ပြန်တွေးကြည့်ရင် အနီကတ်ပြသင့်လောက်တဲ့ ပြစ်ဒဏ်မျိုး မဟုတ်တာကို သိလာရပါတယ်

မေလ  ၁၇ ရက်နေ့  ၂၀၀၆ ခုနှစ်မှာ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ (ယခုဆောင်းပါးရေးနေချိန်ဆိုရင်  လွန်ခဲ့သော  ၁၆ နှစ်)

အာဆင်နယ်အသင်းရဲ့ တစ်ခုတည်းသော ချန်ပီယံလိဂ်ဖိုင်နယ်ကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးဖြစ်သူ တာဂျီဟော့ဂ် က သူ့အနေနဲ့ အနီကတ်ပြခဲ့မိတာ မှားယွင်းတယ်လို့ အခုထိ ခံစားမိနေခဲ့ကြောင်း ပြန်ပြောင်းပြောလာခဲ့ပါတယ်။ ထိုစဥ်က အာဆင်နယ်ဟာ အုပ်စုအဆင့်မှာ အေဂျက်၊ စပါတာပရပ်နဲ့ သန်း အသင်းတွေကို ကျော်ဖြတ်လာခဲ့ပြီး ရှုံးထွက်အဆင့်တွေမှာလည်း ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်စ်၊ဗီလာရီးရဲ တို့လို ထိုစဥ်က ဒိတ်ဒိတ်ကျဲဆိုတဲ့ အသင်းတွေကို ဖြုတ်ချကာ ဖိုင်နယ်ကို တက်ရောက်လာခဲ့တာပါ။

ဒါပေမယ့်လည်း ဖိုင်နယ်မှာ အာဆင်နယ်အသင်းရဲ့ဂိုးသမား ယန်းလေးမန်းက ဘာစီလိုနာရှေ့တန်းလူ ဆင်မြူရယ်အီတူးကို ဂိုးဧရိယာအပြင်မှာ လျှောထိုးဖြတ်ထုတ်တာကြောင့် အနီကတ် အပြခံခဲ့ရပြီး ပွဲအစ ၁၈မိနစ်မှာတင်ပဲ အာဆင်နယ်က တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။

နော်ဝေဂျီယန်သတင်းစာနဲ့ အင်တာဗျူးမှာ ဒိုင်လူကြီး တာဂျီဟော့ဂ်က ကျွန်တော်ချက်ခြင်း အနီကတ် ပြခဲ့တာပါ။ တကယ်တော့ အချိန်နည်းနည်းယူပြီး ဆုံးဖြတ်ခဲ့သင့်ပါတယ်။ ဂိုးပေးရင်ပေးလိုက်၊ မဟုတ်ရင်လည်း အဝါကတ်ပါပဲ။ ကျွန်တော့်အမြင်မှာလည်း အီတူးကို ထိသွားတယ်ထင်ခဲ့တာပါ။ ဒါကလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အခုချိန် ပြန်တွေးကြည့်ရင် ဒါဟာ အနီကတ်ပြသင့်လောက်တဲ့ ပြစ်ဒဏ်မျိုး မဟုတ်တာကို သိလာရပါတယ် ဆိုပြီး ဖွင့်ဟ လာခဲ့ပါတယ်။

အဆိုပါပွဲစဥ်မှာ အာဆင်နယ်အသင်းက တစ်ယောက်လျော့နဲ့တောင် ဘာစီလိုနာကို တစ်ဂိုးအသာနဲ့ ၇၆မိနစ်အထိ ကစားနိင်ခဲ့ပြီး ဖာဘရီဂတ်စ်ကို လူစားလဲပြီးနောက်မှာ ဘာစီလိုနာက သွင်းဂိုး ၂ဂိုး ဆက်တိုက် ရယူသွားခဲ့တာကြောင့် ၂ဂိုး၊ တစ်ဂိုးနဲ့ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ကာ ချန်ပီယံလိဂ်ဖလားနဲ့ ဝေးခဲ့ရပါတယ်။

Thanks for reading our content.

Advertisement

Leave a Reply

%d bloggers like this: