နောက်ဆုံးရ အာဆင်နယ်သတင်းများ (20May)

ဂျေးဆူအတွက် ညှိနှိုင်းမှုတွေလုပ်ဖို့ အေးဂျင့်ဖြစ်သူ အဂ်လန်လာဖို့ရှိနေ

Goal Brazil ရဲ့ဖော်ပြချက်အရ   ဂါဘရီယယ်ဂျေးဆူရဲ့ ကိုယ်စားလှယ်ဖြစ်သူ  ပေါလို ပီတိုဘီရီယား ဟာ အဂ်လန်ကို ယခုအပတ်အတွင်းလာရောက်ပြီး  ကစားသမားအတွက်  မိခင်အသင်း စီးတီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ မန်စီးတီးအသင်းဟာ ဂျေးဆူအတွက် သန်း ၆၀ ခန့်အလိုရှိနေပြီး ၊  အာဆင်နယ်အသင်းဖက်ကတော့ သန်း ၅၀ ခန့်အသင့်ပြင်ထားကြောင်းသတင်းများက ဖော်ပြနေကြပါတယ်။

အရေအတွက်ထက် စိတ်ကြိုက်ကစားသမားကိုပဲ အာတီတာခေါ်ယူမှာဖြစ်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ  ကစားသမားအင်အားဖြည့်တင်းဖို့ထက်  အရည်အသွေးမြှင့်တင်ဖို့ကိုသာ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။  နာမည်ကျော်ကစားသမားများနဲ့ အရည်အသွေးမြင့်ကစားသမားများကိုဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီး  ၊ အသင်းဖက်ကလဲ နည်းပြအတွက် ဆက်လက်ပံ့ပိုးသွားမှာဖြစ်ကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။ အာတီတာအနေနဲ့ အသင်းရဲ့နေရာတိုင်းမှာ စိတ်ကြိုက်ကစားသမား ၂ ဦးစီထားရှိပေးဖို့အတွက် အသင်းထံတောင်းဆိုထားတယ်လို့ လည်းဆိုပါတယ်။

မာဗရိုပါနို့စ် ပေါင် ၄.၅ သန်းနဲ့ အပြီးပြောင်းပြီ

အငှားထွက်ကစားနေတဲ့ မာဗရိုပါနို့စ်ဟာ စတုဂတ်အသင်း တန်ဆင်းဇုန်ကလွတ်မြောက်ခဲ့တဲ့အတွက်ကြောင့် စာချုပ်ပါအချက်အလက်အတိုင်း  ဂျာမနီမြေကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။  ပြောင်းရွှေ့ကြေးမှာ  ပေါင် ၄.၅ သန်းဖြစ်ပြီး ၊  အကယ်၍ ဝက်စ်ဟမ်းအသင်းကသာ မြင့်မားတဲ့ငွေကြေးနဲ့ ခေါ်ယူဖို့အားထုတ်လာပါက  အမြတ်အစွန်းကို စတုဂတ်ဖက်ကပဲရရှိသွားမှာဖြစ်ပါတယ်။ မာဗရိုပါနို့စ်ကတော့  သူ့ရဲ့ကစားသမားဘဝဟာ အာဆင်နယ်အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၊ ထာဝရကျေးဇူးတင်နေမှာဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

လီနိုအတွက် ပေါင် ၁၀ သန်းလိုချင်တဲ့ အာဆင်နယ်

Correio da Manha ရဲ့ဖော်ပြချက်အရ  ဘင်ဖီကာအသင်းဟာ  အာဆင်နယ်ကစားသမားလီနိုကို ခေါ်ယူလိုနေပြီး  ၊ ဂန်းနားတို့ဖက်က ပေါင် ၁၀ သန်းခန့်လိုချင်နေတယ်လို့ သိရပါတယ်။  လီနိုဟာ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတယ်လို့သိရပြီး  ၊  လီဗာကူဆင်အသင်းကိုပြောင်းရွှေ့ဖွယ်ရှိတယ်လို့ လည်း သတင်းများထွက်ပေါ်ထားတာဖြစ်ပါတယ်။

မယ်လိုကို သံယောဇဥ်မပြတ်သေးတဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကွင်းလယ်လူ အာသာမယ်လိုကို ခေါ်ယူဖို့ ပြန်လည်ကြိုးစားနေတယ် လို့ သိရပါတယ်။ အဆိုပါကစားသမားဟာ ဘာစီလိုနာကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး အရပ် ၅ပေ ၇လက်မသာ ရှိပေမယ့် နည်းစနစ်ပိုင်း အားကောင်းတဲ့ကစားသမားဖြစ်တာကြောင့် အာဆင်နယ်နဲ့ အံဝင်မှာဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဂျူဗင်တပ်စ်နဲ့ လက်ရှိဆွေးနွေးနေရာမှာတော့ ကစားသမားအလဲအလှယ်တွေလည်း ပါဝင်လာနိုင်ပြီး ဂျူဗင်တပ်စ်က အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကိုပြန်လည်ခေါ်ယူလိုနေတာပါ။

Thanks for reading our content.

Advertisement

Leave a Reply

%d bloggers like this: