တကယ်သာ အမှားလုပ်ထားရင် အရင်ဆုံးဝန်ခံမှာ ကျွန်တော်တို့ကိုယ်တိုင်ပါ – ရမ်းစ်ဒေလ်း

၁၅မိနစ်အတွင်းမှာ ကွင်းလယ်ဒိုင်ဟာ အိမ်ရှင်အသင်းကို ပင်နယ်တီတစ်လုံးခွင့်ပြုပေးခဲ့ပြီး ရော့ဘ်ဟိုးလ်ဒင်းကိုပါ ထပ်မံထုတ်ပယ်လိုက်တာဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။‌ ညက စပါးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်နဲ့VARရဲ့ ဆုံးဖြတ်ချက်တွေက အတော်လေးကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ 

ဒီလိုမျိုးဆုံးဖြတ်ချက်တွေကြောင့် ဒီပွဲစဉ်ရဲ့ အရှုံးရလဒ်ဟာ တကယ်ကို လက်ခံဖို့ ခက်ခဲတယ်လို့ ရမ်ဒေးလ်က ပြောပြလာခဲ့ပါတယ်။ 

သေချာတာပေါ့ဗျာ၊ ကျွန်တော်တို့ ဒီကို ဒီလိုရလဒ်မျိုးရဖို့ လာခဲ့တာမဟုတ်ဘူးဆိုတာ အထင်အရှားကြီးပါပဲလို့ ရမ်ဒေးလ်က ပွဲပြီးဆုံးချိန်မှာ အာဆင်နယ်မီဒီယာကို ပြောပြလာခဲ့ပါတယ်။ 

ကျွန်တော်တို့ ရမှတ်၃မှတ်အတွက်လာခဲ့တာပါ။ ဒါပေမယ့် ဒီညမှာ ကြီးကြီးမားမားဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့ပါတယ်။” 

ကျွန်တော် replays တွေကိုတော့ မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက ရိုးသားကြတဲ့ ကစားသမားတွေပါ။တကယ်လို့ replays တွေပြန်တွေ့ခဲ့ရပြီး ဒါကပင်နယ်တီဖြစ်တယ် ၊ ဒါက ကစားသမားထုတ်ပယ်ရမှာ ဖြစ်တယ်ဆိုတာ ထင်ရှားရင် ဒါကို ကျွန်တော်တို့က ပထမဆုံး ၀န်ခံမယ့်သူတွေပါ။ ဒါပေမယ့် ဖျတ်ခနဲ့ မြင်လိုက်ရပြီးချိန်မှာ (ကွင်းလယ်ဒိုင်ရဲ့) ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့ပါတယ်။ အဲ့ဒီအချိန်က စပြီး ပြိုင်ပွဲဟာ တကယ်ကို ခက်ခဲခဲ့ပါတယ်” 

ဂိုးမရှိ သရေကျနေတုန်းက ကျွန်တော်တို့ အေးအေးဆေးဆေး ကစားနေနိုင်တာကနေ အချိန်တိုလေးအတွင်းမှာ အများကြီး ဖြစ်ပျက်သွားခဲ့ပြီး ()ဂိုးဆိုတဲ့ ရလဒ်ဖြစ်သွားခဲ့ပါတယ်” 

တကယ်လို့ ချေပဂိုးတစ်ဂိုးသာ ပြန်လည် သွင်းယူနိုင်ခဲ့မယ်ဆိုရင် စိတ်ဓာတ်တွေ ပြန်တက်ကြွလာပြီး ကျွန်တော်တို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရှိလာမှာ ဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ဒုတိယပိုင်းအစမှာပဲ နောက်ထပ် တစ်ဂိုးခွင့်ပြုလိုက်ရပြီး ကျွန်တော်တို့ ရှုံးနိမ့်သွားခဲ့ရပါတယ်” 

ပွဲအပြီးမှ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အာတီတာကို မေးမြန်းခဲ့ရမှာတော့ ကျွန်တော့်စိတ်ထဲ ရှိတဲ့အတိုင်းသာ ဖြေရရင် ခြောက်လလောက်ပွဲပယ်ခံရလိမ့်မယ်လို့ပဲ ပြန်တုံ့ပြန်သွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အသင်းရဲ့ ရှုံးနိမ့်ခဲ့မှုမှာ ကိုယ့်အသင်းရဲ့ အားနည်းချက်တွေလည်း ခဏခဏ ပါသလို  ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေနဲ့VARတို့ရဲ့ ဆုံးဖြတ်မှုတွေကလည်း ဘောလုံးပရိသတ်တွေအတွက် အမြဲဝေဖန်စရာ တစ်ခုဖြစ်လာနေပါပြီ။

Advertisement

Leave a Reply

%d bloggers like this: