ဒန်နီလိုကို ပီအက်ဂျီကလဲ ကြိုးစားဖို့ရှိနေ
အာဆင်နယ်အသင်းကခေါ်ယူဖို့နာမည်ထွက်နေတဲ့ ပါးမီးယပ်စ်ကွင်းလယ်လူ ဒန်နီလိုကို ပီအက်စ်ဂျီကလဲ ခေါ်ယူဖို့ ကြိုးစားလာနေကြောင်း Calciomecato.it ကရေးသားဖော်ပြလာပါတယ်။ ငယ်ရွယ်ပြီး ခြေစွမ်းကောင်းတွေပြသထားတဲ့ ဒန်နီလို ကိုအာဆင်နယ်ကွင်းလယ်အတွက် သဘောကျတဲ့ ပရိတ်သတ်တွေများပြားနေကြချိန်မှာ ပြင်သစ်ကလပ်ဖက်ကလည်း လိုချင်နေကြောင်းသတင်းထွက်လာတာဖြစ်ပါတယ်။ ကစားသမားရဲ့တန်ကြေးကတော့ သန်း ၂၀ ခန့်သာရှိတာဖြစ်ပါတယ်။
မက်ကင်နီကို အပြိုင်လုကြမယ့်အသင်းတွေထဲ အာဆင်နယ်ပါဝင်နေ
Tuttojuve သတင်းဌာနရဲ့ဖော်ပြလာချက်အရ အာဆင်နယ် ၊ စပါးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ဂျူဗင်တပ်ကွင်းလယ်လူ မက်ကင်နီကို အပြိုင်ကြိုးစားကြဖွယ်ရှိတယ်လို့ရေးသားလာပါတယ်။ အသက် ၂၃ နှစ်အရွယ် အမေရိကန်ကွင်းလယ်လူဟာ တူရင်ကလပ်ရဲ့ အနာဂတ်မှာ ပါဝင်နေခြင်းမရှိတာကြောင့် အသင်းပြောင်းဖို့ စီစဥ်နေရတာဖြစ်ပြီး ၊ အသင်းအားလုံးဟာ ကစားသမားရဲ့ တန်ကြေးဖြစ်တဲ့ ပေါင် ၃၄ သန်းခန့်ကို ပေးချေဖို့အစီအစဥ်ရှိကြောင်း အဆိုပါသတင်းမှာရေးသားဖော်ပြထားပါတယ်။
ချန်ပီယံလိဂ်ဝင်ဖို့ရည်မှန်းချက်ထားတာက လျှိ့ဝှက်ထားစရာမဟုတ်ဘူးလို့ အာတီတာ ထုတ်ပြော
အာတီတာကတော့ အသင်းကိုပိုမိုတိုးတက်လာအောင်ကြိုးစားနေတဲ့ကိစ္စမှာ ဘာမှ လျှို့ဝှက်ချက်မရှိကြောင်း အခုလိုပဲပြောပြလာပါတယ်။
“ အသင်းကို ချန်ပီယံလိဂ်ဝင်ပြီးနောက်တစ်ဆင့်တက်သွားနိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ .. ဒီအတွက်ကိုလည်း အကောင်းဆုံးကြိုးစားနေခဲ့ပါတယ်။ ဒါက လျှိ့ဝှက်ချက်တစ်ခုလည်းမဟုတ်ပါဘူး .. အသင်းအတွက် လိုအပ်တဲ့ ကစားသမားအရည်အသွေးရော ၊ အရေအတွက်ပါလိုအပ်ပါတယ်။ ဒါကိုလည်း လုပ်ရိုးလုပ်စဥ်တွေအတိုင်းပဲ ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်သွားမှာဖြစ်ပါတယ် “ လို့ Arsenal Media နဲ့တွေ့ဆုံမှုမှာ ပြောပြလာတာဖြစ်ပါတယ်။

အသင်းမှာ ဆက်နေဖို့သေချာပေမယ့် ဖျက်သိမ်းကြေးတစ်ရပ်ထည့်သွင်းချုပ်ဆိုဖို့ အသင်းကို ဆာကာတောင်းဆို
လူငယ်လေးဆာကာဟာ အာဆင်နယ်အသင်းနဲ့ချုပ်ဆိုမယ့် စာချုပ်သစ်မှာ ဖျက်သိမ်းကြေးတစ်ရပ်ကို ထည့်သွင်းချုပ်ဆိုသွားဖို့တောင်းဆိုထားကြောင်း Daily Mail သတင်းစာကဖော်ပြလာပါတယ်။ ဆာကာဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သလို စာချုပ်သက်တမ်းကလဲ ၁၂ လသာကျန်တော့တာဖြစ်လို့ အာဆင်နယ်တို့နဲ့ သက်တမ်းတိုးဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။ ဆာကာ အနေနဲ့ အမ်းမရိတ်မှာ ဆက်နေမှာ သေချာပေမယ့် အနာဂတ်အတွက် အချက်အလက်အချို့ကို ကြိုတင်ပြင်ဆင်နေပုံရတယ်လို့ သုံးသပ်နေကြပါတယ်။ ၂၀၁၈-၁၉ မှာ အသင်းကြီးအတွက်ပွဲထွက်ခဲ့တဲ့ ဆာကာဟာ ပွဲပေါင်း ၁၃၀ ကစားထားပြီး ၂၃ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။
နယူးကာဆယ်က အာဆင်နယ်ကို ကျော်တက်လိမ့်မယ်လို့ မာဆင်ရေးသား
ဂန္တဝင်ကြီးပေါလ်မာဆင်ကတော့ နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီမှာ အာဆင်နယ်ရဲ့အပေါ်မှာ ရပ်တည်နေလိမ့်မယ်ဆိုပြီး ပြောဆိုလာပါတယ်။ The Daily Star အတွက်ရေးသားတဲ့ဆောင်းပါးမှာ ပေါလ်မာဆင်ဟာ အကြီးအကျယ်စိတ်ပျက်နေတဲ့အရေးအသားအချို့ကို သုံးနှုံးသွားခဲ့ပြီး နာကျင်ရကြောင်းပြောဆိုထားပါတယ်။
“ အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ထွက်ခွာမယ်ဆိုပြီး ပြောနေကြမယ့် သူတွေရှိတာကို ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။ ဒါက ကျွန်တော့်ကို အနာကျင်ရဆုံးပါပဲ ..သူတို့မှာ အခွင့်အရေးရှိခဲ့ကြတာပဲ ..သူတို့ကိုယ်တိုင်ပဲဖျက်ဆီးခဲ့ကြတာပါ “ ဆိုပြီး ရေးသားလာတာဖြစ်ပါတယ်။
Thank for reading our contents.