အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ အတွင်းနောက်ခံလူတွေထဲက ဝီလီယံဆာလီဘာ ပြန်လည်ရောက်ရှိလာမယ်ဆိုရင် ခံစစ်အင်အား ပိုမိုတောင့်တင်းသွားမှာ ဖြစ်ပါတယ်။ ဒါကအခြေခံအချက်ပေါ့လေ။ အခုချိန်ထံ ဆာလီဘာဟာ ကျွန်တော့်အခြေအနေဘာမှန်းမသိပါဘူးပြောတာရော .. မာဆေးလ်ဥက္ကဌကို ကျွန်တော်ဆက်နေချင်ပါတယ်ပြောတာရော သတင်းကအစုံဖြစ်နေပါတယ်။ အာဆင်နယ်ပဲ မှားနေသလား .. ကစားသမားကပဲ ခံစားချက်များနေသလား မပြောတတ်ပါဘူး။ ဒါကြောင့် ဆာလီဘာကိစ္စဟာ Case Close မလုပ်နိုင်သေးပါဘူး။
အာဆင်နယ်က ပိုလျှံနေတဲ့ကစားသမားတွေကို ရောင်းချပြီး လူစာရင်းကို ကျစ်လှစ်အောင် ပြုလုပ်လေ့ရှိတာမို့ ဆာလီဘာ သာပြန်ရောက်လာခဲ့ရင် ကစားသမားအထွက်ကတော့ ရှိဦးမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အာဆင်နယ်မှာ မကစားရသေးတဲ့ ဝီလီယံဆာလီဘာနဲ့ အရန်လူအဖြစ်သာ ကစားနေရတဲ့ ရော့ဘ်ဟိုးဒင်းတို့ကို အာဆင်နယ်က ရောင်းချလိမ့်မယ်လို့ ပရိတ်သတ်တွေ ထင်ထားကြပါလိမ့်မယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ အသင်းရဲ့ အဓိက နောက်ခံလူ ဂေဘရီယယ်မက်ဂါဟေးစ်က ထွက်ခွါဖို့ ရေပန်းစားလာခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ခြေအားပြုပြီး ပြိုင်ဘက်ကို မနားတမ်းဖိအားပေးနိုင်တဲ့ကစားပုံက လာမယ့်ရာသီ ချီလီနီကို လက်လွှတ်ရမယ့် ဂျူဗင်တပ်စ်နဲ့ ခံစစ်လူ လိုအပ်နေတဲ့ ဘာစီလိုနာတို့အတွက် စိတ်ကြိုက်ကစားသမား ဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ ဆာလီဘား ပြန်ရောက်လာရင် ဂေဘရီရယ်မက်ဂါဟေးစ်ကို မထင်မှတ်ဘဲ ရောင်းချသွားဖို့ရှိနေပါကြောင်း အီတလီသတင်းစာ Tutto Sport ကနေ ရေးသားသွားခဲ့ပါတယ်။

ဒီသတင်းဟာ နမိတ်ပြတဲ့သတင်းတစ်ခုအဖြစ်သာမှတ်ယူထားလို့ရပေမယ့်လည်း အာဆင်နယ်တို့အနေနဲ့ ဘာလုပ်မယ်ဆိုတာ ခန့်မှန်းရခက်နေပါတယ်။ ဒီဖက်နှစ်တွေမှာ System တစ်ခုအောက်ကနေသွားနေတယ်လို့ ဆိုထားပေမယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာလည်း မြန်ဆန်နေတဲ့သာဓကတွေရှိနေတာမို့ ဘာမှကြိုပြောလို့မရတာကိုလည်းထည့်ထွက်ထားရပါမယ်။ ဖြစ်နိုင်ချေကတော့အလွန်ပဲနဲပါးလှပါတယ်။ ဂါဘရီယယ်ပြသနေတာ ခြေစွမ်းတစ်ခုထဲတင်မကပဲ ပြင်းပျတဲ့ စိတ်ဆန္ဒပါရှိနေတာကြောင့် အသင်းကပ္ပတိန်သစ်နဲ့ပတ်သတ်တဲ့ သတင်းတွေထွက်လာတိုင်း ဒီဘရာဇီးနောက်ခံလူဟာ နာမည်ပါလေ့ရှိသူဖြစ်ပါတယ်။
အကယ်၍သာ ပြင်သစ်သားအနေနဲ့ အဂ်လန်မြေကိုပြန်လာမယ်ဆိုရင်တော့ သူမှန်းထားတဲ့ပွဲထွက်ချိန်မရနိုင်သေးပါဘူး. သို့သော် အာဆင်နယ်ဖက်ကကြည့်ရင်လဲ ဘန်ဝှိုက်နဲ့ ဂါဘရီယယ်အတွဲနဲ့တင် ဥရောပအဆင့်ကိုရင်ဆိုင်မလို့ မရတာကလည်းအသေအချာပါပဲ။ အမ်တီတီလိုကစားသမားများနဲ့လည်းနာမည်ထွက်နေတဲ့အတွက်ကြောင့် ဆာလီဘာ ၊ ဘန်ဝှိုက် ၊ ဂါဘရီယယ်ဆိုတဲ့အခင်းအကျင်းမဟုတ်ရင်တောင် တတိယမြောက်ထိပ်တန်းနောက်ခံလူကိုတော့ ပရိတ်သတ်တွေမျှော်လင့်ထားလို့ရတဲ့အခြေအနေမှာရှိနေပါတယ်။
Thanks for reading our contents.