လာမယ့်နွေရာသီမှာ ကြိုးစားနိုင်ချေရှိတဲ့ ကစားသမားသုံးယောက် 

စပါးနဲ့ နယူးကာဆယ်တို့ကို ရှုံးနိမ့်ခဲ့ပြီးချိန်မှာတော့ အာဆင်နယ်ဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်း၀င်ဖို့ဆိုတဲ့ အိပ်မက်ကို ဆုံးရှုံးလိုက်ရပြီး ချန်ပီယံလိဂ်၀င်ခွင့်နဲ့လည်း ဝေးကွာခဲ့ရပါပြီ။  

ချန်ပီယံလိဂ် ၀င်ခွင့်မရတာဟာ ‌လာမယ့်နွေရာသီ ကစားသမားအသစ်တွေကို ခေါ်ယူမှုအပေါ် ထိခိုက်မှုရှိလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယူရိုပါလိဂ်မှာ အတွေ့အကြုံလိုချင်တဲ့ကစားသမားလေးတွေလည်း အာဆင်နယ်ရဲ့ ကစားသမားရှာဖွေရေးရေဒါအောက်မှာ ရှိနေဆဲပါပဲ။ အဲ့ဒီကစားသမားတွေထဲမှာ အာဆင်နယ်ခေါ်ယူသွားဖို့ကြိုးစားလာနိုင်တဲ့  ကစားသမားသုံးယောက်ကတော့ 

() မူဆာဒမ်ဘီလီ 

လိုင်ယွန်ဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်ရှစ်နေရာမှာ ရပ်တည်နေတာကြောင့် နောက်နှစ်မှာ ဥရောပပြိုင်ပွဲတွေကို ပါ၀င်ယှဉ်ပြိုင်ရမှာ မဟုတ်ပါဘူး။ 

အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီဟာ မန်နေဂျာဘရန်ဒန်ရော်ဂျာရဲ့ လက်အောက် ဆဲလ်တစ်မှာ ကစားခဲ့စဉ်က ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီ၊ပီအက်စ်ဂျီနဲ့အခြားသောဥရောပအသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ဒမ်ဘီလီဟာ ၂၄ပွဲကစား၊ ၈ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

သူရဲ့ နောက်ခံသမိုင်း၊ ငယ်ရွယ်မှုတွေနဲ့ဆိုရင် အမ်းမရိတ်မှာ တောက်ပနိုင်မယ့် ကစားသမားဖြစ်ပါတယ်။ 

()အေရွန်ဟစ်ကီ 

အေရွန်ဟစ်ကို အာဆင်နယ်ဟာ ခေါ်ယူလိုက်နိုင်ပြီလို့ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သတင်းမှားတွေသာ ဖြစ်တယ်လို့လည်း ဆိုပြန်ပါတယ်။ သေချာတာကတော့ အာဆင်နယ် အေရွန်ဟစ်ကီကို ခေါ်ယူဖို့ ကြိုစားနေတာ အမှန်ပါပဲ။ 

အေရွန်ဟစ်ကီဟာ ၂၀၂၀မှာ ဘိုလော့ဂ်နာကို မပြောင်းရွှေ့မီ ဘိုင်ယန်မြူးနစ်၊ အက်စတွန်ဗီလာနဲ့ လိုင်ယွန်တို့လို့ အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဟာ ဘိုလော့ဂ်နာလို အသင်းငယ်လေးကိုသာ အံဩဖွယ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ စီးရီးအေမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပွဲပေါင်း ၅၀နီးပါး အသင်းအတွက် ကစားပေးခဲ့ကာ ဘိုလော့ဂ်နာဟာ အဆင့်၁၃နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် Golden Boyဆုအတွက် စကာတင်စာရင်းမှာ ပါ၀င်ခဲ့ပြီးတဲ့နောက်မှာတော့ စကော့တလန်ရဲ့ လူငယ်ကြယ်ပွင့်တစ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အေရွန်ဟစ်ကီဟာ လက်ရှိရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ 

() ရုစလန်မာလင်နော့ဗ်စကီ 

ယူကရိန်းကြယ်ပွင့် မာလင်နော့ဗ်စကီဟာ သူ စီးရီအေကို စတင် ပြောင်း‌ရွှေ့လာခဲ့တဲ့ ၂၀၁၉ခုနစ်ကစပြီး အသင်းကို အမြင့်ပျံနိုင်အောင် ကူညီပေးခဲ့ပါတယ်။ 

အတ္တလန်တာအတွက် ၁၂၈ပွဲကစားပြီးချိန်မှာ ၂၉ဂိုးသွင်းယူပြီး ဂိုဖန်တီးမှု ၂၆ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ယူကရိန်းသားဟာ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

ဥရောပပြိုင်ပွဲတွေနဲ့ လွဲချော်ရဖို့ရှိနေတဲ့ အတ္တလန်တာဟာ လာမယ့်နွေမှာတော့ ကစားသမားတွေကို ရောင်းထုတ်ရဖို့ ရှိနေပြီး မာလင်နော့ဗ်စကီဟာ အသင်းရဲ့ အရောင်းစာရင်းထဲမှာ ပါ၀င်လာမှာ ဖြစ်ပါတယ်။

Thanks for reading our contents.

Advertisement

Leave a Reply

%d bloggers like this: