နည်းဗျူဟာတွေကို ချမှတ်တတ်တဲ့ မန်နေဂျာတစ်ယောက် ဖြစ်ဖို့ လိုပါတယ်  –  ပေါလ်မာဆင် 

ပေါလ်မာဆင်က မိုက်ကယ်အာတီတာကို  အနိုင်ရလဒ်တွေ လိုချင်တယ်ဆိုရင် တစ်ခါတစ်ရံမှာ အသင်းရဲ့ကစားဟန်ကို ပြောင်းလဲလိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်။  အာဆင်နယ်ဟာ လာမယ့်သီတင်းပတ်တွေမှာ နယူးကာဆယ်၊ အဲဗာတန်တို့နဲ့ရင်ဆိုင်ရဖို့ရှိနေပြီး ဒီပွဲစဉ်တွေဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အသက်တမျှအရေးပါတဲ့ ပွဲစဉ်တွေဖြစ်ပါတယ်။ 

စနေနေ့က တော့တင်ဟမ်ဟော့စပါးဟာ ဘန်လေကို ဟယ်ရီကိန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ထက် တစ်ပွဲပိုကစားကာ အဆင့်လေးနေရာကို ခေတ္တရယူထားပါတယ်။ 

 ဒါကြောင့် အာဆင်နယ်ဟာ အဆင့်လေးနေရာကို ပြန်လည်ရယူနိုင်ဖို့ မနက်ဖြန်မှာ  နယူးကာဆယ်ယူနိုက်တက်ကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်နေပါတယ်။ 

 ပေါလ်မာဆင်က  အာတီတာအနေနဲ့ သူ့ရဲ့ ကစားပွဲချဉ်းကပ်ပုံတွေကို ပြောင်းလဲခဲ့မယ်ဆိုရင် နယူးကာဆယ်ကို အနိုင်ရနိုင်တယ်လို့ ယုံကြည်နေပြီး အာတီတာအနေနဲ့ ပွဲစဉ်နဲ့  လိုက်လျောညီထွေတဲ့ နည်းဗျူဟာတွေကို ချမှတ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

  Sky Sportsရဲ့ အားကစားတင်ဆက်မှုမှာ မာဆင်က ခုလိုဆိုလာခဲ့ပါတယ်။ 

“သူ(အာတီတာ)ဟာ ပွဲတစ်ပွဲနဲ့ သင့်လျော်တဲ့ နည်းဗျူဟာတွေကို ချမှတ်တတ်တဲ့ မန်နေဂျာတစ်ယောက် ဖြစ်ဖို့ လိုပါတယ်။ တော့တင်ဟမ်ဟော့စပါးက တန်ပြန်တိုက်စစ်ဆင်တဲ့နေရာမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဆိုတာ အားလုံးသိပါတယ်။သူတို့ဟာ လီဗာပူးနဲ့ နှစ်ကြိမ် သရေကျအောင်ကစားနိုင်ခဲ့ပြီး မန်စီးတီးကို နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘာလို့ အာဆင်နယ်က လန်ဒန်ဒါဘီပွဲစဉ်မှာ ဘရိုက်တန်ကစားခဲ့တဲ့ ပုံစံမျိုး(ဘရိုက်တန်ကစပါးကို မာမာထန်ထန်နဲ့ ခံစစ်ကစားပြီး အနိုင်ရခဲ့တဲ့ ပုံစံမျိုး)နဲ့ စပါးကို မရင်ဆိုင်ခဲ့ရတာလဲ။ ဘာလို့ ဘောလုံးကို ငါတို့ မှန်မှန်ကန်ကန်နည်းလမ်းနဲ့ပဲ ဆော့မယ်၊ ဘောလုံးကို ဘောလုံးလိုပဲ ဆော့မယ်ဆိုပြီး ဆော့ခဲ့ရတာလဲ ကျွန်တော်နားမလည်ပါဘူး။” 

အာတီတာအနေနဲ့ စပါးနဲ့ပွဲစဉ်မှာ အသင်းကို အနိုင်ရအောင်မစွမ်းဆောင်နိုင်ခဲ့တာ မှန်ခဲ့ရင်တောင် ပြီးခဲ့တဲ့ အတိတ်ဟာ ပြန်လည်ပြင်ဆင်လို့မရတော့ပါဘူး။ အာတီတာပြောသလိုပဲ ကျွန်‌တော်တို့ ရှေ့ကိုပဲ ဆက်ကြည့်နေဖို့ လိုပါတယ်။ခုအချိန်ဟာ အပြစ်တင်နေဖို့၊ စိတ်ဓာတ်ကျနေဖို့အတွက် အချိန်မဟုတ်ပါဘူး။ 

အရေးကြီးတာက ကျွန်တော်တို့ဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်စွမ်းရှိနေဆဲပါပဲ။‌ဒီနေ့ညမှာတော့ ဘယ်လိုကံကြမ္မာမျိုးတွေ အမြှောက်တပ်သားတွေ ဖန်တီးနိုင်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရပါဦးမယ်။

Advertisement

Leave a Reply

%d bloggers like this: