“အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့” – အေဘရာဟမ် 

ချဲလ်ဆီးကနေ ရိုးမားအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် အေဘရာဟမ်ဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းပြကစားနေပါတယ်။ဒါ‌ကြောင့်ရိုးမားအတွက်  စီးရီးအေသွင်းဂိုး ၁၇ဂိုးအထိ သွင်းယူထားတဲ့ အင်္ဂလန်သားကို ဂန်း‌နားတွေဟာ လန်ဒန်မြေဆီပြန်လည်ခေါ်ဆောင်ဖို့ စိတ်၀င်စားနေကြပါတယ်။ 

အာဆင်နယ်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် လာကာဇက်တီ၊အန်ကက်တီးယားရဲ့ နေရာအစားထိုးဖို့အတွက် တိုက်စစ်မှူးအသစ်တွေခေါ်ယူ‌ဖို့ ရှိနေပြီး ကစားသမားအများအပြားနဲ့ သတင်းတွေ ဆက်တိုက်ထွက်နေခဲ့ပါတယ်။ရိုးမားမှာ တစ်ရာသီကြာဖြတ်သန်းခဲ့ပြီးနောက်မှာ အီတလီမြေကို စွန့်ခွာနိုင်ချေရှိတဲ့ အေဘရာဟမ်ကို အာဆင်နယ်က သူတို့ရဲ့ တိုက်စစ်ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပုံရပါတယ်။ 

မကြာသေးမီကတော့ ရိုးမားတိုက်စစ်မှူးက လာမယ့် နွေရာသီမှာ အီတလီမြေကနေ ထွက်ခွာတော့မလား ဒါမှမဟုတ် ရိုးမားမှာပဲ ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ခုလိုမျိုး ဖြေကြားလာခဲ့ပါတယ်။ 

“ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပါပဲ၊ ဒီအသင်းကို ပထမဆုံးစရောက်နေတဲ့ နေ့ကတည်းက ချစ်မိသွားခဲ့တာပါ။ကျွန်တော့်ရဲ့သွင်းဂိုးတွေ၊ဂိုးဖန်တီးမှုတွေနဲ့ အသင်းကို ကူညီနိုင်ဖို့ အမြဲကြိုးစားသွားမှာပါ” 

“ဒီနှစ်ဟာ ကျွန်တော့်အတွက် တကယ်ကို ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ဒီနှစ်မှာ နောက်ထပ်တိုးတက်မှုအတွက် အခြေခံကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်မိပြီး ဆုဖလားတစ်ခုနဲ့ ဒီရာသီကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ဒါဆိုရင် ကျွန်တော့်အတွက် တကယ့်ကို ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ်ဖြစ်လာမှာပါ။” 

“ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်။ကျွန်‌တော် ဘယ်သူလဲဆိုတာ သက်သေပြခွင့်ရဖို့ သူတို့က အခွင့်အရေးပေးခဲ့တာပါ။ကျွန်‌တော့်ရဲ့နှလုံးသားက ဒီမှာပါ။အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်တာပေါ့။ဒါပေမယ့် ကျွန်တော့်နှလုံးသားက ဒီမှာပဲ ရှိနေပါတယ်။” 

အေဘရာဟမ်ဟာ ဘယ်လိုဂိုးမျိုးမဆို သွင်းယူနိုင်စွမ်းရှိပြီး အလားအလာကောင်းတွေအများကြီးရှိတဲ့ တိုက်စစ်မှူးဖြစ်တယ်ဆိုတာကို မော်ရင်ဟိုရဲ့ လက်အောက်မှာ သက်သေပြနိုင်ခဲ့ပါတယ်။သူဟာ အာဆင်နယ်လိုအပ်နေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်နိုင်ပေမယ့် အီတလီမြေမှာ ပျော်ရွှင်နေပုံပေါ်တာကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်မယ့်ပုံတော့ ရှိပါတယ်။ဒါပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အတိအကျ ပြောထားခြင်းမရှိတာကြောင့် အာဆင်နယ်အနေနဲ့ အေဘရာဟမ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေဆဲပါပဲ

Advertisement

Leave a Reply

%d bloggers like this: