လူခေါ်ဖို့အပြင်လူလဲထိန်းရမယ့် အာဆင်နယ်

အာဆင်နယ်အသင်းရဲ့  ကစားသမားသစ်ခေါ်ယူမယ့်သတင်းတွေက နေ့စဥ်တက်နေပေမယ့်  ရှိရင်းစွဲလူငယ်တွေကို အသင်းမှာဆက်ရှိနေစေဖို့ကလည်း အရေးကြီးနေပါတယ်။

အသင်းရဲ့နောက်ခံလူဟောင်းဖြစ်သူ ဆက်ဂ်ညာက ဆာကာကို အာဆင်နယ်မှာ ဆက်နေပြီး အသင်းရဲ့ ဟီးရိုးတစ်ယောက်ဖြစ်လာဖို့ အကြံပေးခဲ့ပါတယ်။ 

အသက်၂၀အရွယ် အင်္ဂလန်လက်ရွေးစင်လေးဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သွင်းဂိုး(၁၁)ဂိုးသွင်းယူထားတဲ့ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ပါတယ်။ ဆာကာဟာ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ 

ဆာကာရဲ့ ခြေစွမ်းကို စောင့်ကြည့်နေတဲ့  ဥရောပထိပ်သီးအသင်းတွေအများအပြားရှိကြပြီး လာမယ့်နွေရာသီမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးက သူ့ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိပါတယ်။ ဂွာဒီယိုလာဟာ မာရက်စ်ရဲ့နေရာကို ဆက်ခံနိုင်မယ့် လူငယ်ကစားသမားတစ်ဦးကို ရှာဖွေနေတာ ဖြစ်ပြီး ဆာကာဟာ သူ့ရဲ့စိတ်ကြိုက်ကစားသမားဖြစ်နိုင်ပါတယ်။ 

ဆက်ဂ်ညာက ဆာကာအနေနဲ့ မန်စီးတီးရဲ့ စိတ်၀င်စားမှုကို တောင့်ခံပြီး အသင်းရဲ့ ဂန္တ၀င်တစ်ယောက်ဖြစ်လာနိုင်မယ့် အခွင့်အရေးရှိနေတဲ့ အမ်းမရိတ်မှာ ဆက်နေဖို့ အကြံပေးခဲ့တာပါတယ်။ 

The Mirrorနဲ့ တွေ့ဆုံမှုမှာတော့ ဆက်ဂ်ညာက 

ပရိသတ်တွေက သူ့ အပေါ် အများကြီးချစ်ကြတယ်ဆိုတာ ထုတ်ပြထားပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဆာကာဟာ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်” 

သူဟာ ငယ်ရွယ်ပြီး ခြေစွမ်းလည်း ကောင်းကောင်းတိုးတက်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း သူဟာ အရေးပါပြီး ကစားပွဲတိုင်းကို ကစားဖို့ လိုအပ်တဲ့သူပါ။ ကစားသမားတစ်ယောက်ဟာ သူ့ရဲ့ခြေစွမ်းတိုးတက်လာနိုင်တဲ့နေရာမှာ ကစားရမှာပါ။ မန်စီးတီးမှာ ကစားရတဲ့အခါ ဆာကာအနေနဲ့ (အာဆင်နယ်မှာ ကစားရသလိုမျိုး) တူညီတဲ့ အကျိုးဆက်တွေ၊တူညီတဲ့ ပုံစံတွေနဲ့ ကစားခွင့်ရမလားဆိုတာ ကျွန်‌တော်မသေချာပါဘူး” 

ဒါပေမယ့် ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပါ။ သူ ဘယ်လိုခံစားရသလဲ၊သူဘာကို တကယ်လိုချင်လဲဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်တစ်ခုဖြစ်ပါတယ်။ဆာကာမှာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အလားအလာတွေရှိနေပြီး သူဟာ အာဆင်နယ်သမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။” 

“သူဟာ တကယ်ကို ကောင်းကောင်း လုပ်နေနိုင်ခဲ့ပါတယ်။သူကစားတာဟာ တကယ်ကို စောင့်ကြည့်ချင်စရာပါပဲ။သူဟာ အကြောက်အလန့်လဲမရှိသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု အပြည့်ရှိပါတယ်။သူ့မှာ အရာအားလုံးရှိပါတယ် သူ့လို ကစားနိုင်တဲ့ကစားသမားတွေထဲမှာ ။ ကျွန်တော်နောက်ဆုံးမြင်ခဲ့တဲ့သူကတော့ ဂျက်ဝီးရိုင်းယားပါပဲ”

အာဆင်နယ်အသင်းအတွက် ကစားသမားသစ်များခေါ်ယူရေးက အရေးကြီးသလို  ခြေစွမ်းပြနေတဲ့လူငယ်ကစားသမားတွေကို ထိမ်းသိမ်းဖို့ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ အထူးသဖြင့် ဆာကာ ၊ မာတင်နယ်လီ ၊ စမစ်ရိုးနဲ့ နောက်တန်းက ဂါဘရီယယ်တို့ပဲဖြစ်ပါတယ်။

Thanks for reading our contents.

Advertisement

Leave a Reply

%d bloggers like this: