နောက်ဆုံးရ အာဆင်နယ် သတင်းများ (13May)

ဆွန်ဟောင်မင်ကို ဟိုးဒင်း မထိန်းနိုင်ခဲ့ကြောင်း အီယန်ရိုက်ပြောကြားလာ

ဂန္တဝင်ကြီး အီယန်ရိုက်ကတော့  အာဆင်နယ်ကစားသမား ဟိုးဒင်းအနေနဲ့ စပါးတိုက်စစ်မှုးဆွန်ကို  မထိန်းနိုင်ခဲ့ကြောင်း သုံးသပ်ပြောကြားလာခဲ့ပြီး အနီကတ်ကလည်းထိုက်တန်ကြောင်း မှတ်ချက်ပြုလာခဲ့ပါတယ်။

“  ဟိုးဒင်းက ဆွန်ရဲ့ ပြေးအားနဲ့အမြန်နှုန်းကို အတော်လေးလန့်နေခဲ့တာပါ .. ဟိုးဒင်းက အခြေအနေကို ထိန်းနိုင်ဖို့ တောက်လျှောက်ကြိုးစားနေခဲ့တယ် ..  အချိန်တစ်ခုအကြာမှာတော့ စိတ်လျှော့လိုက်တာပိုကောင်းတယ်ဆိုတာကိုပဲ မြင်ရပါတယ်  …  ပြီးတော့ အနီကတ်အတွက်လဲ စောဒကတက်ဖို့မလိုပါဘူး  .. ညာခြမ်းဟာ ကျွန်တော်တို့အတွက် တကယ့်ပြသနာပါ … သူတို့နှစ်ယောက်က လိုက်ဖက်ညီမှုကိုမရှိတာပါ (ဆွန် vs ဟိုးဒင်း)  … ဟိုးဒင်းဘယ်လိုဖြစ်နေတယ်ဆိုတာ အမြင်ပဲမဟုတ်လား  “ ဆိုပြီးဝေဖန်လာခဲ့တာဖြစ်ပါတယ်။

အိုဆီမန်အတွက် စပါးနဲ့ မန်ယူကလည်းကြိုးပမ်းမှာဖြစ်တယ်လို့  အီတလီသတင်းစာဖော်ပြ

အီတလီသတင်းစာ ll Mattino ရဲ့တင်ဆက်မှုအရ  နာပိုလီတိုက်စစ်မှုး အိုဆီမန်ကို  စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း အပြိုင်စိတ်ဝင်စားလာကြတာဖြစ်လို့  အာဆင်နယ်အတွက်ခက်ခဲနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ  ယခုရာသီမှာ ခြေစွမ်းကောင်းတွေပြသလျှက်ရှိပြီး သန်း ၉၀ ခန့်တန်ကြေးရှိနေသူလဲဖြစ်ပါတယ်။ ကစားသမားကတော့ အဂ်လန်မြေကိုပြောင်းရွှေ့ကစားလိုနေတယ်လို့ သိရပါတယ်။

အာဆင်နယ်လူငယ်တွေကို ချီးကျူးတဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ် ကတော့ လက်ရှိ အာဆင်နယ်ရဲ့ လူငယ်တစ်သိုက်ကို အားရနေပြီး သူသဘောကျ​တဲ့ ကစားသမားလေးယောက်ကို London World နဲ့ အင်တာဗျူးမှာ ခုလိုပြောပြခဲ့ပါတယ်။ ‘

ကျွန်တော် သဘောကျတာ ၃ယောက်၊ ၄ယောက်လောက် ရှိတယ်ဗျ။ တခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေရသလိုပါပဲ။ ဆာကာ၊ စမစ်ရိုး၊ အိုဒီဂတ်နဲ့ မာတင်နယ်လီတို့ကို သဘောကျပါတယ်။ အက်ဒီကလည်း ဂိုးတွေသွင်းလာနိုင်လို့ သူ့ကိုယ်သူယုံကြည်မှုရှိပြီး ပိုကောင်းလာမှာပါ။ ပြီးတော့ အိုဒီဂတ်က အာဆင်နယ်ရဲ့အသင်းခေါင်းဆောင်ဖြစ်လာသင့်တယ်လို့ ထင်ပါတယ်။ လူငယ်ကစားသမားတိုင်းဟာ အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲတွေ ကစားခွင့်ရဖို့လိုနေပြီး အာဆင်နယ်က ဒီအခွင့်အရေးကို ပေးနေတာပါ။ ဒါဟာ စီးပွားရေးအရရော ဘောလုံးအရပါ အမြတ်ထွက်တဲ့ကိစ္စပါ လို့ ချီးကျူးပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ ဒိုင်တွေအပေါ်စောဒကတက်မှုကို ကွန်တီက နာမည်တပ်ပြီး ဝင်ရောက်မှတ်ချက်ပြု

စပါးနည်းပြ ကွန်တီက အာတီတာကို အလွန်စောဒကတက်သူအဖြစ်မှတ်ချက်ပြုခဲ့ပြီး ၊ အခုလိုပြောနေတာမျိုးထက်အသင်းအပေါ်ကိုပဲ အာရုံစိုက်သင့်ကြောင်း ပြောဆိုလာပါတယ်။

“  သူ့အနေနဲ့အလုပ်ကိုသာအာရုံစိုက်သင့်တယ်ဗျာ  .. သူက သိပ်တော်တဲ့လူတစ်ယောက်ပါ … အမြဲတန်းအခုလိုမျိုးတွေကြားနေရတာက သိပ်မကောင်းပါဘူး “ ဆိုပြီး ပွဲအပြီးမှာဝေဖန်လာတာဖြစ်ပါတယ်။  သို့သော် အာတီတာဖက်ကတော့ ဒိုင်လူကြီးတွေနဲ့ပတ်သတ်ပြီးထောက်ပြမှုပြုလုပ်ခဲ့တာဖြစ်ပြီး  ကွန်တီကို နာမည်တပ်ဝေဖန်ခြင်းတော့ မရှိခဲ့တာတွေ့ရပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  ရှိသမျှငွေစပါးကို ပုံအောပြီးလောင်းမယ်ဆိုတဲ့ ဂယ်ရီနဗီးလ်

မန်ယူကစားသမားဟောင်းဂယ်ရီနဗီးလ်ကတော့   ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာ စပါးအသင်းသာဖြစ်ကြောင်း အခိုင်အမာပြောဆိုလာပါတယ်။ 

“  တော်တင်ဟမ်အသင်းကပဲ  ဘန်လေကိုနိုင်ပါလိမ့်မယ် … အာဆင်နယ်ကတော့ လက်ကျန် ၂ ပွဲကို နိုင်အောင်ကန်ရမှာပါ။  ကျွန်တော်ကတော့ မထင်ပါဘူးဗျာ .. ဒီညမှာလဲ မြင်ခဲ့ကြတာပဲမလား .. ကျွန်တော်မှားရင်လဲ မှားမှာပေါ  …ဒီနှစ်သင်းကြားမှာ ကျွန်တော်က ကြားနေပါပဲ .. ဒါပေမယ့် အခုအချိန်မှာပြောရရင်တော့  ရှိသမျှပိုက်ဆံစပါးဖက်ကပဲ ပုံအောပြီးလောင်းလိုက်တော့မှာပါ “  ဆိုပြီး  စပါးအသင်းဖက်ကို အလေးသာကြောင်းပြောဆိုလာတာဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: