တကယ်ကိုပဲ ပြောပြစရာစကားရှာဖို့ခက်ပါတယ် လို့ ရှာခါက စကားစခဲ့ပါတယ်။
နယူးကာဆယ်ကို ဂိုးပြတ်ရှုံးအပြီးမှာတော့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က သချာ်နည်းအရအသက်ရှိတာကလွဲရင် အားလုံးပြီးဆုံးသွားခဲ့ပါပြီ။
“ ကျွန်တော်ဘာတွေဖြစ်ခဲ့တယ်ဆိုတာရှင်းမပြတတ်ဘူးဗျာ .. ကျွန်တော်တို့ စီစဥ်ထားတဲ့အတိုင်းတစ်ခုမှမလုပ်ခဲ့ဘူး .. နည်းပြစကားကိုလုံးဝနားမထောင်ခဲ့ကြဘူး .. စွမ်းဆောင်ရည်က လုံးဝကို စိတ်ပျက်စရာကြီးဗျာ … ဒီခြေနဲ့က ချန်ပီယံလိဂ်တင်မကဘူး ယူရိုပါလိဂ်တောင်မကစားသင့်ဘူး “
“ တကယ်ပဲလက်ခံဖို့ခက်ခဲ ခဲ့ပါတယ် .. ဘာကြောင့် နည်းပြပြောတဲ့အတိုင်းမလုပ်ခဲ့ကြတာလဲဆိုတာ ခုထိနားမလည်ပါဘူး “ လို့ ဆိုခဲ့ပါတယ်။
အာတီတာဟာ အသင်းသားတွေကို ကာကွယ်ပေးလေ့ရှိသူဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတိုင်းမှာ တည်ငြိမ်သူဖြစ်ပါတယ်။ ယခုအခါမှာတော့ သူ့ရဲ့စိတ်ပျက်မှုကိုထုတ်ပြောလာခဲ့ပါတယ်။
အာဆင်နယ်တို့ ဘာဖြစ်သွားခဲ့တာလဲ? ကစားသမားလေးတွေရဲ့ Out of Composure Play ဟာ နယူးကာဆယ်နဲ့ ပွဲစပွဲဆုံး ပရိတ်သတ်တွေရရှိလိုက်တဲ့ လက်ဆောင်ဆိုး သာဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေမှာ ဂယ်ရီနဗီးကတော့ မှတ်ချက်တွေကို ပျော်ပျော်ကြီးကိုချနေခဲ့ပါတယ်။
” ဥရောပပွဲတွေ ကစားစရာမလိုဘူးဆိုတာထက်ကောင်းတဲ့ အခွင့်အရေးရှိလားဗျာ … ဒီနိုင်ငံမှာ အာဆင်နယ်က အသင်းကြီးမဟုတ်တော့ပါဘူး … ရတဲ့အခွင့်အရေးတွေကို မယူနိုင်ခဲ့တဲ့ အာတီတာအတွက် စိတ်ပူမိတယ် … သူတို့အတွက် တကယ်ဆိုးတဲ့ ညပါပဲ “ လို့ပြောလာခဲ့ပါတယ်။

ဂရန်းနစ်ရှာခါကတော့ ပွင့်ပွင့်လင်းလင်းပဲ အသင်းရဲ့အခြေအနေကိုပြောပြခဲ့သလို အသင်းက ကစားသမားအချို့ဟာလည်း စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှုမပြည့်ပဲဝင်ကစားခဲ့ကြပုံရပါတယ်။
” ခင်ဗျားဘယ်အသက်အရွယ်ဖြစ်ဖြစ်ဗျာ … စိတ်တအားလှုပ်ရှားနေတယ် အသင့်မဖြစ်ဘူးဆိုရင် အရံခုံသာထိုင်နေလိုက်ပါ .. မဟုတ်ရင်လဲအိမ်မှာနေပါ .. အသင်းအတွက် ဘောလုံးကစားမယ့် သူတွေပဲလိုပါတယ် .. ဒါကအရေးကြီးတဲ့ပွဲလေဗျာ “
အဲ့ဒီစကားတွေနောက်မှာတော့ တိတ်ဆိတ်သွားတဲ့အဝတ်လဲခန်းအကြောင်းပြောပြီး အင်တာဗျူးကို နှုတ်ဆက်ခဲ့ပါတယ်။ အာဆင်နယ်မှာ ဘာပြဿနာတက်နေလဲဆိုတာ တကယ်တော့ ရှည်ရှည်ဝေးဝေးကြည့်နေစရာမလိုပါဘူး။
အာဆင်နယ်ရဲ့ လူငယ်လေးတွေဆိုတာ စီနီယာတွေရဲ့ ကြားထဲကနေတိုးတက်လာရမယ့်သူတွေပါ။ အခုတော့ စီနီယာတွေမရှိရုံမကပဲ သူတို့ကပါပြန်ဦးဆောင်နေရတယ်ဆိုတာ ရုပ်ပျက်လှတဲ့ Squad Depth ဖြစ်ပါတယ်။
ဒီအကြောင်းကို အာဆင်နယ်နိုင်ပွဲဆက်နေစဥ်ကတည်းက ဆက်တိုက်ထောက်ပြသူတွေရှိပေမယ့်လည်း အသင်းကိုဆွဲချသွားမယ့်အဖြစ်ကို တကယ်ကြုံလာမှာကိုတော့ အားလုံးမပြင်ထားနိုင်ခဲ့ကြပါဘူး။ Risk ယူတယ်ဆိုတာ ဖြစ်လာနိုင်တဲ့အဆိုးတွေကို တွက်ဆပြီးလုပ်တာဖြစ်လို့ အခုကြုံခဲ့ရတာတွေဟာ အာဆင်နယ်တာဝန်ရှိသူတွေကြိုတွက်ထားပြီးသားလဲဖြစ်နိုင်ပါတယ်။ ပရိတ်သတ်တွေဖက်က ဝမ်းနည်းနေကြပေမယ့် သူတို့ကတော့ အေးဆေးလဲဖြစ်နေနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြာသာပတေးညတွေကို ပျော်ရွင်စွာလက်ခံခြင်းက လက်ရှိအနေအထားဖြစ်တယ်လို့ပဲဆိုရပါလိမ့်မယ်။