်၂၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟူဆင်အာဝါနဲ့ အာဆင်နယ်ဟာ ဒီနွေမှာတော့ ထူးထူးဆန်းဆန်း ဘာသတင်းမှ ထွက်ပေါ်လာခြင်းမရှိတော့ပါဘူး။ ဂန်းနားတွေဟာ လိုင်ယွန်ကွင်းလယ်လူကို ခေါ်ယူဖို့ဆိုတဲ့ စိတ်ကူးကို စွန့်လွှတ်ခဲ့ဟန်တူပါတယ်။ 

ဟူဆင်အာဝါဟာ လိုင်ယွန်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ၂၁၄ပွဲကစားပြီး ၃၉ဂိုးသွင်းယူ‌ ပေးနိုင်ခဲ့ပါတယ်။ 

လက်စတာရဲ့ အခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မက်ဒီဆင်ဟာလည်း ဒီနှစ်နွေမှာ လက်စတာကနေ ထွက်ခွာဖို့ များနေပါတယ်။ အစောပိုင်းက အာဆင်နယ်ဟာ မက်ဒီဆင်ကိုပါ စိတ်၀င်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးရ သတင်းတွေအရတော့ တိုင်လီမန်းစ်ကိုပဲ ပေါင်၂၅သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

မက်ဒီဆင်ကိုတော့ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် စပါးက ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိပြီး အာဆင်နယ်ရဲ့ နောက်ထပ်ပစ်မှတ်ကစားသမားဖြစ်တဲ့ ဂါဘရီယယ်ဂျေးဆုကိုလည်း စပါးဟာ ပစ်မှတ်ထားလာပြန်တယ်လို့ သိရပါတယ်။ တိုင်လီမန်းစ်ကို  ပေါင် ၂၅ သန်းခန့်နဲ့ခေါ်ယူဖို့ကြိုးစားနေကြောင်း  နာမည်ကျော်သတင်းထောက်အများစုက အတည်ပြုထားကြတာကြောင့် ၊  တိုင်လီမန်းစ်အထွက်  အာဝါအဝင်ဆိုတဲ့အခင်းအကျင်းဟာလည်း ဖြစ်နိုင်ချေတစ်ခုဖြစ်တယ်လို့ ယူဆရပါတယ်။ လောလောဆယ်မှာတော့ အာဆင်နယ်တို့ဟာ ရှိရင်းစွဲကစားသမားများကို စာချုပ်သစ်ချုပ်ဆိုခြင်း ၊ လူငယ်များကိုခေါ်ယူခြင်းစတာတွေကိုဆက်တိုက်လုပ်ဆောင်နေတာတွေ့ရပါတယ်။​

Advertisement

Leave a Reply

%d bloggers like this: