မာသီးယပ်စ်အိုလီဗီရေးယားဆိုတာ ဘယ်သူလဲ

Tutto Mercato ရဲ့ဖော်ပြချက်အရ အာဆင်နယ်တို့ရဲ့  နောက်ခံအစွန်လူ ရှာဖွေရေးမှာနောက်ထပ် ကစားသမားတစ်ယောက် ထပ်ပြီးပါဝင်လာခဲ့ပြန်ပါပြီ။  အာရွန်ဟစ်ကီ ၊ မိုလီနာတို့နဲ့တောက်လျှောက်သတင်းထွက်နေတဲ့ ဂန်းနားတို့ဟာ စပိန်ဖက်ခြမ်းက ဂီတာဖေးနောက်ခံလူ  အိုလီဗီရေးယားကိုလည်း စောင့်ကြည့်နေတယ်လို့ အဆိုပါသတင်းကဆိုပါတယ်။

ဒီနာမည်ဟာ ကျွန်တော်တို့နဲ့ စိမ်းသလိုလိုတော့ရှိပါတယ်။  အိုလီဗီရေးယားကဘယ်သူလဲ ?

နာစီယွန်နယ်အကယ်ဒမီထွက် ဥရုဂွေးသားဟာ  ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့  စီနီယာအဆင့် ပွဲဦးထွက်ကိုစတင်ကစားခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ  အေးဂျင့်ဖြစ်သူကောင်းမှုနဲ့  စပိန် ဒုတိယတန်း ဆီဂန်ဒါကလပ် အတီနက်စ် ကိုရောက်ပါတယ်။ အဲ့ဒီကိုမပြောင်းခင် တူရကီထိပ်သီးကလပ် ဂါလာတာစာရေးကို ပြောင်းဖြစ်လုနီးပါးပါပဲ။   ဂီတာဖေးနဲ့အတူ ၆ ရာသီကြာစာချုပ်ချုပ်ဆိုအပြီးမှာတော့ ကျွန်တော်တို့မြင်နေရတဲ့  ကစားသမားဘဝကိုရောက်ရှိနေပြီလို့ဆိုရပါမယ်။

အိုလီဗီရေးယားဟာ နိုင်ငံအသင်းနဲ့တော့  U20 ကမ္ဘာ့ဖလားကိုပါ နွှဲဖူးပြီးသားပါ။  စီနီယာအသင်းကြီးနဲ့ကတော့ ၂၀၂၂ မှာ ပါရာဂွေးကို ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ရင်ဆိုင်ရင်း စတင်ခဲ့ပါတယ်။  အခုဆိုရင် အသက်၂၄ နှစ်ရှိပြီဖြစ်တဲ့  ဥရုဂွေးသားဟာ အရပ် ၆ပေ ၁ လက်မအထိမြင့်မားသူဖြစ်ပါတယ်။ စီနီယာအဆင့်ပွဲပေါင်း ၉၀ ကျော်နေပြီဖြစ်လို့  အတန်အသင့်အတွေ့အကြုံရှိနေသူလို့လည်းဆိုရပါမယ်။ 

ကစားသမားရဲ့  ဟန်ပန်ကတော့ အာဆင်နယ်အတွက် အံဝင်တယ်လို့ အကြမ်းဖျင်းအားဖြင့်ပြောလို့ရပါတယ်။  မျက်လုံးထဲမြင်အောင်ပုံဖော်ပြရရင်  တာဗာရက်စ်ကို  မလိုအပ်တဲ့အစွမ်းပြမှုတွေလျှော့ပြီး  ပိုမိုတောင့်တင်းတဲ့ ခန္တာကိုယ်နဲ့မြင်ကြည့်လိုက်ရင် အိုလီဗီရေးရားကို မှန်းဆလို့ရပါပြီ။

တကယ်တော့  သူ့ကိုအသဲအသန်လိုချင်နေခဲ့တာက စီးရီးအေဖက်က နာပိုလီအသင်းပါ။ ဒါပေမယ့် အခုရက်ပိုင်းမှာတင် အာဆင်နယ်အသင်းနဲ့အတူ နာမည်ထွက်လာခဲ့တာဖြစ်ပြီး ၊ ချက်ခြင်းပဲ  ကစားသမားဟာ  Media Spotlight အောက်ကို တွန်းပို့ခံခဲ့ရ​တာဖြစ်ပါတယ်။ တီယာနေရဲ့ အရံနေရာကိုသေချာပေါက်ဖြည့်တင်းမယ့်အာဆင်နယ်ဟာ ဘယ်သူ့ကိုတကယ်ခေါ်မလဲဆိုတာကတော့ လပိုင်းအတွင်းမှာအဖြေပေါ်တော့မှာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: