အာဆင်နယ်ကို  အထိနာစေခဲ့တဲ့ ကွင်းလယ်ဟာကွက်

ပါတေးတစ်ယောက်ထဲကို မှီခိုနေရတာအဆင်မပြေကြောင်း အာတီတာက ထုတ်ပြောလာခဲ့ချိန်မှာ  အာဆင်နယ်ကွင်းလယ်က ဟန်ချက်အတော်ပျက်နေခဲ့ပြီဖြစ်ပါတယ်။  အယ်နီနီဟာ မျှော်လင့်မထားနိုင်လောက်အောင် ခြေစွမ်းပြနိုင်ခဲ့တယ်ဆိုပေမယ့်  သူရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ပါတေးကစားဟန်တွေထဲက တစ်ခုဖြစ်တဲ့  Pass Accuracy နဲ့ Balancing  ကိုသာအတိုင်းအတာတစ်ခုထိ ဖြည့်တင်းနိုင်ခဲ့တာဖြစ်ပါတယ်။  အက်စတွန်ဗီလာနဲ့ပွဲမှာ  Body Balance Out နေရက်နဲ့   ဘယ်စွန်က တီယာနေးဆီကို  မျက်ကွယ်အနေအထားကနေ လုပ်ဆောင်ခဲ့တဲ့ ပါတေးရဲ့ ပေးပို့မှုမျိုး  အယ်နီနီဆီက မျှော်လင့်လို့မရနိုင်ပါ။  ပါတေးရဲ့  Transition  ကို အီဂျစ်သားဆီက မရနိုင်ပါ။ အဆုံးမှာတော့ ဘောလုံးမထွက်ခြင်းရဲ့ ဒဏ်ကို  အိုဒီဂတ်နဲ့ ဆာကာတို့က  ပူးတွဲခံစားခဲ့ကြရပြီး တိုက်စစ်ဟန်ချက်ကိုပါ ပျက်စီးခဲ့ပါတော့တယ်။

ပါတေးကို အာဆင်နယ်အားကိုးနေရတဲ့အချက်တွေထဲမှာ အရေးကြီးတာတစ်ခုပါဝင်ပါတယ်။ တဖက်နောက်တန်းက Block  တွေလုပ်ထားပြီဆိုရင်  တွဲဖက်ကစားသမားရဲ့  Dominant Position အတိုင်းကွက်တိရောက်အောင် ပေးပို့နိုင်ခြင်းဖြစ်ပါတယ်။ ဒီအချက်ဟာ  ဘောလုံးလက်ခံသူကို  Ready Position လုပ်ယူရတဲ့  ၁.၅ စက္ကန့်စာလောက်သက်သာစေပြီး တိုက်စစ်ဆင်မှုကို အကျိုးပြုနိုင်ပါတယ်။ 

ယနေ့မနက်သတင်းအရ  အာဆင်နယ်တို့ဟာ ကွင်းလယ်လူဖြည့်တင်းမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်းထွက်နေတဲ့သူတွေထဲမှာ  တိုင်လီမန်းစ် လဲပါဝင်နေပါတယ်။ သို့သော်  အာတီတာရဲ့ကစားပုံမှာ  အရေးကြီးတဲ့  Transitional Play ကို အကောင်းဆုံးလုပ်ဆောင်နိုင်မယ့်အထဲမှာ  ဘယ်လ်ဂျီယံသားပါဝင်နေရဲ့လားဆိုတာ သံသယဖြစ်စရာကောင်းပါတယ်။  မာကျောမှု နဲ့  အကွက်မြင်မှုတွေဟာ အာဆင်နယ်ကွင်းလယ်ရဲ့ အသက်ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ပျက်ယွင်းခြင်းဟာ အာဆင်နယ်အတွက်ပေးဆပ်မှုကြီးမားခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်တန်းကိုဦးစားပေးပြုပြင်ရင်း အသင်းက အရှိန်တစ်ခုရလာခဲ့ပါတယ်။ သို့သော် တိုက်စစ်မှာအဆင်မပြေချိန် ၊ အလယ်တန်းကလဲ​ဟန်ချက်ပျက်ချိန်မှာ  တီယာနေနဲ့ တိုမီယာစု မပါဝင်တဲ့နောက်  ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းကျမှုကိုပါ ပေါင်းထည့်လိုက်ပြီး အခြေအနေကဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

ထပ်ဆောင်းမျှော်လင့်ချက်ဖြစ်လို့  ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခြင်းက ပြဿနာမဟုတ်ဘူးဆိုပေမယ့်  ၊  ရည်မှန်းချက်ကို ကျော်လွန်အောင်မြင်ခြင်းကလဲ  ပြဿနာတစ်ရပ်မဟူတ်ခဲ့ပြန်ပါဘူး။

ဒါပေမယ့်လက်တလောထက်ရေရှည်ကို အာရုံစိုက်နေကြတာမို့ ဒီအခြေအနေကိုဘယ်လိုပြုပြင်မှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။   အာတီတာရဲ့ လုပ်ငန်းစဥ်ထဲမှာရော ဘယ်လိုတွေစီစဥ်ထားကြသလဲ ?   ပရိတ်သတ်တွေအတွက်တော့ စောင့်စားခြင်းသာရှိပါတယ်။​

Advertisement

Leave a Reply

%d bloggers like this: