နောက်ထပ်တစ်ဆင့်တက်ဖို့ အာဆင်နယ်ဘယ်လိုကစားသမားတွေခေါ်ယူသင့်လဲ

ပရီးမီးယားလိဂ်ဂိုးသမားဟောင်းကြီးဖြစ်သူ ပက်ဒီကန်နီက အာဆင်နယ်ဟာ နောက်ထပ် အဆင့်တစ်ခုတက်ရောက်ချင်တယ်ဆိုရင် အတွေ့အကြုံရှိကစားသမားတွေ ခေါ်ယူသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။ 

လက်ရှိ အသင်းမှာ ဆာကာ၊ စမစ်ရိုး၊ အိုဒီဂတ်နဲ့ မာတင်နယ်လီတို့လို လူငယ်ကြယ်ပွင့်ကစားသမားလေးတွေ ရှိနေပြီး ဒီလူငယ်တွေဟာ သူတို့အသက်အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုကို ပြသထားနိုင်ခဲ့သူတွေပါ။ ဒါပေမယ့်လည်း အချို့ပွဲစဉ်တွေမှာ အာဆင်နယ်လူငယ်အစုအဖွဲ့ဟာ အတွေ့အကြုံနုနုယ်မှုနဲ့ ငယ်ရွယ်မှုတွေကြောင့် ခြေစွမ်းမတည်ငြိမ်မှု၊ စိတ်ဓာတ်အတက်အကျမြန်မှု စတဲ့ပြဿနာတွေကို ကြုံတွေ့ခဲ့ရပြီး ရသင့်ရထိုက်တဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် အဆုံးမှာတော့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ 

ဒါပေမယ့် မနှစ်က ဥရောပ၀င်ခွင့်နေရာနဲ့ လွဲချော်ခဲ့တာထက်စာရင် ဒီနှစ်မှာ ယူရိုပါလိဂ်၀င်ခဲ့တဲ့ အသင်းဟာ အများကြီး တိုးတက်လာခဲ့ပြီလို့ ဆိုရမှာပါ။ 

လာမယ့် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် အင်အားတောင့်တင်းတဲ့ လူစာရင်းလိုအပ်နေတဲ့ အာဆင်နယ်ဟာ နွေမှာ ကစားသမားအများအပြားခေါ်ယူဖို့ ရှိနေပါတယ်။ကန်နီကတော့ အာဆင်နယ်ဟာ လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ ဆုဖလားကြီးတွေ ရယူဖူးတဲ့ အတွေ့အကြုံရှိကစားသမားတွေကို အာရုံစိုက်ခေါ်ယူသင့်တယ်လို့ Football Insiderနဲ့ တွေ့ဆုံမှုမှာ အကြံပေးလာခဲ့ပါတယ်။ 

Advertisements

သူတို့(အာဆင်နယ်)မှာ အတွေ့အကြုံများတဲ့ ခေါင်းတစ်ခုလိုအပ်နေပါတယ်။” 

သူတို့မှာ အတွေ့အကြုံရင့် ကစားသမား တစ်ဦး ဒါမှမဟုတ် နှစ်ဦးလောက် ရှိပြီးသား ဖြစ်နိုင်ပါတယ်။ဒီလို အတွေ့အကြုံရင် ကစားသမားနည်းပါးတာကြောင့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ (စပါးရဲ့နောက်မှာ) သူတို့နောက်ကောက်ကျခဲ့ရတာ ဖြစ်နိုင်ပါတယ်။” 

စပါး၊နယူးကာဆယ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းဟာ တည်ငြိမ်မှု ကင်းမဲ့ခဲ့သလို စိတ်ပျက်စရာကောင်းခဲ့ပြီး အသင်းကို ဦးဆောင်နိုင်တဲ့ အာဆင်နယ် ကစားသမားမျိုး ကွင်းထဲမှာ မရှိခဲ့ပါဘူး။သူတို့ရဲ့  တည်ငြိမ်အေးဆေးမှုတွေကို ဆုံးရှုံးခဲ့ရပြီး တကယ်ကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။” 

ဒီလို အခိုက်အတန့်တွေမှာ အရာအားလုံးကို ငြိမ်သက်သွားစေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ တွေးနိုင်တဲ့ ဦးနှောက်တစ်ခု လိုပါတယ်။အာဆင်နယ်မှာ ဒီလိုမျိုး ဦးနှောက်မရှိသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ 

နောက်ရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်းစာရင်း ၀င်ဖို့၊ပိုကောင်းတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ဖို့ ဆိုရင် ဒါဟာ( အတွေ့အကြုံရင့် ကစားသမားခေါ်ယူတာဟာ) ကျွန်တော် အတိအကျလုပ်ဆောင်သွားမယ့်အရာပါပဲ” 

ချန်ပီယံလိဂ်ဖလားလိုမျိုး အဓိကပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရခဲ့တဲ့ ကစားသမားကို သွားပြီး ခေါ်လိုက်စမ်းပါဗျာ” 

အာတီတာဟာ အသင်းကို လူငယ်အင်အားစုတွေနဲ့ အဓိက အခြေခံတည်ဆောက်ပြီး အောင်မြင်မှုတွေ ရယူချင်နေတာ ဖြစ်ပေမယ့် အသင်းဟာ အတွေ့အကြုံရင့်၊ဝါရင့်သမ္ဘာရင့် ကစားသမားတွေကိုလည်း လိုအပ်တယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ပါဘူး။ 

ကမ္ဘာပေါ်မှာ ရှိတဲ့အကောင်းဆုံးဆိုတဲ့ အသင်းတွေဟာ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို အချိုးကျကျပေါင်းစပ်ပြီး အသင်းရဲ့ လူစာရင်းကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ဒါဟာ လုံး၀ကို အာဆင်နယ်လိုအပ်နေတဲ့ အရာပဲ ဖြစ်မှာပါ။

Original Article Here

Advertisement

Leave a Reply

%d bloggers like this: