တာဗာရက်စ်ပြောတဲ့ အသင်းခေါင်းဆောင်စိတ်နဲ့လူ

နူနိုတာဗာရက်စ်ဆိုတဲ့ ပေါ်တူဂီလူငယ်လေးဟာ အာဆင်နယ်ကို ပြီးခဲ့တဲ့ရာသီအစမှာ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူ အာဆင်နယ်ကို ရောက်ရှိလာတဲ့အချိန်မှာ ဘာသာစကားအခက်အခဲတွေ ရှိခဲ့သလို နည်းပြတွေကလည်း သူ့ကို နားလည်အောင်သွန်သင်ပေးနိုင်ခြင်း မရှိခဲ့ကြပါဘူး။ ဒါ့အပြင် အင်္ဂလန်မြေမှာ အတော် ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုပေါင်းများစွာနဲ့ အတက်အကျတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ကစားသမားတစ်ယောက်ကတော့ သူ့ကို နည်းပြတွေနဲ့ရော နေရာသစ်နဲ့ပါ အသားကျအောင် ပေါင်းကူးတံတားအဖြစ် အကူအညီပေးခဲ့ကြောင်းကို The counter attack podcast ဆီ ပြောပြခဲ့ပါတယ်။

လူတွေက ရှာခါမကောင်းကြောင်းပြောကြတာ ဘာလို့လဲတော့ မသိဘူးဗျ။ ကျွန်တော်တို့ကြားမှာတော့ သူက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး လူတိုင်းက သူ့ကို လေးစားကြပါတယ်။ တစ်ခါတစ်လေမှာ နည်းပြက ကစားသမားကို ဘယ်လိုပြောရမလဲ နားမလည်ရင်တောင် သူကတော့ ကစားသမားတွေကို ညွှန်ကြားပေးနိုင်ပါတယ်။ လူငယ်ကစားသမားလေးတွေလည်း သူနဲ့ လွတ်လွတ်လပ်လပ်စကားပြောနိင်ပြီး သူက အမြဲတမ်း လမ်းညွှန်မှုတွေ ပေးနေတဲ့သူပါ။ သူက အရာအားလုံးကိုလည်း သိနေတာကို စကားပြောဖူးရင် သိရပါလိမ့်မယ် ဆိုပြီး ချီးကျူးပြောဆိုခဲ့ပါတယ်။

တာဗာရက်စ်ဟာ ပွဲဦးထွက်ကစားတဲ့ခြေစမ်းပွဲစဥ်မှာကတည်းက ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ရာသီအစောပိုင်း တီယာနေးမကစားနိုင်ချိန်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာရဲ့ သဘောကျခြင်းကိုပါ ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် အစွမ်းပြလိုစိတ်များပြားတာရယ် ၊ မတည်ငြိမ်သေးတဲ့ခြေစွမ်းအနေအထားရယ်ကြောင့်  ပထမနေရာနဲ့တော့ဝေးနေဆဲဖြစ်ပါတယ်။

တာဗာရက်စ်က ချီးကျူးခဲ့တဲ့ ကွင်းလယ်လူ ရှာခါကတော့ လတ်တလောမှာ စိတ်လိုက်မာန်ပါပြောခဲ့တဲ့ ပွဲပြီးမှတ်ချက်ကြောင့်ဝေဖန်မှုကိုခံနေရသဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြအာတီတာက လည်း  ရှာခါနဲ့အတူတူနာရီပိုင်းလောက်ပဲ တူတူလာနေကြည့်ဖို့ နဲ့  ဘယ်သူမှဆို ရှာခါကိုနားလည်သဘောပေါက်သွားမှာဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ထားပါတယ်။

Advertisement

Leave a Reply

%d bloggers like this: