အေဘရာဟမ်ကလည်း အာဆင်နယ်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ ဆို
အာဆင်နယ်အသင်းဟာ ရိုးမားတိုက်စစ်မှုးအေဘရာဟမ်ကိုလဲ မန်စီးတီးရဲ့ ဂါဘရီယယ်ဂျေးဆူနဲ့အတူ ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့ The Sun သတင်းစာကဖော်ပြလာပါတယ်။ တစ်ရာသီကို ဂိုး ၂၀ အထက်သွင်းယူနိုင်တဲ့ ကစားသမားလိုအပ်နေတဲ့ အာဆင်နယ်တို့ဟာ ယခင်ကလည်း အေဘရာဟမ်ကို ကြိုးစားခဲ့ဖူးတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့အဆိုအရ အာဆင်နယ်တို့ဟာ ပေါင် ၆၇ သန်းခန့်ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။
ဂီတာဖေးလူငယ်ကို စောင့်ကြည့်နေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဂီတာဖေးအသင်းရဲ့ ဘယ်စွန်နောက်ခံလူ မာသီးယပ်စ် အိုလီဗီရဲရာ ကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့ Tutto Mercato Web ကရေးသားဖော်ပြလာပါတယ်။ အဆိုပါ ပေါ်တူဂီ U-21 လက်ရွေးစင်ဟာ အသင်းများစွာရဲ့ အာရုံကိုဖမ်းစားထားနိုင်ခဲ့သူဖြစ်ပြီး ပြောင်းရွှေ့ကြေးသန်း ၂၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းရေးသားထားကြပါတယ်။ အာတီတာဟာ တီယာနေးရဲ့နေရာကို အရံသင့်သုံးနိုင်ဖို့အတွက် ကစားသမားတွေရှာဖွေစီစဥ်နေရတာလည်းဖြစ်ပါတယ်။

အသင်းနဲ့ ပရိုစာချုပ်ချုပ်ဆိုတော့မယ့် U18 တိုက်စစ်မှုးလေး ဘီလီဗီဂါ
အသက် ၁၈နှစ်အရွယ်ကစားသမားလေး ဘီလီဗီဂါဟာ ရာသီကုန်မှာ အသင်းနဲ့အတူ ပထမဆုံးပရိုစာချုပ်ကို ချုပ်ဆိုတော့မှာဖြစ်တယ်လို့ Arsenal Matchday အစီအစဥ်ကနေတဆင့်ပြောကြားသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့်အနားယူနေရချိန်များရှိခဲ့ပေမယ့် နည်းပြဒန်မစ်ချီရဲ့ U-18 အသင်းအတွက် ပြန်ကစားနိုင်ချိန်ပွဲအနဲငယ်မှာ (နောက်ဆုံး ၉ ပွဲ) ၃ဂိုးသွင်းပြီး ၂ကြိမ်ဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရိုးမားပြန်နိုင်းလ်စ်အတွက် အသင်းသစ်ကသာ ကိုသင့်တော်ကြောင်းရေးသားနေ
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ နိုင်းလ်စ်ဟာ အခြားသော ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပေါင် ၈ သန်းနဲ့ပြောင်းရွှေ့မှာဖြစ်ကြောင်း The Sun သတင်းစာကရေးသားလာပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်းလ်စ်ဟာ စာချုပ်သက်တမ်း ၁ နှစ်ခွဲခန့်ကျန်သေးပေမယ့် အာတီတာရဲ့ အစီအစဥ်မှာပါဝင်နေခြင်းမရှိတာကြောင့် အသင်းကထွက်ခွာတာဟာ အကောင်းဆုံးဖြစ်ကြောင်း HITC ရဲ့ဆောင်းပါးရှင် ဆပ်ဟန်ကာမွန်ဒယ် ကလည်းသုံးသပ်ရေးသားထားပါတယ်။
ဆာလီဘာအတွက် မာဆေးလ်ဖက်က ငွေမတတ်နိုင်ဘူး လို့ ပြင်သစ်သတင်းစာ ရေးသားလာပြန်
ဆာလီဘာကို သဘောကျနေသလို ကာယကံရှင်ဖက် ကလည်းဆက်နေချင်တဲ့သဘောပြောဆိုထားပေမယ့် ကစားသမားရဲ့ တန်ကြေးကို မာဆေးလ်တို့အနေနဲ့ပေးချေနိုင်မှာမဟုတ်ဘူးလို့ ပြင်သစ်သတင်းစာ L’Equippe ကရေးသားဖော်ပြလာပါတယ်။ အဆိုပါသတင်းမှာပဲ ဆာလီဘာကို သန်း ၃၀ ခန့်တန်ကြေးရှိတယ်လို့ရေးသားထားပြီး အာဆင်နယ်အသင်းဟာ ကမ်းလှမ်းမှုတွေရရှိထားတာဖြစ်နိုင်ကြောင်းခန့်မှန်းရေးသားထားပါတယ်။