မိုလီနာကို အာဆင်နယ် ချိတ်ဆက်နေကြောင်း နာမည်ကျော်သတင်းထောက်အတည်ပြု
နာမည်ကျော်အားကစားသတင်းထောက် ဂီယန်လူကာ ဒီမာဇီယိုက အာဆင်နယ်အသင်းဟာ မိုလီနာကို ချိတ်ဆက်နေကြောင်းပြောဆိုသွားခဲ့ပါတယ်။ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်ဖက်ကလည်း ကစားသမားကို သဘောကျနေပေမယ့် ဂန်းနားတို့ကပိုပြီးလေးလေးနက်နက်ရှိနေကြောင်း သိရပြီး ၊ ကစားသမားကိုယ်တိုင်ကလည်း အာနိုး နဲ့ ရိစ်ဂျိမ်းတို့လိုကစားသမားမျိုးတွေကိုလေ့လာရင်း ပိုမိုလေ့လာသင်ယူလိုနေတယ်လို့ The Boot Room ကလည်းရေးသားဖော်ပြလာပါတယ်။
ဆာလီဘာကို ခေါ်ထားနိုင်မယ်လို့ မာဆေးလ်ဥက္ကဌ ယုံကြည်နေဆဲ
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆာလီဘာကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့ပေမယ့် မာဆေးလ်ဥက္ကဌကတော့ ကစာသမားကို ပြင်သစ်မြေမှာ ခေါ်ယူထားဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း မီဒီယာများကဖော်ပြနေပါတယ်။ The Express UK ရဲ့သတင်းတစ်ပုဒ်အရ မာဆေးလ်အကြီးအကဲ ပါဘလို လောင်ဂိုရီးယားက အာဆင်နယ်ဖက်က ဆုံးဖြတ်ချက်ကိုလေးစားပေမယ့် ကစားသမားနဲ့သူတို့ကြားဆွေးနွေးမှုများစွာရှိထားတာမို့ အဆင်ပြေမယ်ယုံကြည်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဂျေးဆူနဲ့ တိုင်လီမန်းစ်အတွက် အာဆင်နယ်တို့ ဆွေးနွေးနေကြပြီဖြစ်ကြောင်း အွန်းစတိန်းအတည်ပြုပေး
နာမည်ကျော်သတင်းထောက်ဖြစ်သူ ဒေးဗစ်အွန်းစတိန်းက ဂန်းနားတို့အနေနဲ့ တိုင်လီမန်းစ်နဲ့ ဂျေးဆူကို ခေါ်ယူဖို့ ဆွေးနွေးနေကြပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ အဆိုပါကစားသမားနှစ်ယောက်အတွက် ဂန်းနားတို့ဟာ ပေါင် ၇၅ သန်းခန့်သုံးစွဲရမှာဖြစ်ပြီး ၊ တိုက်စစ်မှုးဂျေးဆူအတွက် သန်း ၅၀ထက်လျော့တဲ့ပမာဏ ရရှိအောင် စီးတီးဖက်ကို စျေးဆစ်နေတယ်လို့ လဲ ဆိုပါတယ်။
ဘဲလတ်ကိုရောင်းထုတ်တော့မယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ လူငယ်နောက်ခံကစားသမား ဒန်နီယယ်ဘဲလတ်ကို ရောင်းထုတ်သွားဖို့ရှိနေကြောင်း Goal သတင်းဌာနရဲ့ သတင်းထောက် ချားလ်ဝက်စ်က ပြောဆိုလာပါတယ်။ အဆိုပါ အသက် ၂၂ အရွယ်ကစားသမားဟာ သူအငှားသွားကစားခဲ့တဲ့ မီလ်ဝေါအသင်းနည်းပြရဲ့ ချီးကျူးမှုကိုအထူးရရှိနေတာဖြစ်ပြီး ၊ အလားအလာကောင်းတွေပိုင်ဆိုင်ထားသူလဲဖြစ်တယ်လို့ သတင်းများကဖော်ပြနေကြပါတယ်။
ဂနာဘရီကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်
ဂျာမန်သတင်းထောက် ခရစ်ရှန်ဖော့ခ် ရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂနာဘရီကို ဘိုင်ယန်အသင်းထံကနေပြန်လည်ခေါ်ယူသွားဖို့ရှိနေတယ်လို့သိရပါတယ်။ သို့သော် ယခုရာသီမှာ ချန်ပီယံလိဂ် မဝင်ခဲ့ခြင်းက အတားအဆီးတစ်ရပ်ဖြစ်နေခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိနိုင်မယ့် လာမယ့်ရာသီအကုန်မှသာ ခေါ်ယူဖို့ရှိနေတယ်လို့သိရပါတယ်။ ဂနာဘရီနဲ့ ဘိုင်ယန်တို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုမရနိုင်ကြသေးတဲ့အခြေအနလည်းဖြစ်ပါတယ်။