နောက်ဆုံးရ အာဆင်နယ် သတင်းများ (15May)

ဂျေးဆူသတင်းကို အတည်ပြုပေးနေကြတဲ့ နာမည်ကျော်သတင်းထောက်များ

နောက်ထပ်နာမည်ကြီးသတင်းထောက်တစ်ယောက်ဖြစ်တဲ့   ဒေးဗစ်အွန်းစတိန်းကလည်း သတင်းတွေဆက်တိုက်ထွက်နေတဲ့  မန်စီးတီးတိုက်စစ်မှုးဂျေးဆူကို ခေါ်ယူရေးအတွက်ကို    အတည်ပြုပြောကြားလာခဲ့ပါတယ်။  ဖေဘရီဇီယိုရိုမာနို  အပါအဝင် သတင်းဌာနအတော်များများက  ဂျေးဆူအတွက် ဆွေးနွေးမှုတွေဟာ တိုးတက်နေပြီလို့ပြောဆိုနေကြတာဖြစ်ပါတယ်။   နောက်ဆုံးရရှိတဲ့သတင်းများအရ စီးတီးဖက်က သန်း ၅၀နဲ့ ၆၀ကြားအလိုရှိနေတယ်လို့ သိရပါတယ်။

ကွန်တီကို ဘာတုန့်ပြန်မလဲမေးတော့   နယူးကာဆယ်ပွဲပဲ ခေါင်းထဲရှိတယ်လို့   အာတီတာပြန်ဖြေ

စပါးနည်းပြကွန်တီရဲ့  ကိုယ့်အလုပ်ကိုယ်သာ ဂရုစိုက်ဖို့ပြောဆိုမှုကို ဘယ်လိုတုန်းပြန်ချင်လဲမေးတဲ့အခါ  အာတီတာက  နယူးကာဆယ်ပွဲအကြောင်းပဲခေါင်းထဲရှိတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

 “  စပါးပွဲပြီးသွားကတဲက  ရှေ့ဆက်ဖို့ပဲအာရုံစိုက်နေခဲ့တာပါ ..  ကျွန်တော်တို့ရှုံးပွဲကြုံခဲ့တယ်  ရလဒ်အပေါ်မှာ မကျေနပ်ခဲ့ကြဘူး ..  ဒါပေမယ့်  ကျွန်တော်တို့မှာ ကစားစရာပွဲကြီးပွဲကောင်းရှိနေပါတယ်  .. ဒီအတွက်ပဲ  ကျွန်တော်တို့ရဲ့ စွမ်းအင်တွေကို အသုံးချနေပါတယ် “  ဆိုပြီး  စပါးပွဲအကြောင်းမေ့လိုက်ပြီဆိုတဲ့သဘောမျိုးနဲ့ပြောကြားသွားခဲ့ပါတယ်။

Advertisements

ရစ်ချာလီဆန်ကို အာဆင်နယ်ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိကြောင်း  နာမည်ကျော်သတင်းထောက်သုံးသပ်

အီဒူးနဲ့  နာမည်ကျော် အေးဂျင့်  ဂျော်ရတ်ချီယန်ရဲ့ ဆက်ဆံရေးကြောင့်  အဲဗာတန်တိုက်စစ်မှုး ရစ်ချာလီဆန်ကို  အာဆင်နယ်တို့ ခေါ်ယူဖွယ်ရှိကြောင်း  အားကစားသတင်းထောက် ဒန်ဂျုံးစ်က ခန့်မှန်းပြောဆိုလာပါတယ်။  ဂျောရတ်ချီယန်ဟာ  အဲဗာတန်အသိုင်းအဝိုင်းနဲ့ နီးစပ်သူလည်းဖြစ်သလို   အာဆင်နယ် ဒါရိုက်တာ အီဒူးနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိထားတာကြောင့်   တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်တို့အတွက် ရစ်ချာလီဆန်ဟာ ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်တယ်လို့ သုံးသပ်သွားတာဖြစ်ပါတယ်။

အာဆင်နယ်အသာရဆဲဖြစ်တယ်လို့  စပါးကစားသမားပြောကြား

စပါးအသင်းရဲ့ ကစားသမား ဆက်ဆက်ဂနွန်ကတော့ အာဆင်နယ်အသင်းဟာ   ထိပ်ဆုံး  ၄ သင်းဝင်ဖို့အသာရနေဆဲဖြစ်ကြောင်းထုတ်ပြောလာခဲ့ပြီး  ဘန်လေနဲ့ပွဲမှာ ပေါက်ကွဲပြမယ်လို့ ဆိုလာခဲ့ပါတယ်။  

“ အာဆင်နယ်က အသာရနေဆဲပါ။ သူတို့လက်ထဲမှာ  ၁ မှတ်ရှိနေပါတယ်။  ကျွန်တော်တို့က လောလောလတ်လတ်သူတို့ကို နိုင်ပွဲရထားတာကြောင့် အခြေအနေကောင်းတယ်လို့ ပြောနိုင်ပေမယ့်  ဒီကိစ္စက ပြီးသွားပါပြီ။    ဘန်လေနဲ့ပွဲကို အာရုံစိုက်တာသာ အကောင်းဆုံးဖြစ်တယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

အာဆင်နယ်ပါးပါးလေးအသာရနေတဲ့ စူပါကွန်ပျူတာရဲ့ တွက်ချက်မှု

အဆင့် ၄ နေရာအတွက်  စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ  အာဆင်နယ်အသင်းကို အနဲငယ် အလေးပေးထားကြောင်း  The Sun  သတင်းစာကဖော်ပြလာပါတယ်။  အဆိုပါတွက်ချက်မှုမှာ  အာဆင်နယ်က  ၅၄ %  နဲ့  စပါးအသင်းက  ၄၆  % ကိုယ်စီရှိနေကြတာဖြစ်ပါတယ်။  စူပါကွန်ပျူတာရဲ့ ရာသီအစပိုင်းတွက်ချက်မှုတွေမှာ  အာဆင်နယ်အသင်းရဲ့ ရပ်တည်မှုဟာ ဇယားအလယ်လောက်မှာသာရှိခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလို ထိပ်ပိုင်းကိုရောက်လာတာလဲဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: