ရုဇ်အတွက် ယူရိုသန်း၄၀ တောင်းဆိုထားတဲ့ နာပိုလီ 

နောက်ဆုံးရ သတင်းတွေအရ အာဆင်နယ်ဟာ နာပိုလီကွင်းလယ်ကြယ်ပွင့် ဖေဘီယန်ရုဇ်ကို ခေါ်ယူဖို့အတွက် ယူရိုသန်း၄၀(ပေါင်၃၃သန်း) သုံးစွဲရဖို့ ရှိနေပါတယ်။ 

အသက်၂၆နှစ်အရွယ် နာပိုလီကွင်းလယ်လူဟာ ၂၀၂၁-၂၂ဘောလုံးရာသီ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာအခိုင်အမာ ရထားခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲစုံ၃၇ပွဲကစားပြီးချိန်မှာ စပိန်သားဟာ ၇ဂိုးသွင်းခဲ့ပြီး ၄ကြိမ်ဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ 

သူ့ရဲ့ ကောင်းမွန်တည်ငြိမ်တဲ့ ခြေစွမ်းကြောင့် လာလီဂါဘီလူးတွေဖြစ်တဲ့  ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးက ဖေဘီယန်ရုဇ်ကို စိတ်၀င်စားနေကြပါတယ်။ ဒါပေမယ့် သတင်းတွေအရ ဖေဘီယန်ရုဇ်ကို စိတ်အ၀င်စားဆုံး အသင်းဟာ အာဆင်နယ်ဖြစ်တယ်လို့ သိရပါတယ်။ 

နာပိုလီဟာ သူတို့ ကစားသမားရဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းအခြေအနေကြောင်း ကနဦးဈေး ယူရိုသန်း၄၀ တောင်းဆိုထားပါတယ်။ 

ကစားသမားဟာ နာပိုလီနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး နောက်နှစ်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံရှုံးရအောင် နာပိုလီဟာ ဒီနှစ်နွေအပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ ကွင်းလယ်လူကို ရောင်းထုတ်ဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။ 

ပေါင်သန်း၄၀ဆိုတာ ကနဦးဈေးနှုန်းသာ ဖြစ်ပြီး ‌ဆွေးနွေးမှုတွေအပြီးမှာတော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်  နာပိုလီဟာ ဒီထက် အနည်းငယ် ဈေး‌လျှော့ပေးလာနိုင်ချေရှိပါတယ်။ 

အာဆင်နယ်ဟာ ၂၀၂၂အစကတည်းက ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုမှုတွေ စတင်ပြုလုပ်ထားခဲ့ပြီး ကစားသမားဘက်က အလိုရှိမယ့်အရာတွေကို စုံစမ်းထားတယ်လို့ သိရပါတယ်။ 

ဖေဘီယန်ရုဇ်က သူ့ကိုခေါ်ယူမယ်ဆိုရင် အနည်းဆုံးလေးနှစ်စာချုပ်ချုပ်ဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

Advertisement

Leave a Reply

%d bloggers like this: