အာတီတာဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့ ဆန္ဒရှိနေပြီး ကစားသမားအသစ်တွေခေါ်ယူဖို့အတွက် အသင်းရဲ့ ရှိရင်းစွဲလူစာရင်းကနေ ကစားသမားကိုးယောက်လောက်အထိ ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘယ်လာရင်၊ တော်ရဲရား၊ လီနို၊မစ်တ်လန်နိုင်းစ်နဲ့ မာရီတို့ဟာ ဒီနွေမှာ အာဆင်နယ် သေချာပေါက် ရောင်းချသွားမယ့် ကစားသမားတွေ ဖြစ်ပါတယ်။
တော်ရဲရားဟာ ဖီအိုရင်တီးနားမှာ အကောင်ဆုံးခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုတောင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စီးရီးအေကလပ်က တော်ရဲရားကို ခေါ်ယူဖို့ ကုန်ကျမယ့် ပြောင်းရွှေ့ကြေးနဲ့ လစာငွေကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ကတော့ ပျက်ပြယ်ခဲ့ရပါတယ်။
ရီးရဲလ်ဘက်တစ်ကလည်း ဘယ်လာရင်အတွက်ပေးချေရမယ့် ပြောင်းရွှေ့ကြေးပမာဏကို မပေးချေနိုင်တာကြောင့် ကစားသမားနှစ်ဦးစလုံးဟာ လာမယ့်နွေမှာ အသင်းသစ်တွေ ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ဘင်ဖီကာအသင်းကလည်း အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ လေနိုကို ခေါ်ယူလိုပေမယ့် ကစားသမားအတွက် ပေါင်၈.၅သန်းကို ပေးချင်လိုဟန်မရှိပါဘူး။ ပါဘလိုမာရီကလည်း ရာသီကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာပြီး ပြီးခဲ့တဲ့ ရာသီ၀က်မှာ အငှားထွက်ကစားခဲ့တဲ့ အူဒီးနိစ်ကို အပြီးပြောင်းရွှေ့ဖို့ ရှိနေပါတယ်။
ရိုးမားကို အငှားထွက်ကစားခဲ့တဲ့ မစ်တ်လန်နိုင်းစ်ကတော့ အီတလီမြေမှာ ၇ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ကစားသမားရဲ့ ငယ်ရွယ်မှု၊ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေကြောင့် ပရီးမီးယားလိဂ် အသင်းအများအပြားက သူ့ကိုခေါ်ယူဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မစ်တ်လန်နိုင်းစ်ကို ရောင်းချမှုကနေ အာဆင်နယ်ဟာ ထိုက်သင့်မျှတတဲ့ ငွေကြေးပမာဏ ပြန်ရဖို့ ရှိနေပါတယ်။
အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ လာကာဇက်တီနဲ့ အန်ကက်တီးယားတို့ဆီကနေတော့ အာဆင်နယ်အတွက် ငွေကြေးတစ်စုံတစ်ရာ မျှော်လင့်စရာ မရှိပါဘူး။ မာဆေးလ်မှာ အငှားထွက်ကစားခဲ့တဲ့ ဆလီဘာနဲ့ ဖီယင်နော့မှာ အငှားထွက်ကစားခဲ့တဲ့ နယ်လ်ဆင်တို့ကတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ဆလီဘာကတော့ မာဆေးလ်ကိုပဲ ပြန်သွားပြီး ချန်ပီယံလိဂ် ကစားချင်တယ်လို့ ဆိုထားပါတယ်။နယ်လ်ဆင်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှအထွေအထူးမပြောသေးပါဘူး။
အာတီတာကတော့ ဒီကစားသမားနှစ်ဦးကို လန်ဒန်ကိုပဲ ပြန်ပြီး ခေါ်ဆောင်သွားဖို့ များနေပါတယ်။ ဆာလီဘာနဲ့ နယ်လ်ဆင်တို့ရဲ့ အမ်းမရိတ်အနာဂတ်ဟာ အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးတာကြောင့် နွေရောက်မှပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။
ထွက်ခွာသွားတဲ့ ကစားသမားတွေနေရာမှာ အကယ်ဒမီလူငယ်လေးတွေဖြစ်တဲ့ မီဂွဲ အက်ဇ်ဇိ၊ ချာလီပါတီနိုနဲ့ ဟတ်ချီဆန်တို့ကို အာတီတာဟာ နေရာပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလူငယ်လေးတွေဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါ၀င်ပြီး အတွေ့အကြုံသစ်တွေက်ု ရှာဖွေခွင့်ရမှာ ဖြစ်ပါတယ်။