ဒီပေးအတွက် ဘာစီလိုနာထံကို စုံစမ်းမေးမြန်းခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘာစီလိုနာတိုက်စစ်ကစားသမား ဒီပေးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီပေးဟာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် မနှစ်က ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ 

ဘာစီလိုနာအတွက် ၃၇ပွဲကစား ၁၃ဂိုးသွင်း ၊၂ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပေမယ့် သူ့ရဲ့ နျူးကမ့်အနာဂတ်ဟာ မရေရာမသေချာမှုတွေနဲ့ မေးခွန်းတွေ ရှိနေပါတယ်။ 

နောက်နှစ်နွေမှာ ဒီပေးနဲ့ အသင်းတို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီ ဇာဗီနဲ့ အသင်းရဲ့တာ၀န်ရှိသူတွေဟာ သူတို့ရဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရအောင် လာမယ့်နွေရာသီမှာ ရောင်းချလာနိုင်ပါတယ်။ 

လာကာဇက် နဲ့ အန်ကက်တီးယားတို့ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် အာတီတာဟာ တိုက်စစ်မှူးသစ်နှစ်ဦးကို ရှာဖွေသွားဖို့ ရှိနေပါတယ်။ 

Advertisements

လတ်တလော ထွက်ရှိထားတဲ့ သတင်းတွေအရ အာဆင်နယ်ဟာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေသလို ပီအက်စ်ဗွီတိုက်စစ်မှူး ကိုဒီဂတ်ပိုကလည်း ဂန်းနားတွေရဲ့ ပစ်မှတ်ကစားသမားစာရင်းထဲမှာ ပါ၀င်ပါတယ်။ 

အာဆင်နယ်ဟာ အခြားတိုက်စစ်မှူးအများအပြားနဲ့လည်း သတင်းတွေထွက်နေခဲ့ပြီး နယ်လာလန်တိုက်စစ်မှူးဟာလည်း ဂန်းနားတွေရဲ့ ‌ဈေး၀ယ်ခြင်းထဲမှာ နောက်ဆုံးတော့ ထပ်ပါလာခဲ့ပါတယ်။ ဘယ်တောင်ပံကနေပြေးဝင်ပြီးဂိုးသွင်းတတ်တဲ့ နယ်သာလန်သားဟာ အာတီတာကစားနေကျပုံစံတွေနဲ့ ကိုက်ညီမှုရှိနေတာကြောင့်လည်း ခန့်မှန်းသတင်းတွေပိုပြီးထွက်လာတာဖြစ်ပါတယ်။

နောက်ဆုံးရထားတဲ့ သတင်းအချို့အရ အာဆင်နယ်ဟာ ဒီပေးကို အမ်းမရိတ်ဆီခေါ်ဆောင်ဖို့ ကျသင့်မယ့် ငွေကြေးပမာဏကို ပြောဖို့ ဘာစီလိုနာကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Thanks for reading our content

Advertisement

Leave a Reply

%d bloggers like this: