လာမယ့်ရာသီမှာ အာဆင်နယ်အသင်း အစားထိုးရမယ့် ကစားသမား ၇ယောက်

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ပေါင်သန်း ၁၅ဝကျော်သုံးစွဲပြီး အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာသီကုန်မှာ အဆင့် ၄၊ ၅ လောက်နဲ့သာ ပိတ်သိမ်းနိုင်တော့မှာမို့ အောင်မြင်မှုတွေ အလီလိရရှိခဲ့ဖူးတဲ့ အသင်းရဲ့ သမိုင်းကြောင်းအတိုင်း အနာဂတ်မှာ ဖြစ်ဖို့ဆိုရင် လာမယ့်ရာသီကိုလည်း အပြောင်းအလဲတွေ ထပ်မံလုပ်ဖို့ လိုအပ်နေပါတယ်။

ဘယ်နေရာက ဘယ်ကစားသမားတွေကို အစားထိုးသင့်သလဲဆိုတာနဲ့ ပက်သက်ပြီး Daily Express က အခုလိုပဲ ပြုစုပေးခဲ့ပါတယ်။

၁။ အလက်ဇန္ဒားလာကာဇက်

လာကာဇက်က လာမယ့်ရာသီ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ အာဆင်နယ်ကလည်း စာချုပ် ထပ်မံချုပ်ဆိုမှာ မဟုတ်သလို ယခုနှစ် ပရီးမီးယားလိဂ််မှာ ၄ဂိုးသာ သွင်းယူခဲ့တဲ့ လာကာဇက်ရဲ့ နေရာကို အာဆင်နယ်အနေနဲ့ Upgrade လုပ် အစားထိုးဖို့ လိုအပ်ပါတယ်။

၂။ အန်ကတ်တီးယာ

ကစားချိန်လိုအပ်တာကြောင့် စာချုပ်သစ်တွေ ငြင်းဆန်ခဲ့တဲ့ အက်ဒီကတော့ အာဆင်နယ်ကနေ ထွက်ခွါတော့မှာပါ။ နောက်ဆုံး ၇ပွဲမှာ ၄ဂိုး သွင်းယူထားတဲ့ အက်ဒီရဲ့ ခြေစွမ်းက တိုးတက်မှုတွေ လိုအပ်နေသေးသလို အာဆင်နယ်အသင်းရဲ့ ဦးစားပေးတိုက်စစ်မှုးအဆင့်မှာလည်း ရှိမနေတာကြောင့် သူ့နေရာကိုလည်း အစားထိုးဖို့ တိုက်စစ်မှုးကောင်းတစ်ဦး လိုမပ်နေပါတယ်။

၃။ နူနိုတာဗာရက်စ်

တာဗာရက်စ်လို လူငယ်ကစားသမားမျိုးကို အာဆင်နယ်အနေနဲ့ စိတ်ရှည်ရပါမယ်။ ဒါကြောင့်လည်း အလျင်စလို အသင်းမှာ မသုံးသေးဘဲ လာမယ့်ရာသီ အငှားချထားပြီး သူ့နေရာကို ပိုကောင်းတဲ့ ဘယ်နောက်ခံလူနဲ့ အစားထိုးကာ တီယာနေးနဲ့ ယှဥ်ပြိုင်ခိုင်းဖို့ လိုအပ်နေတာပါ။

၄။ ဆီဒရစ်ဆွာရက်စ်

ဆွာရက်စ်က ယခုရာသီမှာ တိုမီယာဆုရဲ့ ဒါဏ်ရာအခြေအနေတွေကြောင့် ပုံမှန် ကစားနေရတဲ့သူပါ။ ဒါပေမယ့်လည်း အသင်းရဲ့ ပွဲထွက်စာရင်းမှာ အားအနည်းဆုံးကစားသမားဖြစ်နေသလို လာမယ့်ရာသီမှာလည်း ထွက်ခွါနိုင်ခြေ ရှိနေတာကြောင့် အစားထိုးကို ထိုးရမယ့် ကစားသမားနေရာ ဖြစ်ပါတယ်။

၅။ နီကိုလပ်စ်ပေပေ

 ပြီးခဲ့တဲ့နှစ် အောက်တိုဘာနောက်ပိုင်းကတည်းက ပွဲမထွက်ရတော့တဲ့ ပေပေက အသင်းက ထွက်ခွါဖို့ များနေပါပြီ။ အာတေတာကလည်း ပေပေကို သဘောမကျတာကြောင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ကို ရောင်းထုတ်ပြီး တိုက်စစ်ကစားသမားကောင်းတစ်ယောက်ယောက်နဲ့ အစားထိုးဖို့ လိုအပ်နေပါပြီ။ အာဖရိကဖလားပွဲက ပြန်အလာမှာ တစ်ခုခုဖြစ်လာမယ်လို့ ထင်ခဲ့ပေမယ့် တစ်ပွဲ နှစ်ပွဲလောက်သာ ကွဲပြားမှုကို မြင်ခဲ့ရပြီးနောက် ဒုံရင်းအတိုင်းသာဖြစ်ခဲ့တာပါ။

၆။ ဂရန်းနစ်ရှာခါ

ရှာခါက အသင်းကို ဦးဆောင်နေတဲ့သူပါ။ တခါတလေမှာ သူ့ရဲ့အမူအရာ၊ ပြောစကားတွေကို သဘောကျတဲ့သူက ကျသလို မကျတဲ့သူကလည်း မုန်းကြပါတယ်။ အသင်းပရိတ်သတ်တွေနဲ့လည်း အခြေအတင် ဖြစ်ဖူးတဲ့ သူ့ရဲ့ ခြေစွမ်းက အသင်းကို အဆိုးဖက် ဆွဲချတာက များနေတာကြောင့် လာမယ့်ရာသီမှာတော့ အစားထိုးကို ထိုးရပါလိမ့်မယ်။ ဒီရက်ပိုင်းမှာ လုပ်သွားခဲ့တဲ့ သူ့ရဲ့မှတ်ချက်တွေကလည်း အငြင်းပွားစရာတွေကို ထပ်မံဖြစ်ပေါ်စေပါတယ်။

၇။ မိုဟာမက်အယ်နီနီ

အယ်နီနီက စာချုပ်သက်တမ်းကုန်တော့မှာ ဖြစ်ပေမယ့် သူ့ကို အသင်းက စာချုပ်သစ်ချုပ်မယ် သတင်းထွက်နေပါတယ်။ Daily Express ကတော့ သူ့ကို စာချုပ်သစ်ချုပ်ဖြစ်ရင်တောင် အရန်အနေနဲ့သာထားစေလိုပြီး ဖလားပွဲတွေလောက်သာ ပွဲထွက်ကစားစေလိုကြောင်းနဲ့ သူ့နေရာမှာ ကစားသမားကောင်းတစ်ယောက် ခေါ်ယူသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ကစားသမားကတော့ အသင်းဖက်က ဆန္ဒသာရှိမယ်ဆိုရင် သူက ဆက်နေမှာဖြစ်ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Thanks for reading our contents.

Advertisement

Leave a Reply

%d bloggers like this: