နောက်ဆုံးရ အာဆင်နယ်သတင်းများ (19May)

အမ်းမရိတ်ဖလား ပြန်ကျင်းပတော့မယ်

၂၀၁၇ ခုနှစ်ဘောလုံးရာသီမှာနောက်ဆုံးကစားပြီးကတည်းက  ရပ်နားထားခဲ့တဲ့  အမ်းမရိတ်ဖိတ်ခေါ်ဖလားကို  လာမယ့်နှစ်ဘောလုံးရာသီအစမှာပြန်လည်ကစားကြမှာဖြစ်တယ်လို့သိရပါတယ်။  အဆိုပါပွဲကို  ဇူလိုင်လ  ၃၀ ရက်နေ့မှာ  ဆီဗီးလားအသင်းနဲ့ ကစားဖို့စီစဥ်ထားပြီး   ပွဲစဥ်တစ်ပွဲနဲ့သာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်တို့ဟာ အမ်းမရိတ်ဖိတ်ခေါ်လားကို  ၉ နှစ်တိတိကစားခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ငွေပိုရတဲ့  အမေရိကပွဲစဥ်တွေဖက်ကိုသာ ခရီးဆန့်နေခဲ့တာဖြစ်ပါတယ်။ အခုလို အမ်မရိတ်ဖိတ်ခေါ်ဖလားကို ပြန်လည်ကျင်းပရခြင်းအတွက်  ကျေနပ်မိကြောင်း အာတီတာကလည်း ပြောကြားလာခဲ့ပါတယ်။​

ဘာစီလိုနာ ဗဟိုနောက်ခံလူကို  အာဆင်နယ် ဆက်သွယ်ခဲ့တယ်လို့ဆိုလာ

ဘာစီလိုနာအသင်းရဲ့နောက်ခံလူ အမ်တီတီကို အာဆင်နယ်တို့က ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း စပိန်သတင်းစာ SPORT ကရေးသားဖော်ပြလာပါတယ်။ အသက် ၂၈ နှစ်အရွယ် ဗဟိုနောက်ခံလူကို အာဆင်နယ်တို့က စိတ်ဝင်စားခဲ့ဖူးပြီး  ဘာစီလိုနာကလည်း အသင်းကို ဝိတ်လျှော့ဖို့စီစဥ်နေတာကြောင့် ယခုသတင်းထွက်ပေါ်လာတယ်လို့လည်း ယူဆရပါတယ်။  ကစားသမားကတော့ မကြာခနဒဏ်ရာ ရတတ်သူဖြစ်ပါတယ်။

ချက်လူငယ်ကို  အာဆင်နယ်လဲ  အခြားအသင်းကြီးများနဲ့ အပြိုင်ကြိုးစားနေတယ်လို့ သတင်းဌာနဖော်ပြ

အာဆင်နယ်အသင်းဟာ ဆလားဗီးယားပရဂ် အသင်းမှာကစားနေတဲ့ ချက်တိုက်စစ်မှုးလေး အဒမ် ဟလိုဇက်ကို စိတ်ဝင်စားနေတယ်လို့ Fichajes ကရေးသားဖော်ပြလာပါတယ်။  အဆိုပါ  ၁၉ နှစ်သားလေးကို  အက်သလက်တီကို မက်ဒရစ် ၊ ဆီးဗီးလားနဲ့  ဘိုင်ယန်တို့ကလဲ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဟလိုဇက်ဟာ ယခုရာသီမှာ  ပါရဂ် အတွက်  ၄၆ ပွဲထိကစားပေးထားပြီး  ၁၂ ဂိုးသွင်း ၊  ၁၅ ကြိမ်ဖန်တီးပေးထားနိုင်တာလဲ ဖြစ်ပါတယ်။

မာကွင်ဟို့စ် အသေအချာ အမ်းမရိတ်ကိုရောက်လာမယ်

တရားဝင်ကြေငြာခြင်းမရှိသေးပေမယ့် ဘရာဇီးလူငယ်ကစားသမား မာကွင်ဟို့စ်အနေနဲ့  အမ်းမရိတ်ကိုသေချာပေါက်ရောက်လာမှာဖြစ်တယ်လို့  သတင်းထောက် ဂျော့နီကိုလာကတော့ အခိုင်အမာပြောဆိုလာခဲ့ပါတယ်။  လွန်ခဲ့တဲ့ရက်အနဲငယ်တုန်းက  ပေါင် ၃ သန်းနဲ့ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပြီလို့ သတင်းတွေထွက်လာပေမယ့် သက်ဆိုင်ရာအသင်းတွေဖက်ကတော့ တစုံတရာ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပါဘူး။

အဂ်လန်ပြန်လာမယ့် ဘယ်လာရင် 

အာဆင်နယ်အသင်းကနေ စပိန်မြေမှာ အငှားသွားကစားနေတဲ့  ဘယ်လာရင်ဟာ  ဘက်တစ်မှာ အစစအရာရာအဆင်ပြေပေမယ့် ရာသီကုန်မှာတော့ အာဆင်နယ်ဆီကိုသာ ပြန်လာမှာဖြစ်တယ်လို့ Football Espana က ရေးသားလာပါတယ်။   ဘက်တစ်အသင်းရဲ့ ဒါရိုက်တာဖြစ်တဲ့  အိန်ဂျယ်ဟာရိုကလည်း ဘယ်လာရင်ရဲ့ အပြန်ခရီးကိုအတည်ပြုပေးထားသလို  ဆက်လက်ကြိုးပမ်းဖွယ်ရှိကြောင်း လဲသတင်းအချို့ကဆိုပါတယ်။

Thanks for reading our contents.

Advertisement

Leave a Reply

%d bloggers like this: