အိုစီမန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ လန်ဒန်မှာဆွေးနွေးခဲ့တဲ့ အီဒူး
အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာဖြစ်သူ အီဒူးဟာ နာပိုလီတိုက်စစ်မှုး အိုစီမန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ လောလောလတ်လတ်တွေ့ဆုံဆွေးနွေးထားခဲ့ကြောင်း Goal သတင်းဌာနကဖော်ပြလာပါတယ်။ လန်ဒန်မြို့မှာဆွေးနွေးခဲ့ကြတဲ့ အဆိုပါတွေ့ဆုံမှုကနေပြီး သတင်းတစုံတရာ မသိရသေးပေမယ့် အာဆင်နယ်အသင်းဖက်ကတော့ ခက်ခဲမယ်ဆိုတာကြိုသိထားတယ်လို့လဲဆိုပါတယ်။ အိုဆီမန်ကို တေ့တေ့ဆိုင်ဆိုင်ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၇၀ ခန့်ကုန်ကျမယ်လို့ ဆိုထားပါတယ်။
ဆာလီဘာကို စာချုပ်သစ်ပါ ချုပ်ဆိုနိုင်ဖွယ်ရှိ
နည်းပြအာတီတာက ဆာလီဘာတစ်ယောက်အသင်းကိုပြန်လာမှာဖြစ်ကြောင်းအတည်ပြုပေးပြီးတဲ့နောက် စာချုပ်သစ်ပါတစ်ပါထဲ ချုပ်ဆိုဖွယ်ရှိကြောင်း Metro UK အပါအဝင်သတင်းဌာနများက အတည်ပြုပြောကြားလာခဲ့ပါတယ်။ အာတီတာက ဆာလီဘာအနေနဲ့ အသင်းမှာနေရင် ပွဲကစားခွင့်နဲပါးမှာဖြစ်လို့ အငှားချခဲ့ရတာဖြစ်ကြောင်းရှင်းပြပြီး ၊ ကစားသမားဟာ အရေးပါတဲ့ အခန်းကဏ္ဏမှာရှိနေတယ်လို့ ပြောကြားခဲ့ကြောင်း RMC သတင်းဌာနကဖော်ပြလာခဲ့ပါတယ်။

အန်ကတ်တီယာကို ကျောနံပါတ် ၁၄ ပေးပြီးဆွဲဆောင်မယ် ဆိုတဲ့သတင်းအချို့ထွက်ပေါ်
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှုး အန်ကတ်တီးယားကိုခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းက အလေးအနက်ကြိုးစားနေကြောင်း Telegraph သတင်းဌာနကဖော်ပြလာပါတယ်။ တဖက်မှာလည်း အာဆင်နယ်အသင်းက ကစားသမားကို ကျောနံပါတ် ၁၄ ပေးအပ်ပြီး ဆွဲဆောင်နေတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်နေပါတယ်။ ကစားသမားလေးရဲ့တိုးတက်မှုက ထင်သာမြင်သာရှိပြီးတဲ့နောက် အာဆင်နယ်အသင်းဖက်ကလဲ အမ်းမရိတ်မှာဆက်ထားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
အာဆင်နယ်ကစားသမား ၃ ဦးပါဝင်လာတဲ့ လက်ရွေးစင်လူစာရင်း
လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ရဲ့လူစာရင်းမှာ အာဆင်နယ်ကစားသမားများဖြစ်ကြတဲ့ ရမ်းစ်ဒေးလ် ၊ ဘန်ဝှိုက်နဲ့ ဆာကာတို့ဟာ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆာကာအနေနဲ့ လက်ရွေးစင်အသင်းမှာပါနေရာတစ်နေရာခိုင်မာနေပြီဖြစ်ပေမယ့် ဂိုးသမားရမ်းစ်ဒေးလ်နဲ့ ဘန်ဝှိုက်တို့ကတော့ ဆက်လက်တိုက်ပွဲဝင်ရဦးမှာဖြစ်တယ်လို့ သတင်းတွေကလည်းသုံးသပ်ရေးသားနေကြပါတယ်။
အာရွန်ဟစ်ကီနဲ့ အာဆင်နယ် မတိုးတက်သေး
အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူ အာရွန်ဟစ်ကီကို အမှန်တကယ်စိတ်ဝင်စားနေတာဖြစ်ပေမယ့် လတ်တလောမှာတော့တိုးတက်မှု တစုံတရာမရှိသေးကြောင်း သတင်းထောက် ရိုင်ယန်တေလာက Give Me Sport မှာရေးသားသွားခဲ့ပါတယ်။ ဟစ်ကီဟာ တီယာနေးနေရာကို အစားထိုးဖို့ အစောဆုံးသတင်းထွက်လာသူဖြစ်ပြီး ၊ အပြောင်းအရွှေ့ဖြစ်မြောက်ပြီဆိုပြီး သတင်းအချို့မှာ ဖော်ပြခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။