ဒီရာသီမှာ အသင်း ၊ နည်းပြ ၊ ကစားသမားအားလုံးဟာ တက်လိုက်ကျလိုက် အခြေအနေကိုရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီအထဲမှာဆန်ဘီလိုကွန်ဂါလဲအပါအဝင်ပါပဲ။ ပထမအကျော့ ပဲလေ့စ်နဲ့ပွဲအပြီးမှာ အပြင်းအထန်ဝေဖန်ခံခဲ့ရပြီးနော် ၂ ပွဲဆက်တိုက်ခြေစွမ်းပြနိုင်တဲ့အခါ အားကိုးရမယ့် လူငယ်လေးဆိုတဲ့နာမည်ကိုရရှိခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ပြန်ပြီး ငုတ်သျိုးသွားခဲ့ပါတယ်။ ဒီအခြေအနေတွေက လိုကွန်ဂါအတွက်ကျေနပ်စရာဟုတ်ရဲ့လား .. နောက်ရာသီမှာရော ဆမ်ဘီတစ်ယောက် အာဆင်နယ်မှာရှိနေဦးမှာလား …
ဒီမေးခွန်းတွေကို လိုကွန်ဂါရဲ့ အစ်ကိုဖြစ်သူ အမ်ပိုကူက အခုလိုပဲမှတ်ချက်ပြုလာပါတယ်။
“ အသင်းကထွက်ဖြစ်မလားဆိုတာ ထည့်တောင်တွေးစရာမလိုတဲ့ကိစ္စပါ .. သူက အသင်းမှာ တိုးတက်လာနေတယ် .. နေရထိုင်ရတာလဲပိုပြီးအသားကျနေတယ် … ပြောရရင် ထွက်ဖို့ထက် လာမယ့်ရာသီမှာ ကစားချိန်တွေပိုရလာဖို့ကိုတောင် မှန်းနေတာဗျာ “
“ ပြီးခဲ့တဲ့ တန်လာနေ့တုန်းက သူနဲ့ဖုန်းပြောဖြစ်ပါတယ် .. နယူးကာဆယ်နဲ့ပွဲရှုံးသွားတဲ့အပေါ်ကို တော်တော်လေးစိတ်ညစ်နေပါတယ် … နောက်ရာသီမှာ ချန်ပီယံလိဂ်ကစားဖို့အခွင့်အရေးကနဲသွားပြီကိုး … ဒါပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ကရှိနေပြီဖြစ်လို့ ဒီအပေါ်မှာတော့ သူကတော်တော်လေး သဘောကျနေပါတယ် “ လို့ ဆိုလာခဲ့တာပါ။ သူ့အပြောအရ လိုကွန်ဂါဟာ အမ်းမရိတ်မှာ ပျော်ရွင်နေပါတယ်။

သူအပေါ်မှာ အမြင်တွေကလဲ မျိုးစုံဖြစ်နေပါတယ်။ လိုကွန်ဂါဟာ တိုးတက်လာစရာမရှိတော့တဲ့သူလား .. ဒါမှမဟုတ် ဆက်လက်ထွန်းတောက်လာမယ့်သူလား … အချိန်ပေးပြီးစောင့်ကြည့်ရမယ့် ကစားသမားလား ..
REBF သတင်းဌာနဟာ ဒီအချက်ကိုလည်း ပိုကူကိုမေးမြန်းခဲ့ပါတယ်။ အစ်ကိုဖြစ်သူပိုကူရဲ့အမြင်ကတော့ ဒီလိုပါ။
“ ဘယ်လ်ဂျီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အကြားက ကွာဟမှုက သိပ်များတယ်လေဗျာ .. ဒီဘရိုင်းနားနဲ့ လူကာကူတို့တောင် အချိန်တွေယူခဲ့ကြရတာပါ … ပြီးတော့ အာဆင်နယ်ဆိုတာ အလယ်အလတ်အသင်းမှ မဟုတ်တာ .. ဒီရာသီမှာ ပွဲကစားချိန်ရဲ့ ၃၃% မှာပါဝင်ကစားရမယ်ဆိုတဲ့အချက်ကို လက်မှတ်ထိုးထားပြီးသားပါ .. နောက်ပြီး လိုကွန်ဂါက နေ့တိုင်းတိုးတက်နေတာပါ .. ဒီအတွက်လဲ လေ့ကျင့်ရေးအစီအစဥ်တွေကို ကျေးဇူးတင်ရမှာပါ “
“ အသင်းမှာနေရာရဖို့ကတကယ်ခက်ပါတယ် .. ပါတေး ၊ ရှာခါ ၊ အယ်နီနီတို့ရှိနေတဲ့အသင်းမှာ နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးလေးစားစားလိုက်နာရမှာဖြစ်ပါတယ် .. အာဆင်နယ်ကလဲ တစ်ပတ်မှာ တစ်ပွဲပဲကစားရချိန်မှာ အလှည့်ကျစနစ်မှာပါဝင်ရဖို့ဆိုတာက လွယ်တဲ့အရာမဟုတ်ပါဘူး “ လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဘာပဲပြောပြောရာသီသစ်မှာတော့ ယူရိုပါလိဂ်ပွဲတွေကြောင့် လိုကွန်ဂါရဲ့ ခြေစွမ်းကို ပိုပြီးမြင်ရဖို့ရှိနေပါတယ်။ လိုကွန်ဂါရဲ့ခြေစွမ်းက အဆင့်မမှီတာဖြစ်နိုင်သလို အာဆင်နယ်ရဲ့ ခရီးကြမ်းမှာ လိုကွန်ဂါတစ်ယောက်လိုတာထက်ပိုပြီးရုန်းကန်ခဲ့ရတာလဲဖြစ်နိုင်ပါတယ်။
Thanks for reading our contents.