လိဒ်စ်ယူနိုက်တက်ကစားသမားဟောင်းနဲ့ အားကစားဝေဖန်သုံးသပ်သူတစ်ဦးဖြစ်တဲ့ နိုရယ်ဝီလန်က အာဆင်နယ်ဟာ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဘတ်လီ၀င်းကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတာမျိုး မရှိပေမယ့် ကစားသမားကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ လိုလားနေတယ်လို့ ဆိုလာခဲ့ပါတယ်။
အဲဗာတန်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် ရုန်းကန်နေရတာကြောင့် သူတို့ရဲ့ တိုက်စစ်မှူးကို အခြားသော ပရီးမီးယားလိဂ် အသင်းအချို့က ပစ်မှတ်ထားလာကြပါတယ်။
ပိုင်ရှင်သစ်အပြောင်းအလဲနဲ့အတူ ငွေကြေးအင်အားတောင့်တင်းလာတဲ့ နယူးကာဆယ်ဟာ လာမယ့် နွေရာသီမှာ ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားအင်အား ဖြည့်တင်းဖို့ ရှိနေပါတယ်။ ငှက်ကျားတွေရဲ့ ပစ်မှတ်ထဲမှာ ကဲလ်ဘတ်လီ၀င်း ပါ၀င်နေတာ ဖြစ်ပါတယ်။
ဒီလိုမျိုး နယူးကာဆယ်အသင်းရဲ့ စိတ်၀င်စားမှုတွေ ရှိနေပေမယ့် ကစားသမားကတော့ အာဆင်နယ်က သူ့ကိုခေါ်ယူဖို့ လှုပ်ရှားလာမှာကို စောင့်နေမှာ ဖြစ်တယ်လို့ နိုရယ်ဝီလန်က ဆိုလာခဲ့ပါတယ်။ Football Insider နဲ့ တွေ့ဆုံမှုမှာ ဝီလန်က
“သူဟာ နယူးကာဆယ်ထက်စာရင် အာဆင်နယ်နဲ့ ပိုသင့်တော်တယ်မယ်လို့ ကျွန်တော်ယုံကြည်နေဆဲပါပဲ။”
“ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နယူးကာဆယ်က သူ့ကိုခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ လုပ်နေပါပြီ။ ဒီတော့ ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အာဆင်နယ်နဲ့ အာတီတာတို့ရဲ့ တာ၀န်ပဲ ဖြစ်ပါတယ်။”

“နယူးကာဆယ်ဟာ ကစားသမားနဲ့ စောစောစီးစီး သဘောတူညီမှု ယူနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေနဲ့အတူ စားပွဲမှာ ထိုင်ပြီး ကြိုးစားနေကြပါပြီ။”
“ကျွန်တော့်အထင်ကတော့ ကဲလ်ဘတ်လီ၀င်းဟာ အာဆင်နယ်ကို လာချင်နေမှာပါ။နွေရာသီအပြောင်းအရွှေ့ကာလကခုထိတောါ ရောက်မလာသေးပါဘူး။ဒါကြောင့် နွေရာသီတစ်ခုလုံး ဒီအပြောင်းအရွှေ့က ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မြင်တွေ့ရမှာပါ”
နယူးကာဆယ်ဟာ ငွေကြေးအင်အားတောင့်တင်းတဲ့ အသင်းဆိုပေမယ့် အာဆင်နယ်ဟာ သမိုင်းကြောင်းအစဉ်အလာကြီးတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဥရောပ၀င်ခွင့်လည်းရထားတာ ဖြစ်ပါတယ် ဒါကြောင့် လက်ရှိအချိန်မှာတော့ ကစားသမားတွေအနေနဲ့ နယူးကာဆယ်ထက်စာရင် အာဆင်နယ်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားပိုထက်သန်မှာ အမှန်ပါပဲ။
Original Content Here