ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ၀န်ခံခဲ့တဲ့ အာဆင်နယ်ရဲ့ ပစ်မှတ်တိုက်စစ်မှူး 

အာဆင်နယ်အသင်းဟာ နွေရာသီမှာ PSV တိုက်စစ်မှူး ကိုဒီဂတ်ပိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပြီး ကစားသမားကလည်း သူ့အတွက် ရနိုင်တဲ့ အခွင့်အရေးတွေအားလုံးကို ထည့်သွင်းစဉ်းစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ၀န်ခံခဲ့ပါတယ်။ 

ကိုဒီဂတ်ပိုဟာ လက်ရှိရာသီ နယ်သာလန်ထိပ်တန်းလိဂ်မှာ ၂၁ ဂိုးသွင်း၊ ၁၅ဂိုးဖန်တီး ပေးခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုးကလည်း ၂၅ဂိုးအထိရှိခဲ့ပါတယ်။ ဒီလိုမျိုး အသင်းနဲ့အတူ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ဥရောပထိပ်တန်းအသင်းတွေဟာ သူ့ကို ခေါ်ယူဖို့ နွေရာသီအပြောင်းအရွှေ့မတိုင်မီကြိုတင်ချိတ်ဆက်နေကြပါတယ်။ 

ဂန်းနားတွေဟာ  နွေရာသီမှာ အသင်းအတွက် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ သေချာနေပြီး အာဆင်နယ်ရဲ့ တိုက်စစ်မှူးသစ် အ၀ယ်စာရင်းမှာ ဂတ်စ်ပိုဟာ ပါ၀င်လာခဲ့ပါတယ်။ PSVတိုက်စစ်မှူးဟာ အသင်းနဲ့အံ၀င်နိုင်မယ့် ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်လိုအပ်နေတဲ့ ထိပ်တန်းတိုက်စစ်မှူးလည်း ဖြစ်နိုင်ပါတယ်။ 

 သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး သတင်းတွေဟာ  အများကြီးထွက်ပေါ်နေခဲ့ပါတယ်။ မကြာ‌သေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ ကိုဒီဂတ်ပိုက ဖြစ်နိုင်ချေရှိတဲ့ အခွင့်အရေးတွေအားလုံးကို ထည့်သွင်းစဉ်းစားနေပြီး အသင်းကနေ ထွက်ခွာမယ်လို့တော့ အခုထိ မဆုံးဖြတ်ရသေးဘူးလို့ ၀န်ခံလာခဲ့ပါတယ်။ 

Cody Gakpo

Advertisements

 “ဒီနွေရာသီမှာ ဘာမဆိုဖြစ်နိုင်ပါတယ်လို့ ဂတ်ပိုက ပြောလာခဲ့ပါတယ်။

အခုကတော့ ဖြစ်နိုင်တဲ့ ရွေးချယ်စရာတွေအားလုံးကို အေးအေးဆေးဆေး နှိုင်းယှဉ်ပြီး ကျွန်တော့်အတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာကို ကြည့်မယ်။အသင်းမှာပဲ နောက်ထပ်တစ်နှစ်ဆက်နေဖို့ ဆိုတာကလည်း ရွေးချယ်စရာတစ်ခုပါပဲ။” 

ဂတ်ပိုဟာ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ဦးမဟုတ်ပေမယ့် သူဟယ တိုက်စစ်ရဲ့ ဘယ်‌နေရာမှာမဆို ကစားနိုင်စွမ်းရှိတယ် ဆိုတဲ့အချက်က စိတ်လှုပ်ရှားစရာကောင်းသောရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဂတ်စ်ပိုကို ခေါ်ယူနိုင်ခဲ့ရင်တောင် အသင်းဟာ နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ လာမယ့်နွေမှာ ‌လာကာဇက်တီနဲ့ အန်ကက်တီးယားတို့ နှစ်ဦးစလုံး အမ်းမရိတ်ကို စွန့်ခွာတော့မှာကြောင့် ဖြစ်ပါတယ်။ 

နယ်သာလန်အသင်းတွေဟာ အများအားဖြင့် သူတို့ရဲ့ ကစားသမားတွေအတွက် ငွေကြေးအများအပြား တောင်းခံလေ့မရှိပါဘူး။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ဂတ်ပိုကိုခေါ်ယူဖို့ ငွေကြေးအများအပြား မသုံးစွဲရနိုင်ပါဘူး။ လာမယ့်နွေရာသီမှာ နီကိုလပ်စ်ပေပေက အသင်းကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် အိုင်ဗရီကို့စ်သားကြီးရဲ့ နေရာကို အစားထိုးဖို့အတွက်လည်း ဂတ်စ်ပိုဟာ အာဆင်နယ်အတွက် အကောင်းဆုံးရွေးချယ်စရာ တစ်ခုဖြစ်လာနိုင်ပါတယ်။

Original Article Here,

Advertisement

Leave a Reply

%d bloggers like this: