မာဗရိုပါနို့စ် သို့မဟုတ် အခွင့်အရေးမရခဲ့တဲ့ ဂန်းနားဟောင်းတစ်ဦး

မာဗရိုပါနို့စ်က‌တော့ twitterကနေ အသင်း၊အသင်းဖော်တွေနဲ့ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုသွားခဲ့ပါပြီ။၂၀၁၈မှာ ပေါင်၁.၈သန်းနဲ့ လန်ဒန်ကို ရောက်လာခဲ့တဲ့ ဂရိသားကို အာဆင်နယ်ဂျာစီနဲ့တောင် ပရိသတ်တွေ ကောင်းကောင်းမမြင်လိုက်ရပါဘူး။ 

မာဗရိုပါနို့စ်ရဲ့ လက်ရှိတန်ကြေးဟာ ပေါင်၁၅.၃၀သန်း ရှိနေပေမယ့် အာဆင်နယ်ကတော့ စတုဂတ်ကို ပေါင်၂.၈၈သန်းတည်းနဲ့ ရောင်းချခဲ့တာပါ။ အငှားစာချုပ်မှာ အပြီးသတ်၀ယ်ယူခွင့် ပါပေမယ့်လည်း ဒီလို တန်ကြေးနည်းနည်းနဲ့ ရောင်းချခဲ့တဲ့ အသင်းရဲ့လုပ်ရပ်ဟာ မေးခွန်းထုတ်စရာတစ်ခုပါပဲ။ 

ဘာပဲ ဖြစ်ဖြစ် အပြောင်းအရွှေ့ဟာ ပြီးသွားခဲ့ပါပြီ။ မာဗရိုပါနို့စ်ကတော့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ သူ့ရဲ့နှုတ်ဆက်စကားမှာ ဆိုခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀ ပထမဆုံးမှတ်တိုင် တစ်ခုဖြစ်ခဲ့ပါတယ်။အများကြီး သင်ယူလေ့လာခဲ့ရပြီး ကစားသမားတစ်ယောက်အနေနဲ့ရော သာမန်သူတစ်ယောက်အနေနဲ့ပါ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။သူငယ်ချင်းတွေလည်းရခဲ့ပြီး ကြီးမားတဲ့ အထောက်အပံ့တွေလည်း ရခဲ့ပါတယ်။အားလုံးကို ကျေးဇူးတင်စကားပြောချင်ပြီး အသင်းကိုလည်း အမြဲတမ်း အောင်မြင်နေစေချင်ပါတယ်။” 

မာဗရိုပါနို့စ်ကို ငွေကြေးအနည်းငယ်နဲ့ ရောင်းချခဲ့တာကို ဖယ်လိုက်ရင်တောင် အာဆင်နယ်ဟာ သူ့ကို အခွင့်အရေးဘာလို့ မပေးခဲ့တာလဲဆိုတာ မေးခွန်းထုတ်ဖို့ ကျန်နေဦးမှာပါပဲ။ မာဗရိုပါနို့စ်ဟာ သူရဲ့ခြေစွမ်းကို သက်သေပြဖို့ တကယ်ပဲ အခွင့်အရေးမရခဲ့ပါဘူး။ 

ဘန်ဝှိုက်၊ဂါဘရီယယ်တို့ရဲ့ ခြေစွမ်းနဲ့တော့ နှိုင်းယှဉ်လို့ မရသေးပေမယ့် ဂရိသားလေးဟာ ဟိုးလ်ဒင်းနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်းရှိသူ ဖြစ်တယ်။ ဂျာမန်မြေမှာ သူပြခဲ့တဲ့ ခြေစွမ်းအရဆိုရင် ဟိုးလ်ဒင်းထက်တောင် ကောင်းတဲ့ ကစားသမားတစ်ဦးလို့ ဆိုနိုင်ပါတယ်။ 

မာဗရိုပါနို့စ်ဟာ အာဆင်နယ်နဲ့အတူ ရှစ်ပွဲသာ ပွဲထွက်ခွင့်ရပြီး နှစ်ရာသီဆက် အငှားထွက်ကစားခဲ့ရပါတယ်။အသက်၂၄နှစ်သာ ရှိသေးတဲ့၊အလားအလာတွေအများကြီးရှိသေးတဲ့ ကစားသမားတစ်ဦးဟာ ဘာလို့ အသင်းရဲ့အနာဂတ်မှာ မပါ၀င်တာလဲဆိုတာ အာတီတာအသိဆုံးဖြစ်ပါလိမ့်မယ်။

Thanks for reading our content

Advertisement

Leave a Reply

%d bloggers like this: