စိတ်ဝင်စားစရာဖြစ်လာတဲ့ တော်ရဲရား အပြောင်းအရွှေ့

တော်ရဲရားရဲ့ အပြောင်းအရွှေ့ကတော့ ရုတ်တရက် ရှုတ်ထွေးသွားခဲ့ပြန်ပါပြီ။ 

ဖီအိုရင်တီးနားတို့ဟာ အာဆင်နယ်အသင်းဖက်ကို ပြောင်းရွှေ့ကြေးစျေးဆစ်နေရုံမကပဲ  ကစားသမားကိုပါ လစာလျော့ယူခိုင်းနေတာကြောင့် ထင်မှတ်မထားတဲ့အခြေအနေတစ်ရပ်ကနေ  ဥရုဂွေးသားဟာ  အမ်းမရိတ်ဆီကိုဦးတည်နေခဲ့ပါပြီ။ ဒါပေမယ့် သူ့မိခင်အသင်းမှာ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ရဲ့ကျောနံပါတ် ၁၁ ကို မာတင်နယ်လီထံလွှဲပေးထားခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကွင်းလယ်လူဟာ  အစစအရာရာအဆင်ပြေနေတယ်လို့ ယူဆထားတဲ့ အီတလီဖက်ခြမ်းရဲ့ ပြုမူပုံတွေကို အလွန်အမင်းစိတ်ပျက်သွားခဲ့ရတယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူကဆိုပါတယ်။  အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်အရ  ပေါင် ၁၂.၆ သန်းဝန်းကျင်သာကျသင့်မှာဖြစ်ပါတယ်။ ဒီ ပမာဏ ဟာ အလွန်သင့်တော်တဲ့နှုန်းထားဖြစ်သလို  ၊ အာဆင်နယ် ပရိတ်သတ်တွေတောင်မှ  အဆိုပါ ပမာဏအတွက် သူတို့အသင်းတာဝန်ရှိသူတွေကို ဒေါသထွက်နေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဖီအိုရင်တီးနားဖက်က ဆုံးဖြတ်ချက်တွေဟာ အံ့သြစရာကောင်းလောက်အောင်ပဲ  မျှတမှုမရှိတာကိုတွေ့ရပါတယ်။

ကစားသမားရဲ့လစာကိုလည်း တစ်နှစ် ပေါင် ၂.၃ သန်းဆိုတဲ့ပမာဏထက်နဲပါးတဲ့ အခြေအနေကိုလိုချင်နေတာပါ။ တော်ရဲရားကို တစ်ပတ် ပေါင် ၄၄၀၀၀ လောက်တောင်မပေးချင်တဲ့သဘောပါပဲ။

တော်ရဲရားရဲ့ အေးဂျင့်ဖြစ်တဲ့ ဘန်တန်ကာကတော့  တော်တော်လေးစိတ်ပျက်လက်ပျက်နဲ့  Fiorentinanews.com  ကို အဖြေပေးသွားခဲ့ပြီး  ၊ ကစားသမားဟာ လန်ဒန်အထိပြန်ပြီး ဆွေးနွေးမှုတွေပြုလုပ်ရတော့မှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

တချိန်ထဲမှာပဲ ကွင်းလယ်လူ လိုအပ်နေတဲ့ အာဆင်နယ်အတွက် တိုင်လီမန်းစ်နဲ့ သတင်းတွေက ဆက်တိုက်ထွက်လာခဲ့ပြန်ပါတယ်။ တော်ရဲရားဟာ စိတ်ဓါတ်ပြင်းပြပြီး ကစားအားကောင်းတာကြောင့် ပရိတ်သတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပေမယ့် အာတီတာနဲ့တော့ ကစားကွက်ပိုင်း ပနံမသင့်ခဲ့တာကြောင့် အငှားသာထွက်ကစားခဲ့ရပါတယ်။

ထင်မှတ်မထားတဲ့အခြေအနေကနေ အယ်နီနီတစ်ယောက်အသင်းဆီပြန်ရောက်ခဲ့သလို တော်ရဲရားလဲ ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

Advertisement

Leave a Reply

%d bloggers like this: