အာဆင်နယ်ဂန္တဝင်တစ်ဦးဖြစ်တဲ့ မာတင်ကီအွန်ကတော့ သူ့အနေနဲ့ စပါးအသင်းက ဂန်းနားတို့ကို ကျော်တက်သွားမယ့်အဖြစ်ကို အမြဲတန်း စိုးရိမ်နေခဲ့ကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။ စပါးအသင်းဟာ ထိပ်တိုက်တွေ့တဲ့ပွဲစဥ်မှာ အနိုင်ယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဆက်တိုက်ခြေမှန်နေပေမယ့် အာဆင်နယ်တို့ကတော့ နယူးကာဆယ်ကို ဆက်လက်ရှုံးနိမ့်ကာ အဆင့် ၄ နေရာကိုလက်လွှဲပေးခဲ့ရပါတယ်။ အခုအချိန်မှာတော့ စပါးအသင်းရဲ့ ခြေချော်မှုကို ပြန်လည်မျှော်လင့်နေရပြီလဲဖြစ်ပါတယ်။
Talk Sports နဲ့တွေဆုံရာမှာ မာတင်ကီအွန်က
“ နောက်ဆုံးတော့လဲ အရည်အသွေးအကြောင်းပဲပြောရတော့မှာပေါ့ဗျာ .. နယူးကာဆယ်နဲ့ပွဲမှာ ကစားသွားကြပုံတွေက တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့အနေအထားမှာဖြစ်ပါတယ်။ အာဆင်နယ်က စိတ်ပျက်စရာကောင်းနေချိန်မှာ စပါးတို့ကတော့ ခြေတော်တော်မှန်နေပါတယ် .. “
“ ကျွန်တော်က အမြဲတမ်းလိုလို စပါးက အာဆင်နယ်ကို ကျော်တက်သွားနိုင်တယ်ဆိုတာ တွေးနေခဲ့ပါတယ်။ ပွဲစဥ်ဇယားရေးဆွဲမှုကိုကြည့်ပြီးတော့လဲ စိတ်ပူနေခဲ့တာပါ .. အာဆင်နယ်အသင်းတိုးတက်လာတာမှန်ပါတယ် .. အဆင့် ၈ အခုအဆင့် ၅ စသည်ဖြင့်ပေါ့ဗျာ … ဒါပေမယ့် အာတီတာအနေနဲ့လဲ အချိန်ပိုရဖို့လိုသလို ၊ အခုလဲ ၃ နှစ်စာချုပ် ချုပ်ဆိုထားပြီးသားဆိုတော့ ကျွန်တော်တို့ ဆက်ပြီးစောင့်ကြည့်ကြတာပေါ့ .. ဒါပေမယ့် လိုအပ်တဲ့ ကစားသမားတွေကိုတော့ ရအောင်ဝယ်မှဖြစ်ပါလိမ့်မယ် “ ဆိုပြီးပြောခဲ့တာပါ။
သူ့အဆိုအရတော့ အာတီတာအနေနဲ့ အသင်းကိုဆွဲတင်နိုင်တာမှန်ပေမယ့် ကစားသမားအရည်အသွေးပိုင်းဆိုင်ရာမှာ ပြဿနာရှိတယ်လို့ မာတင်ကီအွန်က ယူဆနေတာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့အနေနဲ့ နောက်ဆုံးပွဲစဥ်မှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး ၊ စပါးနဲ့ ယှဥ်ပြိုင်မယ့်နောဝစ်ချ်စီးတီးကိုလည်း အားပေးသွားမှာဖြစ်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။
အခြေအနေအရတော့ အာဆင်နယ်တို့အနေနဲ့ ကိုယ့်အလုပ်ကိုယ်သေချာအောင်လုပ်ထားတာကသာ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။ လိုအပ်တဲ့ကစားသမားဖြည့်တင်းမှုအတွက်ကတော့ သတင်းမျိုးစုံထွက်နေပြီး မန်စီးတီးတိုက်စစ်မှုးဂျေးဆူက အနီးစပ်ဆုံးဖြစ်နေပုံရပါတယ်။ ဘရာဇီးလူငယ်တိုက်စစ်ကစားသမား မာကွင်ဟို့စ်က တော့ ကြေငြာဖို့ပဲကျန်တော့တဲ့အဆင့်လို့လဲ သိရပါတယ်။
Thanks for reading our articles.