ပွဲကြိုအင်တာဗျူး – “ ကျွန်တော်က နောက်ပြန်လှည့်ကြည့်တတ်တဲ့သူ မဟုတ်ပါဘူး” အာတီတာ 

နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်မီမှာ အာတီတာဟာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး မေးမြန်းလာခဲ့တဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ အာတီတာ‌ ဖြေကြားခဲ့တဲ့ အကြောင်းအရာအချို့ကို ကောက်နှုတ်ပြီး သင့်လျော်သလို ရေးသားဖော်ပြလိုက်ရပါတယ်။ 

အသင်းရဲ့ နောက်တန်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အပေါ် 

“ဒါ မေးခွန်းကောင်းပါပဲ။ဖြစ်နိုင်ရင်တော့ ဒီအချိန်တွေကို တတ်နိုင်သလောက် ဆွဲဆန့်ထားချင်တာပါ၊ဒါမှ သူတို့ ဒဏ်ရာကနေ ဘယ်လိုပြန်သက်သာနေတယ်၊ဘယ်လိုခံစားနေရတယ်၊ ဘယ်အချိန် ဘယ်ကစားနိုင်မယ်ဆိုတာ ပို သိရမှာပါ။ မနက်ဖြန်ကျရင် သူတို့အကြောင်း ပိုသိရဖို့ ရှိပါတယ်” 

ဒဏ်ရာနဲ့ ပတ်သက်ပြီး သတင်းမျှော်‌နေမိတဲ့ ကစားသမားတွေ ရှိလား 

“ရှိပါတယ်၊ ဘန်ဝှိုက်နဲ့ ဂါဘရီယယ်ပါ” 

လန်ဒန်ဒါဘီရှုံးပွဲနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ချင်လဲ 

“ကျွန်တော် ရှေ့ကိုပဲ ကြည့်ပါတယ်။ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံတော့ ကျွန်တော်ပြောခဲ့ပါတယ် ၊ ကျွန်တော် ရှေ့ကိုပဲ ဆဆက်ကြည့်နေတယ၊ ကျွန်တော်တို့ရှုံးခဲ့တယ် ၊စိတ်ပျက်ခဲ့ရတယ်၊ ဒီလောက်ပါပဲ၊ စိတ်ဒဏ်ရာတွေကို ပြန်သက်သာလာအောင် စောင့်နေဖို့ အချိန်မရှိပါဘူး။ တနင်္လာနေ့မှာ နယူကားဆယ်နဲ့ အရမ်းအရေးကြီးတဲ့ ပွဲတစ်ပွဲကစားရဦးမယ်၊ ကျွန်‌တော်တို့ ခွန်အားတွေအားလုံးကို ဒီပွဲစဉ်အပေါ်ကိုပဲ ပုံအောထားရမှာပါ (နောက်ပြန်ကြည့်ပြီး ၀မ်းနည်းနေဖို့ အချိန်မရှိပါဘူး)” 

ကွန်တီရဲ့ ပွဲအပြီး မှတ်ချက်တွေအပေါ် 

“ နယူးကာဆယ်နဲ့ ပွဲကိုပဲ ကျွန်တော် လုံး၀အာရုံစိုက်ထားပါတယ်” 

စပါးကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ ကစားပုံအပေါ် ဘယ်လို မှတ်ချက်ပေးမလဲ 

“ကျွန်တော်တို့ ကစားပွဲကို တကယ်ကို ကောင်းကောင်းနဲ့ စတင်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ပထမဂိုးခွင့်ပြုလိုက်ရပြီးနောက် ဒီလိုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး၊ အသိသာဆုံးကတော့ ပွဲအပြီးမှာတော့ ကျွန်တော်တို့အတွက် တကယ်ကို လက်ခံဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကစားသမားတွေကို ကျွန်တော်ပြောခဲ့ပါတယ်၊ ဒီလိုအခြေအနေကို သူတို့တုံ့ပြန်ခဲ့တဲ့ ပုံစံနဲ့ ပတ်သက်ပြီး အရမ်းကို ဂုဏ်ယူခဲ့ရပါတယ်။ ဒါပေမယ့် ရလဒ်ကိုတော့ စိတ်ပျက်ခဲ့ရပါတယ်။” 

စပါးနဲ့ ပွဲစဉ်က ရှုံးပွဲဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘ၀မှာ အနိမ့်ကျဆုံး အခိုက်အတန့် ဖြစ်ခဲ့သလား ဆိုတဲ့ အပေါ် 

“ဒါဟာ နောက်ထပ် စိတ်ပျက်စရာ အခိုက်အတန့်တစ်ခုပါပဲ။ ဒါဘီပွဲစဉ်တစ်ခုကို ရှုံးနိမ့်ရတာဟာ အမြဲတမ်း နာကျင်စရာ ကောင်းပါတယ်။ အထူးသဖြင့် ကောင်းကောင်းကစားနိုင်ခဲ့ပြီးမှ ခုလို ရှုံးနိမ့်ရတာဟာ တော်တော်လေး နာကျင်ရပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲကနေ ကျွန်တော်တို့အများကြီး သင်ယူခဲ့ရပါတယ်။ တစ်ခါတစ်လေ နိုင်ပွဲတွေထက် ရှုံးပွဲတွေကနေ သင်ခန်းစာပိုရတတ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ ဒီလိုအခိုက်အတန့်တွေကို ကြုံတွေ့ရတာဟာ ကောင်းပါတယ်” 

လန်ဒန်ဒါဘီရှုံးပွဲကြောင့် ကစားတွေရဲ့ ယုံကြည်မှုတွေ ထိခိုက်ထားနိုင်တဲ့အပေါ် 

“ဒါက ဖြစ်နိုင်ချေတစ်ခုပါပဲ၊ ဒါပေမယ့် ဒီနေ့မှာပြန်ပြီး ကျွန်တော်တို့ အသင့်ပြန်ဖြစ်နေရမယ်ဆိုတာ အားလုံး သိပါတယ်။ ကျွန်တော်တို့ ဒါကို အတူဖြတ်သန်းခဲ့ကြတယ်၊ အတွေ့အကြုံတွေ ရခဲ့တယ်၊ ဒီအတွေ့အကြုံတွေက တနင်္လာနေ့မှာ ကျွန်တော်တို့ကို ပြန်ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်” 

နယူးကာဆယ်ကို သူတို့ရဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့်အပေါ် 

“ဒါက ပရီးမီးယားလိဂ်ပါ။ ဒီလိဂ်မှာ အဝေးကွင်းပွဲစဉ်တွေသွားကစားပြီး အတွေ့အကြုံတွေ ရနိုင်တာဟာ တကယ်ကို ကောင်းပါတယ်။ မင်းသာ ဘောလုံးသမားတစ်ယောက်ဆိုရင် ဒီလိုပွဲစဉ်မျိုးကို ကြုံတွေ့ပြီး မှန်မှန်ကန်ကန်နဲ့ အတွေ့အကြုံယူချင်မှာပါ။ဒီလို အတွေ့အကြုံမျိုးကို ရခဲ့တာဟာ တကယ်‌ကံကောင်းတယ်လို့လည်း ခံစားမိမှာပါ”

Advertisement

Leave a Reply

%d bloggers like this: