ဘဲလတ်ဒ်ရဲ့ခြေစွမ်းအပေါ်မျှော်လင့်ချက်ထားနေကြ
မီလ်ဝေါအသင်းကို အငှားနဲ့သွားကစားနေခဲ့တဲ့ လူငယ်နောက်ခံလူ ဘဲလတ်ဒ် ဟာ ဒဏ်ရာရရှိထားခဲ့တာကြောင့် ရာသီကုန်ထဲ့အထိ မီဝေါလ်နဲ့အတူ မကုန်ဆုံးတော့ပဲ လန်ဒန်ကို ပြန်ရောက်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကစားသမားလေးဟာ ၃၃ ပွဲကစားရာမှာ ၃၁ ကြိမ်ပွဲထွက်ခွင့်ရတဲ့အထိ အစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြန်ပြည့်ဝလာတဲ့အခါ ထပ်ပြီးအငှားချခံရခြင်းသာမရှိပါက အသင်းမှာနေရာရမယ့်သူအဖြစ် ထင်ကြေးပေးနေကြပါတယ်။ မီဝေါလ်နည်းပြ ရိုဝက် ကလည်း “ သူဒီအသင်းမှာကစားတာ သိပ်ကောင်းခဲ့ပါတယ် .. အခွင့်အရေးသာရရင် ပြန်လာကစားဖို့ကိုလည်း ကြိုဆိုပါတယ် .. ဒါပေမယ့် အာဆင်နယ်က သူ့ကို မတူညီတဲ့စိန်ခေါ်မှုတွေအတွက်ပဲစီစဥ်ပေးသွားမယ်လို့ထင်ပါတယ် “ ဆိုပြီး ပြောဆိုထားပါတယ်။
နာမည်ကျော်တွေခေါ်ယူသွားမယ်လို့ အာတီတာအတည်ပြုလာ
နည်းပြအာတီတာက လာမယ့်ရာသီမှာ အသင်းကို လိုအပ်တဲ့နေရာတွေကို လိုအပ်သလိုဖြည့်တင်းသွားမှာဖြစ်ပြီး ၊ လူငယ်များကိုခေါ်ယူခြင်းထက် စီနီယာအဆင့်တွေကိုခေါ်ယူမှာဖြစ်ကြောင်း အတည်ပြုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခေါ်ယူမှုတွေမှာ အသက် ၁၈-၁၉ အရွယ်များကိုသာဦးစားပေးခေါ်ယူလေ့ရှိသော်လည်း ယခုအပြောင်းအရွှေ့ဟာ ခြားနားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
ဘက်တစ်နဲ့ စာချုပ်ကုန်ပေမယ့် ဘယ်လာရင်ကို အမ်းမရိတ်မှာမြင်ရဖို့မသေချာသေး
အာဆင်နယ်အသင်းကို ပြန်လာခဲ့ပြီဖြစ်ပေမယ့် ရေရှည်အစီအစဥ်တွေမှာ ဘယ်လာရင်ပါဝင်လာဖို့မရှိကြောင်း ဖေဘရီဇီယိုရိုမာနိုက သုံးသပ်ပြောကြားလာခဲ့ပါတယ်။ ထို့အပြင် အာတီတာကလည်း ကစားသမားတစ်ယောက်ဟာ အသင်းရဲ့ အစီအစဥ်တွေနဲ့ အံဝင်မှုရှိမရှိအပေါ်မှာသာမူတည်ပြီး သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ပရိတ်သတ်တွေအနေနဲ့ကတော့ တိုမီယာစုအပေါ်မှာ အလုံးစုံမှီခိုနေရတဲ့ အာဆင်နယ်ရဲ့ ညာတောင်ပံခံစစ်ကို အင်အားဖြည့်တင်းစေချင်နေကြတာဖြစ်ပါတယ်။
လီနိုကို သဘောကျပေမယ့် ၁၀သန်းအောက်ပဲပေးလိုနေတဲ့ ဘင်ဖီကာ
အာဆင်နယ်ဂိုးသမား လီနိုကိုခေါ်ယူဖို့အတွက် လတ်တလောမှာ ဘင်ဖီကာအသင်းက အတက်ကြွဆုံးဖြစ်နေပေမယ့် အာဆင်နယ်လိုချင်နေတဲ့ ပေါင် ၁၀ သန်းအထက် ကိုတော့ ပေးချေလိုတဲ့ဆန္ဒမရှိဘူးလို့ Daily Cannon က ဖော်ပြလာပါတယ်။ လီနိုရဲ့ ကိုယ်စားလှယ်ကတော့ အသင်းဟောင်း လီဗာကူဆင်အပါအဝင် ဂျာမနီဖက်ကအသင်းတွေကလည်း လီနိုကို စိတ်ဝင်စားနေတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။
ဆာကာကို စာချုပ်မချုပ်နိုင်မှာစိုးရိမ်နေတဲ့ သတင်းထောက်
Goals ရဲ့နာမည်ကျော်သတင်းထောက်ဖြစ်သူ ချားလ်စ်ဝက်စ်ကတော့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခြင်းမရခြင်းအပေါ်မူတည်ပြီး ဆာကာကို ဆုံးရှုံးရမှာစိုးရိမ်မိကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
“ ဆာကာလိုကစားသမားကို အမြဲတမ်းခေါ်ထားဖို့ဆိုတာ မလွယ်ပါဘူ .. ဒါက သိသာပါတယ်။ ဒါပေမယ့်လည်း ဆာကာတစ်ယောက် ကာလရှည်စာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားနိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ် ။ ဆာကာဟာ အာဆင်နယ် လက်မလွှတ်ချင်တဲ့ ကစားသမားဖြစ်ပါတယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။