ဘယ်သူက အာဆင်နယ်ကို လှန်ချသလို ပြောင်းလဲပေးနိုင်မယ့်သူလဲ

အာဆင်နယ်အသင်းဟာ  ချန်ပီယံလိဂ်ဝင်ခွင့်ရသည်ဖြစ်စေ  ၊  မရရှိသည်ဖြစ်စေ  လာမယ့်အပြောင်းအရွှေ့ရာသီမှာ အသင်းအတွက် အဓိကကျတဲ့ ခေါ်ယူမှုတွေကို အားထုတ်သွားမှာဖြစ်ကြောင်း The Telegraph က ရေးသားလာပါတယ်။ တကယ်လို့သာ အာဆင်နယ်အသင်းဟာ  Process အတိုင်းတကယ်သွားနေတယ်ဆိုရင် ဖြစ်နိုင်ခြေရှိတဲ့သတင်းဖြစ်ပါတယ်။  ဘာကြောင့်လဲဆိုတော့ လတ်တလောဖြစ်ပျက်နေမှုတွေထက် ​ရေရှည်ကို ရည်မှန်းရိုးအမှန်ဆိုရင် ကစားသမားအင်အားဖြည့်ကို ဖြည့်ရ​မှာဖြစ်ပါတယ်။

အာတီတာအနေနဲ့ အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် လုံလောက်တဲ့ငွေပမာဏကိုရရှိမှာဖြစ်ပြီး  တိုက်စစ်မှုးနေရာအပြင် ကွင်းလယ်ကိုလည်း အားဖြည့်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။  လတ်တလောမှာတော့ အီတလီဖက်ကနောက်ခံလူတွေ ၊​ဘရာဇီးသားလေးတွေ ၊ တိုက်စစ်မှုးဂျေးဆူ စတဲ့သူတွေက နီးစပ်သူတွေဖြစ်တယ်လို့ ယူဆရပါတယ်။

Sport Mediaset ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ နာပိုလီအသင်းရဲ့တိုက်စစ်မှုး အိုစီမန်ကို ခေါ်ယူဖို့အတွက်  တက်ကြွမှုအရှိဆုံးအသင်းဖြစ်တယ်လို့သိရပါတယ်။  CIES ရဲ့ စစ်တမ်းအရ ပေါင် သန်း ၆၀ ခန့်တန်ကြေးရှိနေပြီး  မီဒီယာတွေမှာဖော်ပြချက်အရ ၈၅ သန်းခန့်ရှိနေတဲ့ နိုင်ဂျီးရီးယားသားကို  အခြားသော ပရီးမီးယားလိဂ်အသင်းတွေကလဲ စိတ်ဝင်စားနေကြပေမယ့်  မြောက်လန်ဒန်သားတို့ရဲ့ တိုက်စစ်လိုအပ်ချက်ကြောင့် ပိုမိုအားထုတ်နေတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ တိုက်စစ်အတွက် အခြားနာမည်ထွက်နေသူကတော့ ဂျေးဆူဖြစ်ပြီး သန်း ၆၀ လောက်နဲ့ခေါ်ယူဖွယ်ရှိတယ်လို့ဆိုပါတယ်။

အာဆင်နယ်ပရီတ်သတ်တွေကတော့  လူငယ်တွေနဲ့သွားမယ့် ခရီးစဥ်ကို စိတ်မရှည်နိုင်ကြတော့ပဲ​ နာမည်ကျော် ဝါရင့်ကစားသမားကိုခေါ်ယူအားဖြည့်ကာ အသင်းကိုနောက်တဆင့်တက်စေလိုနေကြပါပြီ။

အကယ်လို့များ  Football London ကရေးသားထားသလို  ဂျေးဆူနဲ့ အိုစီမန်တို့ရောက်လာရင်ရော  အသင်းကပြောင်းလဲသွားနိုင်မှာပါလား .. ။ အဖြေပေးရရင်တော့ အနိမ့်ဆုံးအဆင့် သိသိသာသာတိုးတက်လာမယ်လို့ ပြောနိုင်သွားမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်အသင်းတွေမှာ မှီခိုစရာတိုက်စစ်မှုးတွေ ကိုယ်စီရှိနေကြပေမယ့်  အာဆင်နယ်ကတော့ သိသိသာသာ အားနဲနေခဲ့ပါတယ်။  အထူးသဖြင့်  အူဘာမီယန်ထွက်ခွာသွားပြီးနောက်ပိုင်းဖြစ်ပါတယ်။  လာကာဇက်ကို အသင်းခေါင်းဆောင်နေရာပေးပြီး  ယာယီကုစားမှုကလဲ​ မအောင်မြင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့  အန်ကတ်တီးယားကို  အားကိုးရတဲ့အခြေအနေရောက်လာခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့အတူ  ခေတ်သစ်ဘောလုံးကမ္ဘာမှာ  ပေါင်သန်း ၁၀၀ ဆိုတာသိပ်ပြီးထူးခြားလှတဲ့ ပမာဏ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်ဦးပေါင်း သန်း ၁၃၀ ဝန်းကျင်နဲ့  အသင်းကို နောက်တစ်ဆင့်တက်မယ့် ကိစ္စမှာ အာဆင်နယ်တို့ တကယ်လုပ်ဖြစ်သွားဖို့လိုပါတယ်။ ပရိတ်သတ်တွေဟာ  အောင်ပွဲတွေကို ဆာလောင်နေကြပြီဖြစ်ပါတယ်။​ နာမည်ထွက်နေသူတွေကို အမှန်တကယ်ခေါ်ယူပြပြီး လက်ရှိအသင်းကလူငယ်တွေနဲပေါင်းစပ်မှသာ  အခြားသောအသင်းကြီးတွေကို တူတူတန်တန်ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ခေါ်ယူဖြစ်ပြီဆိုတဲ့ မာကွင်ဟို့စ် ၊ သတင်းထွက်နေတဲ့ ဂါပိုတို့ကိုခေါ်မယ်ဆိုရင် လက်ရှိ Hale End ကစားသမားလေးတွေကို ပွဲထုတ်တာနဲ့ကြားမှာ အထွေအထူးကွာဟမှု မရှိနိုင်ဘူးဆိုတဲ့ ယူဆချက်တွေလဲရှိနေပါတယ်။

Thanks for reading our content.

Advertisement

Leave a Reply

%d bloggers like this: