ဘယ်မှာပိုပျော်သလဲ ဟက်တာ …

ဘယ်လာရင်ဟာ ဘာစီလိုနာကနေ အာဆင်နယ်အသင်းကို လူငယ်ကစားသမားဘဝကတည်းကပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း ၂၅ဝနီးပါး ပါဝင်ကစားပေးခဲ့သူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ အာတီတာက ဂျပန်သား တိုမီယာဆုကို ခေါ်ယူခဲ့ပြီး ဘယ်လာရင်ကိုတော့ ဘက်တစ်ထံ တစ်ရာသီ အငှားချခဲ့ပါတယ်။

ဘယ်လာရင်က ဘက်တစ်မှာ မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီနဲ့ လက်တွဲခွင့် ရခဲ့ပြီး စပိန်မှာ ကိုပါဒယ်ရေးဖလားရယူကာ အောင်မြင်တဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘက်တစ်အသင်းက ဘယ်လာရင်ကို မခေါ်ယူနိုင်လို့ အာဆင်နယ်ဆီ ပြန်လွှတ်ခဲ့ရပါပြီ။ အဓိက ကတော့ ဘယ်လာရင်ရဲ့ တစ်ပါတ် ပေါင်တစ်သိန်း လစာငွေကြောင့်ပါ။ ဘယ်လာရင်က အာဆင်နယ်နဲ့ စာချုပ်တစ်နှစ် ကျန်နေသေးတာကြောင့် အဲ့ဒီတစ်နှစ်တော့ အာဆင်နယ်မှာ ရှိနေရပါလိမ့်မယ်။

ဒါကို အာတီတာကလည်း ပြီးခဲ့တဲ့လက အသင်းနဲ့ စာချုပ်ရှိနေတဲ့ကစားသမားတိုင်း၊ အငှားထွက်ကစားနေတဲ့သူတွေပါ အပါ ကျွန်တော်တို့ရဲ့ ကစားသမားတွေပါ။ စာချုပ်အတိုင်း ဆက်သွားမှာ ဖြစ်သလို သူတို့ ပြန်လာရင်လည်း အသင်းရဲ့ ဘယ်နေရာမှာ အံဝင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါဆိုပြီး အငှားထွက်ကစားနေတဲ့ ဘယ်လာရင်၊ တော်ရဲရား၊ ဆာလီးဘား၊ နယ်ဆင် တို့အပါအဝင် ခြေစွမ်းထက်ကစားသမားတွေကို ရည်ရွယ်ကာ ပြောကြားခဲ့ဖူးပါတယ်။

ဟက်တာဘယ်လာရင်ကတော့ ဘက်တစ်မှာ ကစားခဲ့တဲ့ တစ်နှစ်ကို တော်တော် ပျော်ရွှင်နေခဲ့ပုံ ရပြီး အာဆင်နယ်ကို ပြန်လာတဲ့ အချိန်မှာ ဘက်တစ်ပရိတ်သတ်တွေထံကို စိတ်ခံစားမှုအပြည့်နဲ့ နှုတ်ဆက်စာတစ်စောင်ရေးကာ Instagram ကနေတစ်ဆင့် တင်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် ဘက်တစ်ပရိတ်သတ်တွေနဲ့ ထပ်တွေ့ခွင့်ရဖို့လည်း မျှော်လင့်နေတယ် ပြောခဲ့တာကြောင့် ဘာတွေ ဆက်ဖြစ်လာဦးမလဲကတော့ အာဆင်နယ်၊ ဘက်တစ်နဲ့ ဘယ်လာရင်တို့ သုံးဘက်စလုံးမှာ မူတည်နေတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများအရတော့  ဘယ်လာရင်ရဲ့စိတ်ဟာ စပိန်မှာပဲရှိနေသေးတာကြောင့် အသင်းနဲ့ ကစားသမားကြားဆက်လက် ညှိနှိုင်းသွားရမှာဖြစ်ပါတယ်။   အိမ်လွမ်းဝေဒနာကနေ အစပြုခဲ့ပြီး ကိုဗစ်ကာလမှာ  ကိုယ့်ကိုယ်ကို ရှာဖွေနိုင်ခဲ့တယ်ဆိုတဲ့ ဘယ်လာရင်တစ်ယောက် အမ်းမရိတ်မှာဆက်ရှိဖို့ကတော့ အကြောင်းနဲတယ်လို့ဆိုရပါမယ်။

Advertisement

Leave a Reply

%d bloggers like this: